Pages

Saturday, December 4, 2010

ဆုံမှတ်


At 6:01pm on December 3, 2010,
dan
said…

♥♥ပေးဆပ်သူတွေ  ဆုံပါစေ♥♥


ကြည်နူးပီတိ ဖြစ်မိပေါ့

ဝေးကွာခဲ့ရ သားလှရင်သွေး

မေ့ချစ်လေးကို ရွှမ်းမြကြည်လင်

သီတာရေလား မြင့်သည့်ခဏ

မေ့စိတ်နှလုံး သိမ်းကျုံးယူငင်

တုနိုင်းမရ မေ့မေတ္တာ

သော်တာလ၀န်း အေးချမ်းလှပါ့

ရွှေကြာပန်းလေး နေမထိစေလို

ရေကန်အသင့် ကြာအတင့်နဲံ

မွေးမေထားချင် ချစ်လွန်းတင်လဲ

ဘ၀ဟောင်းက ကြမ္မာဝိပတ်

တစ်ဖန်ဆပ်ရ ကြုံသည့်ခဏ

ဤ လူဘ၀ သားလှရွှေသွေး

နားလည်ပေးသည်

မေတ္တာ ပြယုဒ်ပါ

သံသရာ ၀ဋ်ကျွေးဆပ်နေတာ

ပြုခဲ့ဘူးသည့် မေတ္တာစွမ်းအင်

ပါရမီကြောင့် ဥမကွဲကွာ


အသိုက်မပျက်

ပေးဆပ်သူတွေ 

ဆုံပါစေ........



အဝေးးးးးးးးးးးရောက်နေသော

သားများ
သမီးများနှင့်မိသားစုများအတွက်
မ..မ...





5 comments:

  1. ဖတ်သွားပါတယ် ခင်ဗျာ

    ReplyDelete
  2. ကဗျာလေးကောင်းလိုက်တာဗျာ.......
    ဖတ်သွားပါတယ်နော်..........

    ReplyDelete
  3. ကဗျာကောင်းလေးပါ ... အားပေးသွားပါတယ် မမ ....

    ReplyDelete
  4. နိုင်ငံသားတွေနိုင်ငံခြားသားဖြစ်စရာမလိုတဲ့နေ့
    နှစ်ယောက်သုံးဖွဲ့မဖြစ်တဲ့နေ့
    ပညာတတ်ရင်ထမင်းမငတ်တဲ့နေ့
    ဒုက္ခသည်တွေဒုက္ခသယ်စရာမလိုတဲ့နေ့....
    .......................................

    စသည် စသည်............

    ဆုံမှတ်ကလေးကိုမျှော်လင့်လျှက်ပါ။

    ReplyDelete