Pages

Sunday, December 26, 2010

ငယ်ဘ၀လေး လွမ်းမိပါသည်။

ကလေးဘ၀အောင့်မေ့ဖွယ် ငယ်ဘ၀လေး လွမ်းမိပါသည သူငယ်ချင်များနှင့်လျှောက်သွား စားသောက်ပျော်ပါး ကစား စကားနိုင်လုရင်းငြင်းခုန်ကြ တစ်ယောက်တစ်ယောက်နောက်ပြောင် ကျီစယ်၍ စာအုပ်နဲ့ရိုက် လွယ်အိတ်နဲ့ရိုက် ခင်မင်မှုမပျက် သွားလာနေထိုင်ခဲ့တာကို သတိတရရှိလှ၏
ကျောင်းပြေး၍ ဒိုးပစ်ဂေါ်လီရိုက် ပိုက်ဆံကို တူနှင့်လှိမ့်ကစား အရုပ်ကိုတူနှင့်လှိမ့်ကစားခြင်း ကျောင်းလစ်ကာ ရုပ်ရှင်ခိုးကြည့်နှင့် ငယ်ဘ၀လေးလွမ်းမိ၏ ။ 

တရုတ်သူငယ်ချင်း ၊  မွတ်စ္စလင်သူငယ်ချင်း နှင့် ခရစ်ယာန်သူငယ်ချင်း ဘာသာပေါင်းစုံရှိသည် သူငယ်ချင်းများက သည်းညည်းခံသည် ။ စိတ်ရှည်သည် ။ သူငယ်ချင်းကောင်းပီသသည်။

မွတ်စ္စလင်သူငယ်ချင်းမလေး အေးအေးက ဗေဒါပန်းခရမ်းရောင်လေးများကိုကျစ်ဆံမြည်းထိုး၍
ပန်းကုန်းသီပြီးယူလာပေးသည်။  မုန်းစားထမင်းစားဆင်းချိန်ဆို ကိုယ်ကထမင်းမစားတတ်
ခေါက်ဆွဲကြော် ကြေးအိုးကြိုက်သည် ။ ၀က်ရိုးကြော် ၊ ဆီချက်၊ ၀က်အူချောင်းစားသည်။

အေးအေးမြင့်ကဘေးမှလိုက်ထိုင်ပေးသည် ။ ဆိုင်မှာသူ မစားသည့် အသားစားနေရင်း စနောက်တတ်လျှင် စိတ်မဆိုးတတ် စားမလားရော့အင့် စား ပါးစပ်ဟ ချစ်တယ်ဆိုစား ဟုပြောလျှင်ခေါင်းရမ်း၍ ဘာဆိုင်လည်းနင့် ချစ်တာနဲ့စားရမလား မစားဘူးဟုငြင်းဆန်တတ်သည် ။

နင်ဒါကြောင့် အသားမဲတာနေမှာ စား အသားဖြူတယ်ဟု စနောက်လျှင်ပါးစပ်ကို လက်ဝါးနှင့်အုပ်၍ ရယ်နေတတ်သည်။
မ..မ စနောက်တာလွန်သွားလျှင်သူ့အဒေါ်အပျိုကြီး ကျောင်းဆရာမထံ သူသွားတိုင်သည် ဆရာမက မတည့်တော့ဘူးဆို လာလာတိုင်တယ်။  ပြီးတော့ပြန်ခေါ်တယ် ဟုတ်တာလဲမှဟုတ်ဘူး ။ လာအလုပ်မရှုပ်နှင့်
ဟု ငေါက်လွတ်လိုက်လျှင် သူစိတ်ဆိုးစွာကျောင်းလွယ်အိတ်ကို ကျောင်းစာရေးတဲ့ခုန်ပေါ်ပြစ်ချတတ်သည်။

ကျောင်းဆရာမအပျိုကြီးက မမကို ခဏလာဟုခေါ်တော့မှ သူစိတ်ဆိုးပြေသည်။
ဆရာမက မမကို သူတပါးမကြိုက်တာ မစနှင့် သူ့ ဘာသာ၊ သူ့အယူအစနှင့်သူ သူတပါးခံနိုင်လောက်တဲ့အထိပဲစနော်  ပြော၍ပြန်လွတ်တတ်သည်။
မမ  စိတ်ဆိုးချင်ယောင်ဆောင်၍ သူကိုမခေါ်ပဲနေလျှင် သူမနေတတ်တော့ အတင်းလိုက်ချော့
ပါးကိုင်လိုက် လက်ဆွဲလိုက်နှင့် ချစ်စဖွယ်ပြုမှုနေတတ်သည်။
ထိုအခါပြန်၍သူ့ကိုနောက်ကို မမ..ဘယ်လိုစစ နောက်နောက် မတိုင်ကြေးနော် ဟုအနိုင်ကျင့်၍ ပြောလျှင် သူခေါင်းငြိမ့်လက်ခံသည်။

ဗေဒါပန်းကုန်းများကို မမအတွက်ယူယူလာတတ်သည်  ။
သူငယ်ချင်းလေး အေးအေးကို သတိတရလွမ်းမိပါသည်။
တိုးတိုးကတော့တရုတ်မလေး သူ့အိမ်ကစားသောက်ဆိုင်ဖွင့်ထားသည် ။ အိမ်မှာမပျော်သောရက်ဆို
သူအိမ်ကိုသွားနေ နေကြ ။ သူတို့ဆိုင်ကိုကိုယ့်ဆိုင်မှတ်၍ မီးဖိုဆောင်မှစားဖိုမှုး အကြော်အလှော်ဆရာများကို  ကိုယ်နှစ်သက်တာ အကုန်ချက်ပြုတ်ခိုင်၍ စားသောက်သည် အနိုင်ကျင့် ဗိုလ်ကြတာမှန်သမျှ
သူ့အစ်ကို သူ့အမေခွင့်လွတ်သည် ။ သူ့အဖေပါးပါးကပြုံး၍ ကြည့်နေတတ်သည်။
ကိုယ်ဘာသာသူ့အိမ်သွား၍ နေပြီး..မမ..အိမ်ပြန်လျှင်လည်း တစ်လှည့်လိုက်နေငါနဲ့ဆိုကာအိမ်အပြန်သူ့ကိုခေါ်လာသည်။

တိုးတိုးအမေကသူအလှည့် ငါ့အလှည့် နဲ့  နင်တို့ တော်တော် အလုပ်ရှုပ်ပအေ ဟု ဆိုကာ ရယ်မောနေလေတတ်သည် ။ သူကလက်ရေးလှသည် ကျောင်းစာလက်ညောင်း၍ မကူးချင်လျှင် သူ့ကို ကူးခိုင်းသည်။
တိုးတိုးက စိတ်ရှည်စွာ သည်းခံ၍ကူးပေးသည်။ မမ..နေထိုင်မကောင်းလျှင်ခေါက်ဆွဲကြော် ၊  ၀က်အူချောင်းကြော်များ အများကြီး ယူလာကာ အိမ်သို့  လာလာပို့ ပေးလေ့ရှိသည် ။

သူရည်းစားစထားတော့ သူ့အမေထိပ်လန့်တုန်လှုပ်စွာ အိမ်လာမေးသည် ။ 
သမီးရေ ဟုတ်လား တိုးတိုးတစ်ယောက် ရည်းစားရနေပြီဆိုတာ တကယ်ဟုတ်သလားအေ နဲ့  …. ။
မမ မှာ ဖြေဖို့ လည်း ခက်ခက်ပေါ့ … ဟုတ်ကဲ့ အန်တီ ။ သူ့ ရည်းစားရှိနေပြီ ။ သူ့ရည်းစားက မွတ်စ္စလင်ဆိုတာကိုပါပြောမိလျှင် သူ့ အမေတက်လို့ ပင်သေနိုင်မည်…ထင် ။
ဒီတော့ ညာရတော့သည် ။ မဟုတ်ပါဘူး…အန်တီရယ် … မရှိပါဘူးဆို၍ …. သမီးနဲ့ လမ်းတွဲသွား ၊ တွဲလာများတာပါ ။ 

တစ်ခါတစ်ခါ သမီးက ဘောင်းဘီအရှည်တွေဝတ်တတ်တော့ ~ လူတွေကအမှုမဲ့အမှတ်မဲ့ ကောင်လေးထင်ပြီး လူထင်မှားလို့ လာတိုင်ပြောနေကြတာနေမှာပါ ။ အန်တီစိတ်မပူနဲ့နော် စိတ်အေးအေးထား ဘာမှ မဟုတ်ဘူးဟု ပြန်၍သာပြောလိုက်ရပြန်သည်။
တိုးလေး…ကိစ္စတော်တော်ခက်ခက်ခဲခဲဖြေရှင်းမှရမှာတိုးလေး ပြသနာကို မမကိုယ်ဘာသာရှင်းကြည့်မည်။
တိုလေး…အမေ..မမအိမ်မှပြန်သွားတော့တိုးလေး ရောက်လာသည်…။
 မိတိုးတိုး နင်ကြိုက်နေတာ ဘာသာမတူတဲ့ ကုလားဆိုတာသိရင် နင့်အမေ သေလိမ့်မယ်နော် သတိထားတွဲနော် ။ စာပဲပေးယူလုပ်ပါအေ ။ တော်တန်အပြင်မချိန်းနဲ့နော်  သူငယ်ချင်း ဆိုတော့ သူလက်ခံသည် သူကြိုက်နှစ်သော ကောင်လေးက ဘယ်သူသားသမီးလဲ အစ်အောက်မေးတော့..မမအသိထဲမှ…သူရည်းစား အမေနှင့် မမ..အမေတော်တော်ခင်သည်။
မမ..ကိုလည်းချစ်သည် ။ အင်းဒါဆိုအေးဆေးဖြစ်သွားပြီ…
မမတိုးတိုးရဲ့ချစ်သူ အမေအန်တီလှကိုသွားပြောသည်.. အန်တီသားနော်သမီး သူငယ်ချင်းနဲ့ကြိုက်နေတယ်
သူမိန်းမလိုချင်နေတာနေလိမ့်မယ် ကျောင်းထုတ် မိန်းမပေးစားလိုက်တော့ဟုသွားပြောလိုက်သည်။
အမယ်လေးတော် ကျုပ်သားကိုမိန်းမလာယူခိုင်းနေတယ် ဟုပြော၍ရယ်နေသည်။
နောက်တာမဟုတ်ဘူးနော် အတည်နော်  ။ သူချစ်တာက  တရုတ်မနော်  ။ တော်ကြာ ၀က်သားနဲ့ညားနေမှာဆိုးလို့
လာပြောတာနော် ဒါပဲနော်ပြန်ပြီဟု ပြောဆိုပြန်လာခဲ့လိုက်သည်။
အန်တီလှအိမ်လိုက်လာသည်။ 
ဟဲ့  ......
မမ….ငါကသားကိုမေးတော့ဟုတ်တယ်တဲ့ ခက်ပြီ။ 

ဘယ်လိုလုပ်ရမလဲ သားကလည်း ဒီတစ်ယောက်လေးပါတာ …
အာ….ဒါများလွယ်လွယ်လေးကို သူမွေးတုန်းက ပေးစားထားတာ မရှိဘူးလားမေးတော့  သူ့မောင်လေးရဲ့သမီးနှင့် သဘောတူထားသည် ခုဆို ပေးစားမရတော့တဲ့ ဒါများ လွယ်လွယ်လေးပါ။
သူတို့နှစ်ယောက်ကို ခဏခဏဆိုင်အတွက်ပစ္စည်းဝယ်လျှင်တူတူဈေးဝယ်လွတ်ပေါ့ ။ အန်တီ ကိုယ်တိုင်မ၀ယ်နှင့် ။
တူတူတွဲပြီးဈေးရောင်းခိုင်း ပူးတွဲခိုင်း ဘာခိုင်းခိုင်း ကျောင်းမတက်ရလို့ ဘာအရေးလဲနော်။
တော်ကြာ ကိုယ်လက်မခံနိုင်တဲ့ မိန်းမရနေမယ်နော် ဟုပြောလိုက်သည်။
အန်တီလှ သဘောကြ လက်ခံ၍ပြန်သွားသည်။

တိုးတိုးကို မမ..သူချစ်သူနှင့်ကောင်မလေး သူတို့ခြင်း တူတူသွားလာချိန် တူတူစားသောက်ချိန်တွင် တိုးတိုးချစ်သူရဲ့ဆိုင်ရှေ့ကို တိုးတိုးကိုခေါ်သွား၍ပြလိုက်သည်။  သူတို့က မောင်နှမ၀မ်းကွဲချင်း ငယ်ငယ်လေးထဲက သဘောတူလက္ခံပေးထားတာလေ ။ အချိန်တန်ရင် သူတို့ ကို ပေးစားကြမှာ။ နင်က ခုမှချစ်ပြီး ယူချင်မနေနဲ့ ဟုပြောဆိုလိုက်ပါသည်။  တိုးတိုးနားလည်လက်ခံသည် ။ လုံးဝသူကောင်လေးကိုဖြတ်လိုက်သည်။ တိုးတိုး…အမေကို ထိုကြမှ မမ.. ပြောလိုက်သည် တိုးတိုးရည်းစားထားတာ ဟုတ်ပါတယ် … ဒါပေမယ့်  အခုတော့ ကွဲ(ပြတ်) သွားပြီ ။ တိုးတိုးစိတ်ညစ်နေချိန် အိမ်မှပို၍အလိုလိုက်ပေးပါ ။ သူနေချင်သလို အိမ်မှာနေတာကို မသိချင်ယောင်ဆောင်ပေးပါ ။

ဂရုတစိုက်ကြင်နာပါဟု တိုးတိုး..မေမေကို ပြောပြထားလိုက်သည်။ ထိုအခါတိုးလေး မေမေက မမကို ကျေးဇူးတွေတင်နေသည်။
အော်တိုးလေးရဲ့မေမေဟာလည်း မမရဲ့ မေမေပဲလေ နော့်  … အဲ့တော့  ဘယ်အမေမှပူလောင်မှုမပေးချင်ပါ။
အမေအားလုံး အေးချမ်းစေချင်သည့် ဆန္ဒမှာ မမရဲ့ ရင်ထဲမှာတည်နေပါသည် ။
ဆရာမကလွတ်၍ ကျောင်းခဏခဏပျက်နေသော သူငယ်ချင်းလေးအိမ်ကို လိုက်သွားတော့ သူအမေကအကျီလက်ချုပ်လိုက်သည်  ။

ထမင်းကိုပြောင်းနှင့်ပဲရော၍ ချက်စားကြသည်ဟင်းကို မုံညင်း ချဉ်ဖတ်နှင့် ငါးပိကြိုရေဆမ်း စားသည်။
စားဝတ်နေရေးမပြေလည်  စိတ်ထဲတော်တော်မကောင်းဖြစ်မိရသည်။ သူအဖေကဆုံးသွားပြီ မအေတစ်ယောက်ရှာဖွေစာနှင့် သားသမီး၎ယောက်ကိုကျောင်း
ထားပေးနေရတာ  ဟုသိခဲ့ရသည်။

မမခေါက်ဆွဲကျော်စားလျှင် တစ်ထုတ်ဝယ်သွားပေးပြီး သူတို့အိမ်ပို့ပေးလိုက်သည် ခုတော့ ကျူတာဆရာမတွေနှင့်အရာရှိတွေပေါ့ ကြားသိရ၍မမ...ပျော်ရပါသည်။
နောက်တစ်ယောက်ကြတော့  ထမင်းတောင်နပ်မှန်အောင်မစားကြရ
အော်သနားလိုက်တာ  နားကပ်တစ်ဖက်ချွတ်ပေးလိုက်သည်မမစိတ်လေးအေးချမ်းရော
အိမ်ရောက်တော့  နားကပ်တစ်ဖက်ပျောက်သွားသည်ဟုအမေ့ကိုညာလိုက်သည်။
အဖေကထပ်မဆင်နဲ့တဲ့  သူနှင့်မတန်ဘူးတဲ့  အမေကတော့ပြောသည်..အကြီးရမှာမို့အသေးပျောက်တာတဲ့..မမ..ရယ်နေမိသည်။

သတိတရရှိနေသည် ရင်းနှီးသောသူငယ်ချင်းမဟုတ်၍. .သူငယ်ချင်းနှင့် ထပ်မတွေ့တော့ပါ....။
ခရစ်ယာန်သူငယ်ချင်းလေးကတော့ အေးချမ်းသည် ။ စကားလဲမပီ သီချင်းဆိုတာ တော်တော်ကောင်းသည် ။
သီချင်းကြိုက်သော မမ စာအုပ်ကို ပိုက်လုံးလေးသဖွယ် အလိပ်ကလေးလိပ်၍ နားနားကပ်ကာ
သူကိုခဏခဏသီချင်းဆိုခိုင်းသည်။
မမ..သီချင်းနားထောင်ချင်တိုင်း ဆိုခိုင်းနေကြ သူဘယ်တော့မှ မငြီးမငြူ … သေချာစွာ သီဆိုပေးတတ်သည် ။ နေမကောင်းချိန်တွင်လည်း သူကမေတ္တာ တေးသီချင်းလေးတွေ သီဆိုပေးသည်။
လွမ်းလိုက်တာ သူငယ်ချင်းလေးအနော်ရယ်…….အတန်းထဲမှ ငွေကြေးမပြေလည်သော သူငယ်ချင်းများကို
မမ..ဆိုင်မှ စာအုပ်တွေယူသွား ခဲတံတွေယူသွား ဘောပင်တွေယူသွား အတန်းထဲမှာ သူငယ်ချင်းတွေကို ခဏခဏပေးသည်။
အဖေကဆိုင်မှစာအုပ်တွေဘောပင်တွေ ကြွက်ကခဏခဏချီသည်ဟုပြောသည်။
အမေကရယ်နေသည်။

ဖရဲသီးစားလျှင် အလုံးလိုက်ဝယ်ခိုင်းသည် အိမ်ရှေ့လမ်းဘေးမှာ ရပ်ကွက်ထဲမှ အိမ်ဆိုင်လေး လာထွက်နေသောအဖွားအုန်းကို သေချာခွဲစိတ်ခိုင်းသည်
 မမလည်းစား အဲ့ဒီအဖွားလည်း ကျွေးရင်းပေါ့  ။ ကျန်တာကိုသူ့ဆိုင်ပေါ်တင်ရောင်းခိုင်းသည်။
စွန်လွတ်ချိန်လည်း စွန်ကို ဒါဇင်လိုက်ဝယ်ခိုင်းသည်။
ကိုယ်လည်းလွတ်  ၊ အဲ့ဒီအဖွားအုန်းဆိုင်ပေါ်လည်းကျန်တာ တင်ပေးထားပြီးရောင်းခိုင်းသည်။
ဇီးယိုစားချင်လည်းအိမ်မှ မမ…အဘိုးကို ယိုထိုးခိုင်းသည် ။ အဖွားအုန်းကို သူ့ဆိုင်မှာ အဖွားအုန်းလဲစားပေါ့ဆိုကာ တင်ရောင်းခိုင်းသည်။
မမ…တော်တော်အမြတ်ကျန်ပါသည် ။ 
အိမ်မှအရင်းစိုက် သူများကရောင်းပေး….. 
အဲ့လိုလေး အိမ်မှာ လူလည်ကျ ငွေရှာတတ်ခဲ့ပါသည် ။

ဝက်သားမစားရ ၊ ၀က်သားမတင် ”၃၇မင်း” ကိုးကွယ်သော အမေ မသိအောင်လည်း ထိုအဖွားအား ၀က်သားစားချင်တိုင်း ၀က်သားနီချက်၂၅ိ/သားချက်ခိုင်းပြီး… 
ထိုအဖွားအုန်းကို တစ်ဝက်ပေး ၊ တစ်ဝက်ကို ဒီတိုင်းအ၀ထိုင်စားသည် ။ယခုချိန်ထိမမေ့နိုင်ပါ..အဖွားအုန်းကတော့ ဆုံးပါးသွားပါပြီ။
လူသေ…လူဖြစ်သော အဖေ့ကို လူသေလူဖြစ် ၊ ခွေးသေခွေးဖြစ် ၊ ကြောင်သေကြောင်ဖြစ် ၊ အကောင်တွေသေ အကောင်တွေဖြစ်တယ်သာဆိုတယ် … အဖေရယ်
”လူ’’ ၁၀၀သေ ”လူ၁၀၀ရာ” ပြန်ဖြစ်ရမှာ … 

ဘာလို့ လူတွေ ခွေးတွေ တရိစ္ဆာန်တွေ ပွားလာလဲမသိဘူးဟုပြောမိ၍ အသေအနွှာခံရပါသည်။
အားလပ်သောရက်များတွင် အမေကဘုန်းကြီးကျောင်းပို့ထားသည်  ဘုရားတရားတော်တွေ လေ့လာခိုင်းသည်  အဖေကလူသေလူဖြစ်သည်ဟုဆိုကာ ပြဿနာလုပ်သည် ။
မမ…ဆိုးသည်ဟုဆိုကာထစ်ကနဲရှိလက်ပါတတ်သောအဖေ… အမေသေဆုံးမှ မမကို…သမီးလေးကလိမ်မာတယ်ဟုပြောဆိုကာ မမ..ဘုန်းကြီးဝတ်ပေးတာလက်ခံ တရားတော်တွေနာယူ ရိပ်သာဝင်တရားထိုင်နှင့်ပြောင်းလဲသွားသောအဖေ ယခုတော့ အဖေထိုအဖေ မမ..ဘေးမှာမရှိတော့ပျောက်ဆုံးသေဆုံးသွားပြီ ။

အမေ…သေဆုံးချိန်ထိ မမကို သိပ်လိမ်မာတဲ့သမီးလေးဟုဆိုကာ တစ်ခွန်းမှ
မဆူမဆဲသော အမေ ယခုတော့ အဖေ အမေ ပျောက်ဆုံးကုန်ပြီ  သေဆုံးကုန်ပြီ
အရင်ငယ်ဘ၀လေး လွမ်းမိပါသည်။

7 comments:

  1. မမရေ မောင်လေးစမိုင်း လာရောက်အားပေးဖတ်ရှုသွားပါတယ်ခင်ဗျာ မမရဲ့စာတွေကိုအမြဲဖတ်ချင်ပေမဲ့ ပါရမီမကောင်းလှတဲ့ကွန်ပျူတာအစုတ်ကြောင့် ဆန္ဒတွေပျက်ပြားခဲ့ရတယ် မမခွင့်လွှတ်နော် နောက်ကွန်ပျူတာကောင်းကောင်းဝယ်ပြီးရင်တော့ နေတိုင်းပဲလာခဲ့မည်လို့ကတိပြုပါတယ်ခင်ဗျာ
    မမတယောက် ထာဝရအမြဲပျော်ရွှင်ကြည်နူးလို့ ဆိုးချင်တိုင်းဆိုးနိုင်ပါစေ မမဆိုးတာကိုသည်းခံခွင့်လွှတ်ပြီး အမကိုအားပေး မမကိုပျော်ရွှင်စေနီုင်တဲ့သူနဲ့လည်း ပေါင်းဖက်နိုင်ပါစေဗျာ

    ReplyDelete
  2. ကွန်ပျူတာကောင်းကောင်းဝယ်နိုင်စေသတည်းးးးးးးး

    ဆန္ဒမှန်သမျှပြည့်ဝစေ....းP

    ReplyDelete
  3. လွမ်းစရာလေးတွေကို သတိရလာလို့.. မမန့်တတ်တော့ဘူး..

    ReplyDelete
  4. မ..မ..
    ရေးတင်သမျှနေ့တိုင်းလာလာဖတ်ပေးကြတာကိုပဲကျေးဇူးတင်နေပါတယ်.....

    မမြင်မသိခင်မင်ကြတာကျေးဇူးတင်ပါတယ်...။

    သူငယ်ချင်းများအားလုံးစာရေးသောသူ...

    စာဖတ်သောသူများကိုလေးစားပါတယ်....

    ကျန်းမာပကတိ..ချမ်းသာစွာရှိပါစေ....

    အမှန်လေးတွေပဲရေးချင်နေသောသူဖြစ်ပါသည်...........။

    မှားလျှင်တောင်းပန်၏.......စာရေးသူစာဖတ်သူများအား
    လေးစားတန်ဖိုးထားပါသည်..........။

    ReplyDelete
  5. အစ်မရေ.......စစချင်အပိုင်းလေးကတော့
    ကလေးဘ၀ကိုလွမ်းစရာပါ....။
    နောက်တော့တဖြည်းဖြည်း စဉ်းစားစရာလေးတွေပါလာတယ်။
    ဟုတ်တော့ ဟုတ်တယ်ဗျ.....။

    ReplyDelete
  6. ဂရုနာဖြစ်မီပါတယ်ဗျာ
    လူဘ၀ဆိုတာ ဒီလိုဘဲလေ
    သဘာဝက ၀မ်းနည်းခြင်းရော
    ပျော်ရွင်ခြင်းရောကို လူဖြစ်ကတည်းကအကုန်လုံးပေးထားတာဘဲ
    အလှည့်ကျခံစားဖို့က လူ . . .ပါ . . ဘဲ . . . လေ
    အဲ့လိုလေးဘဲဖြေပေါ့နော် . . .မ . မ

    ReplyDelete
  7. ဟုတ်မမ မမနဲ့ထပ်တူ ငယ်ဘ၀လေးကို လွမ်းမိပါ၏...... စိတ်ထားဖြူစင်ပြည့်ဝတဲ့ မမ တစ်ယောက် ဆန္ဒများပြည့်ဝပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ ............

    ReplyDelete