Pages

Saturday, January 29, 2011

ဆရာစံရေးခဲ့ သည့်  ကဗျာလင်္ကာ ၄ ပိုဒ်

ဆရာစံ သည်သူ၏အတ္တုပ္ပတ္တိကို ကိုယ်တိုင်ရေးခဲသည်မှအပ
ဘဝနိဂုံး၊ ကဗျာလင်္ကာ၎ ပိုဒ်ကိုလည်း ကြိုးစင်မတက်မှီရေး

သားခဲ့ သေးသည်ဟုဆိုသည်။ ပုဂံခေတ်က အနန္တသူရိယအမတ်ကြီး အသတ်မခံရမှီ "သူတည်းတစ်ယောက်ကောင်းဖို့ ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာ

သာဓမ္မတာတည်း" အစရှိသောလကာင်္(၄)ပိုဒ်ကို ရေးသွားသကဲ့ သို့ ဇြစ်ပါသည်။


ဆရာစံရေးခဲ့ သည့်  ကဗျာလင်္ကာ ၄ ပိုဒ်မှာအောက်ပါအတိုင်းဖြစ်သည်။

၁။မည်သူမည်ဝါ၊ဤကမ္ဘာတွင် ခန္ဒာကိုင်စွဲ၊မမြဲမှတ်ရာ၊လူ့ တံထွာတည်း။

၂။မီးတစ်ဆယ့်တစ်၊ငြိမ်းရာဖြစ်ေ
သာ ၊ စင်စစ်ဧကန် ၊ ပြည်နိဗ္ဗာန်သို့  အမြန်ထုတ်ခြောက်မရောက်ရသေး ၊ လူတစ်ဝေးတို့ ၊သေဘေးတွေ့ ရ ဖြစ်ကအမှန်

ပျက်မြဲပြန်တည်း။


၃။ကြောက်သွေးဟူ၍ နှမ်းတစ်စေ့ မျှ မဝှေ့ စိတ်ထဲ ၊ ရိပ်မဝဲတည့်အမြဲမတည်၊လူစူသည်ကားမရှည်အသက်၊
ကြာနေပျက်ကို၊

ပြက်ပြက်ထင်ထင်၊ငါအမြင်တည်း။

၎။ထက်အောက်မြန်မာ၊လူတကာတို့ ၊ဆရာခေါ်ဆို ငါ့ ဂုဏ်ကိုလျှင်၊
ကြူးပိုသည့် ရုံး၊ဘယ်သို့ ကုန်းလည်း၊အဆုံးဆိုရေး၊

ကြိုးဒဏ်ဘေးနှင့်  ဖေးရမည်တည်း။


ဆရာစံ၏ကဗျာ ၄ ပိုဒ်မှာ အနန္တသူရိယအမတ်ကြီး၏
အလင်္ကာ ၄ ပိုဒ်နှင့် စာပေစံအားဖြင့် 

နိုင်းယှဉ်၍မရသော်လည်း

"ကျောက်သွေးဟူ၍ နှမ်းတစ်စေ့ မှ၊
မဝှေ့ စိတ်ထဲ၊ရိပ်မဝဲတည့် "
ဟု တတိယပိုဒ်တွင်ဖေါ်ပြထားသည် မှာ နယ်ချဲ့ အုပ်ချုပ်သူများအား

နောက်ဆုံးအချိန်အထိ ဒူးမထောက် လက်မမြောက်ဟုဆိုလိုသည်မှာ
ပေါ်လွ
င်နေပေသည်။

သို့ သော်ဗုဒ္ဒဘာသာဝင်ဖြစ်သည့် အတိုင်းဆရာစံသည် သံဝေဂဥာဏ်အမြင်ဖြင့် နိဂုံးအဆုံးသတ်ရေးသားခဲ့ သည်ကိုတွေ့ မြင်ရပါသည်။



ကိုးကား။
၁၉၁၃ ခု သြဂုတ်လ ၇ ရက်ထုတ်မြန်မာ့ အလင်းသီတင်းစာ။


မြန်မာ့ စွယ်စုံကျမ်းအတွဲ ၄။
Forward

6 comments:

  1. ဟုတ်မမ ဖတ်ခွင့်ရတာလေးအတွက် ကျေးဇူးပါ ....

    ReplyDelete
  2. လာဖတ်သွားပါတယ်ခင်ဗျာ

    ReplyDelete
  3. လာရောက် ဖတ်မှတ်သွားပါတယ် ခင်ဗျ ။

    ReplyDelete