Pages
Friday, March 4, 2011
အွန်လိုင်းသူငယ်ချင်းများသို့
တယောက်တယောက်
မသိမမြင် စာပေချစ်ခင်
မငြိုငြင်ဖူး တူတူတွဲလို့ပျော်ဖူးတယ်
သူငို ငါချော့ ဖေးဖေးမမ
ဝေးနေသော်ငြား ရင်မှစေတနာ
မေတ္တာဝေဖြာ စာပေချစ်သူ
နှီးနှောကျွမ်းဝင် အားပေးဖော်ပေါ့ သူငယ်ချင်းရယ်
တနေ့တရက် ပျက်ကွက်ခဲ့ချိန်
စာကဗျာမတင် နေမှကောင်းလား
စိတ်ဝယ်ပူပင် စိုးရိမ်တတ်သူ
သူငယ်ချင်းရယ်
မင်းမတွေ့ငါမျှော် ငါ့မတွေ့မင်းမျှော်
ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
 ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်
တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်
 သိပ်ခင်မင်တဲ့ ဒီလိုသူငယ်ချင်း ဘယ်လိုပုံဟန်
 မသိမမြင်မတွေ့သော်ငြား ခင်မင်မှုမပျက်
သူငယ်ချင်းကောင်းပေါ့ သူငယ်ချင်းရယ်........
သူငယ်ချင်းချစ်သူ
ချစ်သူငယ်ချင်းလေး ဘယ်လိုဝေးဝေး
မကွဲစိတ်ထား စာပေနယ်မှာရှိပါတယ်။
စာတွေသီကုံး ကဗျာဆိုအချစ်ဆုံး
ရေးသမျှစာ ကွန်မန့်တွေပေး
အတွေးခက်လို့ အရေးပျက်ချိန်
စာကဗျာရေး ဂျစ်တိုက်တတ်တဲ့ သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်
ပြောဆိုသမျှ ပြန်မပြောငြား စိတ်ရှည်သည်းခံ စောင့်ဆိုင်းဟန်နဲ့
တိတ်တိတ်လေးပဲ   နေတော့မယ်နော်
ထမင်းစား ဆေးသောက် နေမှကောင်းလားစိတ်ဝယ်ပူပင်
စိုးရိမ်တတ်သူ ဒီလိုသူငယ်ချင်း
ဒီအွန်လိုင်းပေါ်ရှိပါတယ်
ပညာ ရာထူး ဂုဏ်တုဂုဏ်ပြိုင် မာနမရှိ
အသက် မကြည့် ကြီးသည် ငယ်သည် အမှုမထား
 ဝေးဝေးနီးနီး တွယ်ငြိ ရင်မှာ ဖြူစင်မှုထား
 ခင်မင်မှုနဲ့ ချစ်သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။
သူငယ်ချင်းတွေ မမြင်မသိ ဖေးမစောင့်ရှောက် ချစ်ခင်တွယ်တာ
 မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။
သူငယ်ချင်းလေးချစ်သူရယ် မင်းတို့အတွက် အမှတ်တရ
စာတွေသီကုံး ကဗျာတွေသီကုံး ချစ်ခင်လွန်းလို့ အမှတ်တရရေးလိုက်တယ်
သူငယ်ချင်းကောင်းပေါ့
ဝမ်းနည်းအားငယ်ချိန်
တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
နာကျည်းကြေကွဲချိန်
ဒုက္ခပင်လယ်ဝေတဲ့အချိန်
ပျော်စရာရှိလည်းမျှဝေ
ငိုစရာရှိလည်းပုခုံးလေးငှား
မျှဝေခံစားပေးနိုင်တာ
ကျေးဇူးတင်ပါတယ်သူငယ်ချင်းရယ်။
19 comments:
  1. ဒီရင်မှာ မင်းက တစ်သက်သာ အတွက် အမှတ်တရနဲ့
    ငါ့ ဘဝရဲ့ အခင်မင်ရဆုံး သူငယ်ချင်း ပါ။
    ReplyDelete
  2. ထပ်တူ ထပ်မျှ ဘယ်လောက်ဝေးဝေး အားပေးနေတဲ့သူငယ်ချင်းရယ်။
    ကျန်းမာပါစေ တောင်းဆုချွေတယ် သူငယ်ချင်းလေးချစ်သူရယ်။
    ReplyDelete
  3. သူငယ်ချင်းတွေ မမြင်မသိ ဖေးမစောင့်ရှောက် ချစ်ခင်တွယ်တာ
    မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။
    ဟုတ်တာပေါ့ မမရယ်...အားပေးလျှက်
    ReplyDelete
  4. ၀မ်းနည်းအားငယ်ချိန်
    တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
    နာကျည်းကြေကွဲချိန်
    ဒုက္ခပင်လယ်ဝေတဲ့အချိန်
    ပျော်စရာရှိလည်းမျှဝေ
    ငိုစရာရှိလည်းပုခုံးလေးငှား
    မျှဝေခံစားပေး......ချင်ပါတယ်။
    ReplyDelete
  5. ဟုတ်၏
    မြန်မာ Online လေးပေါ်မှာ...
    တစ်ဦးနဲ့တစ်ယောက်
    ကောင်းဆိုးရယ်လို့ မဝေဖန်
    ကြီးငယ်မရှိ..
    မတွေ့မမြင်ရလည်းခင်မင်မှုများစွာနဲ့
    ReplyDelete
  6. ဝေးဝေးနီးနီး တွယ်ငြိ ရင်မှာ ဖြူစင်မှုထား
    ခင်မင်မှုနဲ့ ချစ်သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။
    ReplyDelete
  7. ပညာ ရာထူး ဂုဏ်တုဂုဏ်ပြိုင် မာနမရှိ
    အသက် မကြည့် ကြီးသည် ငယ်သည် အမှုမထား ချစ်ခင်တွယ်တာ
    မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။
    ReplyDelete
  8. သူငယ်ချင်းချစ်သူ
    ချစ်သူငယ်ချင်းလေး ဘယ်လိုဝေးဝေး
    မကွဲစိတ်ထား စာပေနယ်မှာရှိပါတယ်
    မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။
    ReplyDelete
  9. သူငယ်ချင်းချစ်သူ
    ချစ်သူငယ်ချင်းလေး ဘယ်လိုဝေးဝေး
    မကွဲစိတ်ထား စာပေနယ်မှာရှိပါတယ်
    မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။
    ReplyDelete
  10. အလုပ်ကတော့ ခပ်ရှုပ်ရှုပ် နေ့မအားညမအားပြန်လှန်အလုပ်နေရလေတော့သူ
    ငယ်ချင်းဆိုတာရှိနေတာတော့သေချာပါတယ်။
    ReplyDelete
  11. မအားတဲ့ကြားက ခင်မင်တတ်တဲ့ သူငယ်ချင်းရယ်။
    နေကောင်းရဲ့လား ဖေးဖေးမမ ဝေးနေသော်ငြား
    ရင်မှစေတနာ မေတ္တာဝေဖြာ စာပေချစ်သူ နှီးနှောကျွမ်းဝင် အားပေးဖော်ပေါ့ သူငယ်ချင်းရယ် ။
    ReplyDelete
  12. မင်္ဂလာပါဒါယိကာမကြီး ဦးဇင်းရောက်ခဲ့ပါတယ်။ အစစအရာရာအဆင်ပြေအောင်မြင်ပါစေ
    ReplyDelete
  13. တင်ပါ့ဘုရား
    အရှင်ဘုရားမေတ္တာရိပ်ကြောင့်အေးမြပါတယ်ဘုရား။
    အရှင်ဘုရားကျန်းမာပါစေ။
    ReplyDelete
  14. ဖြူစင်စွာနဲ့ တကယ်ခင်မင်ရတဲ့ သူငယ်ချင်းတွေပေါ့ ....
    ReplyDelete
  15. လာလည်ကြည့်ပြီး ရှောက်ကြည့်လိုက်တယ် .................ကျေးဇူပဲ..............
    မမရယ်..............
    ReplyDelete
  16. မ..မ..လာအားပေးသွားတယ်နှော်.ကောင်းပါတယ် သဘာဝလေးမို့.
    ပျော်ရွှင်ပါစေကြောင်း..ဆု.....
    ReplyDelete
  17. "သူငယ်ချင်းကောင်းပေါ့
    တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
    နာကျည်းကြေကွဲချိန်
    ဒုက္ခပင်လယ်ဝေတဲ့အချိန်
    ပျော်စရာရှိလည်းမျှဝေ
    ငိုစရာရှိလည်းပုခုံးလေးငှား
    မျှဝေခံစားပေးနိုင်တာ
    ကျေးဇူးတင်ပါတယ်သူငယ်ချင်းရယ်။"
    မမရေ ကျနော်လည်း ထပ်တူထပ်မျှ ပါပဲဗျာ။
    ကျော်နန္ဒ
    5/3/11
    ReplyDelete
  18. သူငယ်ချင်းဆိုတာပေါင်းကြည့်မှသိတာပါ . . . .။
    ReplyDelete