Pages
Thursday, April 21, 2011
♥လွမ်း................................♥
လွမ်း...............စကားလုံးက  တစ်လုံးတည်းပါပဲ ငါ့ရင်တွေနွမ်း
မင်းကြောင့်အရာရာတိုင်း မြင်မြင်သမျှ ငါရင်လွမ်းစေ ငါ့ရင်ကျွမ်းစေ
လွမ်း.............
 မင်းနဲ့ဝေးမှ ငါလွမ်းနေတယ်ချစ်သူရယ်......
လွမ်း ...........စကားလုံးက တစ်လုံးတည်းပါပဲ  ငါခံစားရတာတော့
ရင်ဘတ်နဲ့တောင်မဆန့်ချင်တော့ဘူး မင်းနဲ့ ပတ်သက်သမျှ အရာရာက
 တိုက်ဆိုင်မှုရှိတိုင်း ငါ့ကို အသက်ရှူ ရပ်တန့်စေတယ်......
လွမ်း............စကားလုံးက တစ်လုံးတည်းပါပဲ ငါ့နှလုးံသား နာကျင်လှိုက်မော
ထိခိုက်သမျှ စိတ်နယ်လွန်ကာ မင်းကိုချစ်ခြင်း ကြင်နာခြင်းတွေ နာကျင်မှုတွေ
ဖြစ်တည်ပြောင်းလည်း အသက်ရှုတိုင်း  ငါလွမ်းနေတယ်ချစ်သူရယ်........
လွမ်း............စကားလုံးက တစ်လုံးတည်းပါပဲ
ငါ့ဘ၀ထဲကို ဖြတ်သန်းဝင်လာတဲ့ နင့်အကြောင်းကို  သိပ်မသိဘူး...
နင်နဲ့ ပတ်သက်တဲ့ နင့်အကြောင်း ကို သိပ်မသိဘူး...
ငါ့အတွက်တော့ အချစ်ဆိုတာ ပိန်ပါးပါး  နားရွက်ကားကားနဲ့  ချစ်စရာလူတစ်ယောက်ပေါ့.....
နင့်လက်တစ်ဖက်ကို ငါလိုချင်တယ် ....
ငါလွမ်းနေတယ်မင်းကို.
လွမ်း .....................စကားလုံးက တစ်လုံးတည်းပါပဲ
 မသိခြင်းတွေ ပေါင်းစုံစည်းပြီး
ချစ်ခြင်းတရား စီးမျောပျော်ဝင်
 ငါရင်ခွင်ထက် မင်းအချစ်တွက်
ဘ၀တစ်သက်စာ ကွန်းခိုနားရာ
လက်တစ်ဖက်မက ပေးထားတယ်
ချစ်ခြင်းအတိလွမ်းနေတယ်.............
နင်နဲ့ ငါနဲ့ က တစ်ယောက်တစ်မျိုး
နင်ဘ၀တွက်နင်ရွေးချယ်တဲ့ လမ်း  ကမှန်တယ် ...
လူ့ ဘ၀ဆိုတာ...
ကိုယ်နဲ့ တော်တဲ့ ဖိနပ်ကို စီးနေကြတာ...
 ငါဘယ်လောက်ဆိုးဆိုး ..
ဘာဖြစ်လဲ ..
အဲဒိနေ့ ညနေခင်းကလှတယ်..
နင်ကနင့်စာကို ဦးစားပေးလုပ်တယ် ...
နင်စာဘယ်လောက်လုပ်လုပ်..
ဘာဖြစ်လဲ..
အဲဒီနေ့က မ္ဘာကြီး လှတယ်...
မလှတာက ..
တို့ နှစ်ယောက်ရဲ့ မြစ်ဆုံရှုခင်း
နင်ကလည်း  နင့်အင်စတော်လေးရှင်းနဲ့ နင်
ငါကလည်း ငါ့ ပါဖော့ မာန့်နဲ့ ငါ...
ဘယ်သူ့ကို မှအပြစ်ယူလို့ မရပါဘူး ..
အခုလိုဖြစ်နေတာဟာ
ကဗျာတစ်ပုဒ်တော့ မဟုတ်လောက်တော့ ဘူး...
ဒီလိုလုပ် ...
ကံမကုန်ရင်တော့ ပြန်ဆုံကြရအောင်...
ပြန်မဆုံရင်တော့  ကံကုန်လို့ ပေါ့...
 ဖူးစာပါရင်တော့ ထွက်ပြေးလို့ မလွတ်ပါဘူး..
 ဖူးစာမပါရင်တော့  ..........................
လိုက်ဖမ်းနေလဲအပိုပဲ ။။။။
လွမ်း..............စကားတစ်လုံးကို ရင်မှာပွေ့ပိုက်
ငါသေတဲ့ထိ
 မင်းကိုချစ်လည်း ငါပုန်းတော့မယ်ငါ့အချစ်ရယ်..
ဒီ
ကဗျာကငါအသက်တစ်ဝက်
မင်းကငါ့နှလုံးသား ယုံကြည်ချက်မတူ ခံယူချက်ခြင်းစည်းတားထားလည်းး
ကဗျာမြစ်တစ်စင်းကို ပုံဖော်ထုဆစ် ငါလွမ်းသလို
မင်းလွမ်းစေအောင်ပုံဖော်ဆောင်လိ
ု့  အလွမ်းမြစ်တစ်စင်းခင်းပြမယ်
ငါ......လွမ်းနေတယ်ချစ်သူရယ်...
......
နီးစပ်မှုက မိုးနဲ့မြေကြီးဝေးကွာခြားပြီ
ဟိုးးးးးးဝေးဝေးမှနေ
ငါလွမ်းနေတယ်.....မေ့လိုမရ လွမ်းလက်စ အလွမ်း ရင်ထဲမှာတော့
အဝေးကနေလွမ်းသောင်ကမ်းမှာ ငါမျက်ရည်တွေအလွမ်းမြစ်ထဲကျေ
နတယ်
ငါလွမ်းလို့ပါချစ်သူရယ်........
.....
သွေးထဲ အသားထဲ မခံနိုင်စိတ်က အနိုင်ယူ လွမ်းနေရတာအလွမ်းခါးခါး
အနမ်းခါးတောင် ပါးပေါ်မရောက်ခင်
ငါလွမ်းသွားတယ်......
လွမ်း...................ဆိုတာ
စိတ်နဲ့ခန္ဓာ
လွမ်းတာနဲ့တင်သေနိုင်တာမို့
လွမ်းလို့လေ ငါလွမ်းနေလို့
ငါလွမ်းနေတယ်ချစ်သူရယ်..........။။။။။။။
မ..မ
မောင်လေး
ZM
15 comments:
  1. အားပေးသွားပါတယ်ခင်ဗျာ
    ReplyDelete
  2. အားပေးမှု့ကို အထူး လေးစားနေပါတယ်.......။
    ReplyDelete
  3. ထပ်တူ လွမ်းခဲ့ရပါကြောင်း
    ReplyDelete
  4. လွမ်း...............စကားလုံးက တစ်လုံးတည်းပါပဲ
    ReplyDelete
  5. လာဖတ်သွားပါတယ် မမရေ။
    ReplyDelete
  6. လာဖတ်တာကို အထူး လေးစားနေပါတယ်.......။
    ReplyDelete
  7. လွမ်းနေတဲ့ အချိန်မှာ အလွမ်းကဗျာလေးကို ဖတ်လိုက်ရတော့ ပိုလွမ်းသွားတယ်ဗျာ
    ReplyDelete
  8. လွမ်း...............စကားလုံးက တစ်လုံးတည်းပါ
ဲအလွမ်းမြစ်တစ်စင်းခင်းပြတာပါ.........။
    ReplyDelete
  9. လာရောက်ဖတ်ရှုသွားပါတယ်ခင်ဗျာ......
    မမ ပျော်ရွှင်အေးချမ်းပါစေ....
    (ဇော်ထက်နိုင်)
    ReplyDelete
  10. လာဖတ်တာကို အထူး လေးစားနေပါတယ်.......
    ကျန်းမာပျော်ရွှင်ပါစေ...........
    ReplyDelete
  11. အားပေးသွားပါတယ် မ.မ ရေ...
    ReplyDelete
  12. ကံမကုန်ရင်တော့ ပြန်ဆုံကြရအောင်...
    ပြန်မဆုံရင်တော့  ကံကုန်လို့ ပေါ့...
    ဖူးစာပါရင်တော့ ထွက်ပြေးလို့ မလွတ်ပါဘူး..
    ဖူးစာမပါရင်တော့  ..........................
    လိုက်ဖမ်းနေလဲအပိုပဲ ။။။။..................... (အမှန်တွေပါ မမရေ.......... အားပေးသွားပါတယ်နော် ....)
    ReplyDelete
  13. လွမ်း...................ဆိုတာစိတ်နဲ့ခန္ဓာ
    လွမ်းတာနဲ့တင်သေနိုင်တာမို့
    လွမ်းလို့လေ ငါလွမ်းနေလို့
    ငါလွမ်းနေတယ်ချစ်သူရယ်..........။။။။။။။
    မ...မ
    လွမ်းနေတဲ့ဘဝကလွက်ပါစေနော်....
    ReplyDelete
  14. မ...မ
    အားပေးသွားပါတယ်
    ReplyDelete