Pages

Friday, March 4, 2011

အွန်လိုင်းသူငယ်ချင်းများသို့

တယောက်တယောက်
မသိမမြင် စာပေချစ်ခင်
မငြိုငြင်ဖူး တူတူတွဲလို့ပျော်ဖူးတယ်
သူငို ငါချော့ ဖေးဖေးမမ
ဝေးနေသော်ငြား ရင်မှစေတနာ
မေတ္တာဝေဖြာ စာပေချစ်သူ
နှီးနှောကျွမ်းဝင် အားပေးဖော်ပေါ့ သူငယ်ချင်းရယ်
တနေ့တရက် ပျက်ကွက်ခဲ့ချိန်
စာကဗျာမတင် နေမှကောင်းလား
စိတ်ဝယ်ပူပင် စိုးရိမ်တတ်သူ
သူငယ်ချင်းရယ်

မင်းမတွေ့ငါမျှော် ငါ့မတွေ့မင်းမျှော်
ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
 ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်
တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်
 သိပ်ခင်မင်တဲ့ ဒီလိုသူငယ်ချင်း ဘယ်လိုပုံဟန်
 မသိမမြင်မတွေ့သော်ငြား ခင်မင်မှုမပျက်
သူငယ်ချင်းကောင်းပေါ့ သူငယ်ချင်းရယ်........


သူငယ်ချင်းချစ်သူ
ချစ်သူငယ်ချင်းလေး ဘယ်လိုဝေးဝေး
မကွဲစိတ်ထား စာပေနယ်မှာရှိပါတယ်။

စာတွေသီကုံး ကဗျာဆိုအချစ်ဆုံး
ရေးသမျှစာ ကွန်မန့်တွေပေး
အတွေးခက်လို့ အရေးပျက်ချိန်
စာကဗျာရေး ဂျစ်တိုက်တတ်တဲ့ သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်

ပြောဆိုသမျှ ပြန်မပြောငြား စိတ်ရှည်သည်းခံ စောင့်ဆိုင်းဟန်နဲ့
တိတ်တိတ်လေးပဲ   နေတော့မယ်နော်
ထမင်းစား ဆေးသောက် နေမှကောင်းလားစိတ်ဝယ်ပူပင်
စိုးရိမ်တတ်သူ ဒီလိုသူငယ်ချင်း
ဒီအွန်လိုင်းပေါ်ရှိပါတယ်


ပညာ ရာထူး ဂုဏ်တုဂုဏ်ပြိုင် မာနမရှိ
အသက် မကြည့် ကြီးသည် ငယ်သည် အမှုမထား
 ဝေးဝေးနီးနီး တွယ်ငြိ ရင်မှာ ဖြူစင်မှုထား
 ခင်မင်မှုနဲ့ ချစ်သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းတွေ မမြင်မသိ ဖေးမစောင့်ရှောက် ချစ်ခင်တွယ်တာ
 မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းလေးချစ်သူရယ် မင်းတို့အတွက် အမှတ်တရ
စာတွေသီကုံး ကဗျာတွေသီကုံး ချစ်ခင်လွန်းလို့ အမှတ်တရရေးလိုက်တယ်


သူငယ်ချင်းကောင်းပေါ့
ဝမ်းနည်းအားငယ်ချိန်
တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
နာကျည်းကြေကွဲချိန်
ဒုက္ခပင်လယ်ဝေတဲ့အချိန်
ပျော်စရာရှိလည်းမျှဝေ
ငိုစရာရှိလည်းပုခုံးလေးငှား
မျှဝေခံစားပေးနိုင်တာ
ကျေးဇူးတင်ပါတယ်သူငယ်ချင်းရယ်။

22 comments:

  1. တစ်ကယ်ကို အရသာရှိသော စာသားလေးတွေပါ
    အဲလို သူငယ်ချင်းလား မရှီဘူး
    မမ နတ်ဆိုးလေးက အဲဗား သူများရဲ့ အဖြည့်ခံလေ
    ကျွန်တော် ကသူများတွေအတွက် ဖြစ်မှာပါ။သူများတွေကတော့
    ကျွန်တော်အတွက်ဘယ်သောအခါမှ မရှိဖူးဘူး။
    ဒါပေမယ့် အဲလိုနေရတာပဲ ကျွန်တော်ပျော်နေမိတာပါပဲ ။
    ဘာလို့လဲ ဆိုတော့ အဲလိုလိုက်မတွေးချင်ဘူး။
    သူတို့မအားလို့ပဲလို့ ဖြည့်တွေးပေးထားလိုက်တရ် ။
    အားပေးသွားပါတရ် နော် ခင်တဲ့ မင်းမင်း မှ

    ReplyDelete
  2. ဒီရင်မှာ မင်းက တစ်သက်သာ အတွက် အမှတ်တရနဲ့
    ငါ့ ဘဝရဲ့ အခင်မင်ရဆုံး သူငယ်ချင်း ပါ။
    ထပ်တူ ထပ်မျှ ဘယ်လောက်ဝေးဝေး အားပေးနေတဲ့သူငယ်ချင်းရယ်။

    ReplyDelete
  3. မင်းမင်း နတ်ဆိုးလေး စိတ်ထား မွန်မြတ်ပါတယ်။

    သည်းခံစိတ်ကလူတိုင်းမှမထားနိုင်တာ

    ဖြည့်တာမထင်ပါနဲ့ မေတ္တာ ပြန်ရတာပါ။

    သူငယ်ချင်းအားပေးဖော်လေးရယ်......။

    မမတို့နဲ့ခင်မင်နေတာ သူငယ်ချင်းမဟုတ်လား သူငယ်ချင်းရယ်.....။

    ကျန်းမာပါစေသူငယ်ချင်း။

    ReplyDelete
  4. ထပ်တူ ထပ်မျှ ဘယ်လောက်ဝေးဝေး အားပေးနေတဲ့သူငယ်ချင်းရယ်။

    ကျန်းမာပါစေ တောင်းဆုချွေတယ် သူငယ်ချင်းလေးချစ်သူရယ်။

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်..သူငယ်ချင်းရယ်....

    ReplyDelete
  6. မမပြောတာလဲ မှန်တာပါပဲ ။မမကိုတော့ ခင်နေပါတရ် ။ဒါပေမယ့် ဘာလို့လဲမသိဘူး ကျွန်တော်က အမြဲလိုလို
    စိတ်ထဲအဲလိုဖြစ်နေတတ်တာပဲ မမရ ခင်မင်လျှက် နတ်ဆိုးလေး

    ReplyDelete
  7. ခင်မင်မှုအတွက် ကြည်နူးခြင်းနဲ့ အားပေးဖော်လေး ။

    သူငယ်ချင်းလေး ကျန်းမာပါစေ မေတ္တာဆုတောင်းပို့လိုက်တယ်။

    ReplyDelete
  8. မထင်ပါနဲ့ သူငယ်ချင်းဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့။

    ရင်ထဲကစကား သူငယ်ချင်းကိုပဲ ဖွင့်ဟပြောကြတာပါ ။

    စိတ်ကသူများကူညီတာဖြည့်ပေးနေတာများတော့
    ပေးသောစိတ်ပေါ့ ပေးသောလက်လေနော်။
    တန်ဖိုးရှိ၏



    ReplyDelete
  9. နေမှကောင်းရဲ့လား.........သယ်ရင်းရေ

    ReplyDelete
  10. ခုချိန်ခဏတော့ နေကောင်းနေတယ်.သယ်ရင်းရေ....။

    ReplyDelete
  11. ချစ်ဆိုလဲ ချစ်ကြတာပေါ့ ဟီး အာဘွား ထာဝရ ခဏခဏ ကမယ်ကမယ် မမရယ် ခစ်ခစ်

    ReplyDelete
  12. ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
    ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်။
    တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
    ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်။

    ReplyDelete
  13. ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
    ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်။
    တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
    ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်။

    ReplyDelete
  14. ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
    ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်။
    တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
    ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်။

    ReplyDelete
  15. ဖြူဖြူစင်စင်နဲ့ အားပေးဖော်တွေပါပဲ မမရယ် ....

    ReplyDelete
  16. ဖတ်ခဲ့ ပါတယ်နော်....................

    ReplyDelete
  17. ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
    ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်။
    တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
    ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်။

    ReplyDelete
  18. တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
    ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်။
    သိပ်ခင်မင်တဲ့ ဒီလိုသူငယ်ချင်း ဘယ်လိုပုံဟန်
    မသိမမြင်မတွေ့သော်ငြား ခင်မင်မှုမပျက်
    သူငယ်ချင်းကောင်းပေါ့ သူငယ်ချင်းရယ်........။

    ReplyDelete
  19. ဝေးဝေးနီးနီး တွယ်ငြိ ရင်မှာ ဖြူစင်မှုထား
    ခင်မင်မှုနဲ့ ချစ်သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။

    သူငယ်ချင်းတွေ မမြင်မသိ ဖေးမစောင့်ရှောက် ချစ်ခင်တွယ်တာ
    မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။

    ReplyDelete
  20. ဘယ်လိုပုံဟန်
    မသိမမြင်မတွေ့သော်ငြား ခင်မင်မှုမပျက်
    သူငယ်ချင်းကောင်းပေါ့ သူငယ်ချင်းရယ်........။

    ReplyDelete
  21. မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။

    သူငယ်ချင်းလေးချစ်သူရယ် မင်းတို့အတွက် အမှတ်တရ
    စာတွေသီကုံး ကဗျာတွေသီကုံး ချစ်ခင်လွန်းလို့ အမှတ်တရရေးလိုက်တယ်

    ReplyDelete