Pages

Saturday, April 9, 2011

မင်းရဲ့နှလုံးသားတခြမ်းဖြစ်နေတဲ့ ငါ


♥မင်းရဲ့နှလုံးသားလေးတခြမ်းဖြစ်နေတဲ့ ငါ .....
ချစ်သူရဲ့နှလုံးသားလေးထဲ ခိုဝင်
ညိတွယ်နေတဲ့ ငါ့ရဲ့အချစ်♥[ Please click me  tender ]

ချစ်သူရေ ..........

တရွေ့ရွေ့နဲ့ တိမ်တိုက်တွေ
ငါ့ရှေ့နားကနေပျောက်ကွယ်လွင့်ပျ
ယ်သလို....
နှင်းမှုန်တွေ နှင်းခဲေ
တွ အရည်ပျော်ကျ ပျောက်ကွယ်သလို....
မိုးစက်လေးတွေ နွေအရိပ်ကိုမြင်တော့
သဘာဝအတိုင်း  နောက်ချန်နေပေးရသလို
နွေဟာလည်းဆောင်း နှင်းမြူမှုန့်လေးတွေကိုမြင်တော့
နွေရဲ့ပူလောင်ခြင်းကို ရပ်တန့်လိ
ု့
အေးမြတဲ့ဆောင်းကို နှစ်သက်စွာ လက်ခံလိုက်သလို
မင်း ငါ့ အပေါ်  ချစ်တဲ့ အချစ်တွေကို
လည်း
ငါ မြင်လိုက်ရတယ်ချစ်သူရယ်....................။


ချစ်သူရယ်.............
မင်းလည်း ငါ့ဘ၀ထဲကို  မိုးစက် မိုးပြေးလေးလို
တခဏသာ ရောက်လာခဲ့ပြီး
နောက်ဆုံးတော့ ပျောက်ကွယ်သွားတော့မယ်ဆိုတာ
ငါ ခံစားသိရှိလိုက်ရပါတယ် ငါ့အချစ်
ရယ်.....။

ချစ်သူရေ .......
မင်းနဲ့ဝေးရာမှာ ငါနေရပေမယ့်
ငါကချစ်သူရဲ့ရင်ဘတ်ထဲက နှလုံးသားတခြမ်းဆိုတော့
ချစ်သူရဲ့ ပြောင်းလည်းသွားတဲ့  စိတ်တွေကို
နမိတ်ပုံတွေ ဖော်ဆောင်သလို  မြင်မိ
ပါတယ် ငါ့အချစ်ရယ်....။

ချစ်သူရေ .......

ငါအခု မပျော်နိုင်ပါဘူး
ငါကပန်းလေးဆို မင်းက မညာတာတဲ့  မိုးပြင်း
မုန်တိုင်းရိုက်ခတ်သလို
ချစ်သူဖြစ်တဲ့ မိုးပြင်း
မုန်တိုင်းရိုက်ချက်ကြောင့်
ပန်းလေးဖြစ်တဲ့
ငါ
ကြေမွနေပြီလေ ငါ့ အချစ်ရယ်။


ချစ်သူရေ .......
မင်းနဲ့ငါရဲ့တွေဆုံခြင်းက သဘာဝအတိုင်း  တွေဆုံခဲ့တာ
ငါ့ဆီကို မင်းရောက် ရှိလာပုံက မိုးပြေးလေးလို
ခဏလေးတွေ့ခဏလေး ပျောက်ကွယ်ခဲ့တာနော်
မင်းရဲ့နှလုံးသားတခြမ်းဖြစ်တဲ့ငါ
က
မင်းထားရာနေစေရာသွား
မင်းပျော်ရင်ငါမြူး
မင်းနွမ်းရင်လာရင် ငါစိတ်ပင်ပမ်း
ချစ်သူကိုချစ်တတ်တဲ့ငါက
ချစ်သူရဲ့စိတ်နှလုံးသားကို .
အရာရာတိုင်းအတွက်
သိ၊မြင်၊ခံစား ..နားလည် နေတယ် ငါ့အချစ်ရယ်.........။

ချစ်သူရေ .......

ငါ့အချစ်ဖြစ်တဲ့ မင်းက မင်းရဲ့နှလုံးသားတခြမ်းဖြစ်နေတဲ့
ငါကို မင်းမလိုအပ်တော့ နောက်ထပ်
နှလုံးသားအသစ် အစားထိုးတော့မှာကို
ချစ်သူရဲ့နှလုံးသားလေးထဲ  ခိုဝင်
ညိတွယ်နေတဲ့
ငါ့ အချစ်တွေက ခံစားသိရှိလိုက်ချိန်မှာ
ငါနှလုံးသားလေး ကြေကွဲ သေဆုံးသွား
ပါတယ် ငါ့အချစ်ရယ်...။

ချစ်သူရယ် .......
...........
ငါ့ အသည်းနှလုံးလေး ခု........မင်းရဲ့အချစ်ကြောင့်
ငိုကြွေး
ရတာ နာကျင်ရတာများတော့
ငါ့အသည်းနှလုံးလေး ဖျားနာနေပြီ
ငါ သေဆုံးတော့မယ်ချစ်သူရယ်။...။







4 comments:

  1. လာလည်ခဲ့ပါတယ်နော် (မင်းရဲ့နှလုံးသားတခြမ်းဖြစ်နေတဲ့ ငါ) ဆိုတဲ့ကဗျာလေးတောင်ဖတ်သွားပါတယ် အရမ်းကောင်းတာပဲ .....။

    ReplyDelete
  2. ကဗျာလေးလာရောက် ဖတ်သွားတဲ့အတွက် လေးစားပါတယ်။

    သူငယ်ချင်းလေး ကျန်းမာ ပျော်ရွှင်ပါစေ.........

    ReplyDelete
  3. မင်းရဲ့နှလုံးသားတခြမ်းဖြစ်တဲ့ငါ က
    မင်းထားရာနေစေရာသွား
    မင်းပျော်ရင်ငါမြူး
    မင်းနွမ်းရင်လာရင် ငါစိတ်ပင်ပမ်း
    ချစ်သူကိုချစ်တတ်တဲ့ငါက
    ချစ်သူရဲ့စိတ်နှလုံးသားကို .
    အရာရာတိုင်းအတွက် သိ၊မြင်၊ခံစား ..
    နားလည် နေတယ် ငါ့အချစ်ရယ်.........။ (အရမ်းကောင်းပါတယ် မမရယ် ...... အားပေးခံစားသွားပါတယ်နော်.... မမ ပျော်ရွှင်ပါစေ ....)

    ReplyDelete
  4. ချစ်သူကိုချစ်တတ်တဲ့ငါက
    ချစ်သူရဲ့စိတ်နှလုံးသားကို .
    အရာရာတိုင်းအတွက် သိ၊မြင်၊ခံစား ..
    နားလည် နေတယ် ငါ့အချစ်ရယ်.........။

    အရမ်းကောင်းပါသဖြင့် အားပါးတရ ခံစားသွားပါကြောင်း...................

    ReplyDelete