Pages

Tuesday, March 22, 2011

♥ခေါင်းစဉ်မရှိမျောလွှင့်ခြင်း♥



♥♥♥♥♥♥♥♥♥

ခေါင်းစဉ်မရှိမျောလွှင့်ခြင်း
ကာင်းကင်က တိမ်တွေ လေနှင်ရာလိုက်ပါရင်း
လမင်းကြီးခေါင်းအုံး ကြယ်လေးတွေစောင်ခြုံပြီး
စိတ်ရဲ့ ခြေရာတွေကို
အစိုင်အခဲတစ်ခုအဖြစ် သယ်ဆောင်လာရင်း
လွင့်မျောတတ်လွန်းတဲ့ .......
စိတ်.......ကဗျာစာ အစိုင်အခဲကို
မိုးတွေအဖြစ်ရွာချ တော့ နေမင်းကြီး ချောင်းကြည့်ချိန်မှာ
ငွေ့ရေဖွဲ့ပြီး ခံစားမှု့အတိုင်း မျောလွှင့်ကြတယ်...
စိတ်ရဲ့ခြေရာတွေကို စုတ်ချက်ပေးရင်း မြေဆွေး အဖြစ်နဲ့...
ကမ္ဘာကြီးပေါ် ကျန်ရစ်ခဲ့တယ်။

ကဗျာတွေသီ စာတွေစီပြီး
ငါချစ်တာ ပြောပြရရင်
ကမ္ဘာကြီး ထိုင်ငိုနိုင်တယ်
လမင်းကြီးကို တိုင်တည်ချိန်မှာ
ကြယ်လေးတလုံး ကြွေကျတယ်
အဲ့ဒီကြယ်လေးက ငါ့အသည်းနှလုံးပေါ့။။

0 comments:

Post a Comment