Pages

Thursday, March 31, 2011

♥♥မင်းနှလုံးသားရှိရာရပ်ဝန်းမှာငါနေထိုင်ပါတယ်ချစ်သူ ♥♥

Cool Pictures  Scraps and Graphics
♥♥မင်းနှလုံးသားရှိရာရပ်ဝန်းမှာငါနေထိုင်ပါတယ်ချစ်သူ ♥♥ချစ်သူပေးသောကဗျာတပုဒ်♥♥
မင်းက တိမ်လေတွေလွင့်နေတော့ ငါက မင်းဆော့ကစားတဲ့သစ်ရွက်လေးတွေဖြစ်နေတာပေါ့
လေထုပါးပါးလေးကျီဆယ်ဆော့မြူတော့
သစ်ရွက်လေးတွေလှုတ်ခတ်ကျန်ခဲ့သလို
ငါ့အသည်းနှလုံးလည်း လှုတ်ခါကျန်ခဲ့ရပါတယ်ငါ့အချစ်ရယ်
မင်းကနေမင်းကြီးဖြစ်နေတော့ ငါကနေရောင်ရှိမှအသက်ရှင်သန်နိုင်တဲ့
နေကြာပွင့်လေးဖြစ်နေတာပေါ့
မင်းက မြစ်ပြင်ကျယ်ဆို ငါကမင်းခေါ်ဆောင်ရာ အလိုက်သင့်ရွှေ့နေတဲ့ ပန်းဗေဒါလေးဖြစ်နေတာပေါ့
မင်းကသစ်ပင်ကြီးဆိုငါက မင်းကိုမှကပ်ပြီးရှင်သန်နေချင်တဲ့ ပန်းသစ်ခွပင်လေးဖြစ်နေတယ်ငါ့ချစ်သူရယ်
ငါနဲ့မင်းက သဘာဝမတူပေမဲ့ ငါကမင်းရှိမှ ဖြစ်မှာပါ မင်းအနားမှာမခွဲခွာပဲ မှီခိုရှင်သန်နေထိုင်မှ ငါအသက်ရှင်နိုင်မှာပါ ငါ့ချစ်သူရယ်။
မင်းခေါ်ဆောင်ရာလိုက်ပါချင်ပါတယ် မင်းနားကပ်ပြီးရှင်သန်ရှင်ပါတယ်
မင်းသာငါနဲ့အတူတူ မရှိရင်ငါ့ကမ္ဘာ ငါ့ဘ၀ ပျောက်ကွယ်သေဆုံးသွားနိုင်တယ်ငါ့ချစ်သူရယ်
ငါနဲ့မင်းမခွဲမခွါရှိဖို့ကို ဘယ်လိုအတားအဆီးတွေ ဘယ်လိုအခက်အခဲတွေရှိနေပါစေ
မင်းနှလုံးသားရှိရာရပ်ဝန်းမှာ ငါသေဆုံးခဲ့ရင်တောင်မှ
ငါ့စိတ်ဝိဥာဉ်ကပ်ရောက် ငြိတွယ်နေတယ်ဆိုတာ မင်းသိစေ့ချင်ပါတယ်ချစ်သူရယ်။
♥မင်းနှလုံးသားရှိရာရပ်ဝန်းမှာ
ငါနေထိုင်ပါတယ်ချစ်သူ ♥.

[  Please click me tender ]
[  Please click me tender ]

zinyaw17သီချင်းလေးနားထောင်နော်.


[ Please click me tender ]

11 comments:

  1. မင်းနှလုံးသားရှိရာ ရပ်ဝန်းမှာ ငါနေထိုင်ပါတယ် ချစ်သူ..
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. မင်းနှလုံးသားရှိရာရပ်ဝန်းမှာ ငါသေဆုံးခဲ့ရင်တောင်မှ
    ငါ့စိတ်ဝိဥာဉ်ကပ်ရောက် ငြိတွယ်နေတယ်ဆိုတာ မင်းသိစေ့ချင်ပါတယ်ချစ်သူရယ်............
    (သက်ဆုံးတိုင်ချစ်သွားတာပေါ့ မမရယ် .......... အားပေးသွားပါတယ်နော် .........)

    ReplyDelete
  3. သီချင်းလေးနားထောင်နော်.


    ReplyDelete
  4. ( မှီခိုရှင်သန်နေထိုင်မှ ငါအသက်ရှင်နိုင်မှာပါ ငါ့ချစ်သူရယ်။ ) ... ဟုတ်ပါ့ ...

    ReplyDelete
  5. ♥မင်းနှလုံးသားရှိရာရပ်ဝန်းမှာ
    ငါနေထိုင်ပါတယ်ချစ်သူ ♥.
    ဖတ်သွားပါတယ်မမ

    ReplyDelete
  6. သီချင်းလေးနားထောင်နော်.

    ရွှေရောင်တောက်ပတဲ့နေ.ရက်များကိုပိုင်ဆိုင်နိုင်ပါစေနော်

    ReplyDelete
  7. ဇဗ္ဗူဥသျှောင် သီလရှင် စာသင်တိုက်သန်လျင်
    ပညာဒါန သီလရှင် စာသင်ကျောင်းလေ
    ကွန်ပျူတာလှုကြမယ်
    အလှုရှင်များးးးဆက်သွယ်ရန်လိပ်စာ

    ကိုလင်းအောင်ပြည့် 01 254 815

    ReplyDelete
  8. ငါနဲ့မင်းက သဘာဝမတူပေမဲ့ ငါကမင်းရှိမှ ဖြစ်မှာပါ

    အဲ့စာသားလေးတော့ ကြွေတယ်

    ReplyDelete