♥ဘယ်တော့မှ မမေ့ဘူး♥♥
အတိတ်ဆိုတာ အရိပ်လိုမို့ ရောက်တဲ့နေရာ ငါရပ်နေတယ် ...............
မျက်ရည်ကျတိုင်း သစ္စာဆိုမယ်
ကျတဲ့ မျက်ရည် သွေး မျက်ရည်မို့
ဘ၀ဟောင်း အတိတ်ဟောင်း သတိရနေတယ်
မျက်ရည်ကျတိုင်း သစ္စာဆိုတယ် ကျတဲ့ မျက်ရည် သွေး မျက်ရည်မို့
သူ့အတွက်ကြောင့် မျက်ရည်ကျရင် ကျတဲ့မျက်ရည် သံသရာမှာ
သမုဒ္ဒရာ လေးစင်းဖြစ်တည်ဘူးခဲ့.............
အငြိုးတကြီး မုန်တိုင်းမိပေါ့ ပင်လယ် သမုဒ္ဒရာ ရေ လှိုင်းဒဏ်ကြောင့်
ဒီရေလှိုင်းဒဏ် လောကဒဏ် ဘ၀ အမော သောက တောမှာ
လှိုင်းအထောင် သောင် အငြိ
အချစ်မြစ်ပြင်ကျယ် သမုဒယ လှေငယ်လေးငါဖြစ်မိ
ရင်ထဲမချိ လွမ်းမောနာကျင် ........ရင်ထဲလှိုက်ဆူ ဘ၀င်လှိုက်ပူ..............
အတိတ်ရဲ့ အရိပ် ရင်မှ ဝေဒနာ နာကျင်ခံစား
အတိတ် ဘ၀ ပြန်သိနေတော့ ရင်ထဲနာကျင် လွမ်းစိတ်ဝင်လို့ 
သခင်သိစေ မြင်ကြည့်လေနော်..........သခင်မြင်လှည့် ကြင်တော်မူ..........။
လာဖတ်သွားပါတယ်ခင်ဗျာ..
ReplyDeleteအလွမ်းကဗျာတွေ အထပ်ထပ်ကြားက
ReplyDeleteလွမ်းလို့ကျတဲ့ မျက်ရည်တွေဟာ သက်ဆိုင်သူမြင်စေဖို့ မခမ်းမခြောက်ပဲ ရှိနေမှာပါ.............
လေးစားပါတယ်............။
ReplyDeleteပျော်ရွှင်ကျန်းမာပါစေ............။
သံသရာက တွယ်ငြိနေတယ်.....။
ReplyDeleteပြန်မသိတာကောင်းမယ် ထင်တယ်...နော်............။
သခင်ရေ ... သိပါတော့ ...။
ReplyDeleteသခင်သိစေ မြင်ကြည့်လေနော်..........သခင်မြင်လှည့် ကြင်တော်မူ....
ReplyDeleteကဗျာလေးကိုခံစားရင်း.........ဖတ်သွားပါတယ်သူငယ်ချင်း...........ပျော်ရွှင်ပါစေ.....
ReplyDeleteလေးစားပါတယ်......။
ReplyDeleteမမ ဆန္ဒလေး ပြည့်ဝပျော်ရွှင်ပါစေ .....
ReplyDelete