Pages

Monday, January 17, 2011

လူ့ ဘီလူး





(--လူ့ ဘီလူး--)

ဘ၀ပင်လယ် လောကမုန်တိုင်း

တစ်ဝမ်းတစ်ခါး  ရှာဖွေစားရ

သောကပင်လယ်  မမောပန်းနိုင်

အိမ်ထောင်တာဝန် ကျေပွန်ထမ်းရွက်

မုန်တိုင်းရှိလည်း  သူမသိပါ။

အိမ်အပြန်မှာ စောင့်မျှော်နေရှာ

ဝမ်းစာအရေး ရွှေသွေးရင်နှစ်

လောက်ငှပြစ်တင် မငြို ငြင်အောင်

သူပေးဆပ်နေ

အော်....မိဘနေရာ ဖြစ်တည်ရှိတော့

အပြုံးမပျက် ပလိုင်းလေးလွယ်

ဖားရှာငါးရှာ သံသရာလည်း

မကြည့်အားပါ.......

လောကမုန်တိုင်း ၀င်ရောက်နှောက်ယှက်

ကစဥ့်ကလျား တစ်ကွဲတစ်ပြား

ရေလှိုင်းပင်လယ် ခေါ်ဆောင်ရာနောက်

ကောက်ကောက်ပါတယ်။

ရှေးက၀ိဘက် ပေးဆပ်နေတာ

ဒီလှိုင်းဒဏ်နဲ့ ကျန်ခဲ့သူလည်း

ဘ၀ပင်လယ်  ပူဆွေးကျန်ရစ်

ချန်ရစ်တဲ့သူ ကျန်ရစ်သူကို

ငရဲတမျှ ပူလောင်ရလည်း

ကယ်ပါ ယူပါ ဆူညံသံကို

ကြား ......နေ....ဘီလူး

ပြုံးပျော်မြူးသည်

ငါ့တို့အတွက်

အခုမှဟန်ကျ

စားစရာပေါ

ယူလို့မဝ

ကြင်နာသနား မုဒိတာမပွားးးးးး

စာနာမသနား မငှဲ့ညာပါ

သူဝမ်းဝအောင် သူ့မယားဝအောင်

သူဝမ်းဝအောင် သူ့သားဝအောင်

ဝမ်းအပြင်လည်း အိတ် ကိုဆောင်သည်။

လူ့ဘီလူးတွေ ဖြစ်နေတယ်။

10 comments:

  1. အရမ်းကြိုက်တယ်.....

    ReplyDelete
  2. အားပေးမှု့လေးစား၏

    ပုံလေးတွေ့တော့ရေးဖြစ်သွားတာပါ။

    ကျန်းမာပျော်ရွှင်ပါစေမိတ်ဆွေ............။

    ReplyDelete
  3. ဟုတ်ကဲ့
    ကျနော် အသံထွက် ဖတ်သွားပါတယ်

    ReplyDelete
  4. အယ့်..... တော်တယ်တော့

    လေးစား၏

    ReplyDelete
  5. ကဗျာလေး အရမ်းကောင်းပါတယ် .... အားပေးသွားပါတယ်နော် မမ ....

    ReplyDelete
  6. အင်းကောင်း တယ်ဆိုတော့ ပျော်တာပေါ့။

    ReplyDelete
  7. ကောင်းလိုက်တာဗျာ မမရာ
    တကယ်တကယ်

    ReplyDelete
  8. ကျေးဇူး ကကြီ ရေ ...က


    က တတ်အောင်က နော့်

    ReplyDelete
  9. ကိုယ်ချင်းစာတရားခေါင်းပါတဲ့ ဘီလူးသရုပ်ဟာ ထင်ရှားလှပါတယ် ။

    ReplyDelete
  10. ဒီပုံလေးတွေ့တော့ စိတ်ကရေးမိလိုက်တာပါ......။

    ပင်လယ်ပျော်တွေကို သနားလို့ပါ.....။

    ဘီလူး

    ကြားနေ ဘီလူး ပြုံးပျော်မြူးသည့်....ကမ္ဘာကပ်ဘေးသင့်နေတယ်....။

    ReplyDelete