Pages

Wednesday, April 27, 2011

♥ ဒဏ္ဍာရီလေးပုံပြင်လေး♥

.


♥ ဒဏ္ဍာရီလေးပုံပြင်လေး♥

မေ.....အချစ်
အကြင်နာအစစ် ရင်မှဖြစ်တည်
ရင်မှာနွေးထွေး  နှစ်ကိုယ်ကြားမှာ
ကြားလေသွေးလို့  မဝေးချင်တယ်
ခဏလေးပျော်   ခဏလေးပျောက်
ချစ်ခြင်းဆိုတာ   တွေ့သိခဏ
အိမ်မက်ပုံပြင်  ဒဏ္ဍာရီတစ်ပုဒ်
မဟုတ်ဘူးကွယ်.......................
နိုးတ၀က်နဲ့ အိပ်ပျက်ညတွေ
အတွေးနယ်လွန်   ချစ်သူထံပါး
စိတ်ကခစား  အရောက်သွားလည်း
ချစ်သူမောင်က   တစ်ခဏလေး
ရင်ခုန်တတ်သူ အပျင်းပြေဆော့ကစား
လေပြေလေးအလား နော့မြူချင်သူ
ချစ်ခြင်းကိုများ   ပျားပိတုန်းလို
ဝတ်ရည်သောက်သုံး   အားဖြည့်ချင်သူ
မင်းရဲ့အချစ်ခဏလေး  တွေ့
 ဒဏ္ဍာရီလေးဖြစ်နေတယ်......။

6 comments:

  1. အားပေးသွားပါတယ်ခင်ဗျာ

    ReplyDelete
  2. အားပေးမှု့ကိုကြည်နူး ပျော်၇ွှင်မိပါတယ်...

    ReplyDelete
  3. မမရေ လာဖတ်သွားပါတယ်ဗျာ

    ReplyDelete
  4. လာအားပေးတာကြည်နူး၏..... :P

    ReplyDelete
  5. အမရေ ..... လာဖတ်သွားပါတယ်။

    ReplyDelete
  6. အားပေးမှု့ကိုကြည်နူးပိတိဖြစ်၏......။

    ReplyDelete