Pages
Friday, September 17, 2010
အဆုံးမဲ့ပေးဆပ်ခြင်း(ဖေဖေ)အမှတ်တရ
ဖေဖေဆုံးသွားပြီ........
ရှေ့ကသွားတော့..
နောက်ကလိုက်ရမှာ သေရွာကမ္ဘာ..
ငါရောက်နေတာ..
အဆုံးမဲ့ပေးဆပ်ခြင်းနဲ့ ချစ်ကြင်နာတာ..
မေမေ..ဖေ.ဖေ..
မရှိတော့ပါ..
မမကမ္ဘာ....ကမ္ဘာမပြိုငါငိုနေတယ်....
မိဘမေတ္တာ ဖြေစရာမရှိ...
ရင်ထဲမှာ ဝေဒနာအတိ..
မေမေ..ဖေဖေ..
ပျောက်ကွယ်ချိန်မှာ..
ရင်ထဲမှာငရဲမီးလောင်တာ..
ဖေဖေသေဆုံး..
တိမ်တွေဖုံးပေါ့.....
တိမ်တိုက်မပြို...မိုးတွေငိုတယ်..
ကြယ်လပျောက်တော့
မိုးမင်းညိုရိပ်ဆင်နေတယ်
ကောင်းကင်မှောင်တွင်း
လျှပ်ရောင်ဝင်း
ရင်ထဲတိုက်ပွဲဝင်နေတယ်။
စိတ်သဏ္ဍန်မှောက်မှား
အာရုံနောက်သွား
သိကြားမင်းနောက်ပြောင်စနေတယ်။
လမင်းအမိ 
 ကြယ်တာရာတွေခြံရံလှပ
နေမင်းအဖ
နွေးထွေးခြင်းတွေနဲ့
ပေးဆပ်
ကောင်းကင်ထက်မှာရှိနေတယ်။
11 comments:
  1. အစားထိုးလို့မရတဲ့ ကိုးကွယ်ရာပါ မမရယ် ....
    ကဗျာလေးကို အားပေး ခံစားသွားပါတယ်ရှင် ....
    ReplyDelete
  2. ဟုတ်...လာဖတ်သွားတယ်နော်..
    စိတ်မကောင်းဖြစ်ရပါတယ်ဗျာ...
    ReplyDelete
  3. မမရေ ... ဖခင်ချင်း ကိုယ်ချင်စာ ၀မ်းနည်းမိပါ၏ ...။
    အကြင်နာပေါင်း ရှစ်သောင်လေးထောင် စာအုပ်လေးကို မမ ဖတ်လိုက်ပါဗျာ ...။
    စိတ်သက်သာစရာ တစ်ခုခုတော့ ရမယ် ထင်ပါတယ် ..။
    ReplyDelete
  4. ...
    မမရေ... တစ်ချိန်ချိန်မှာ လူတိုင်းဖြတ်သန်းတွေ့ကြုံရမဲ့ အရာဆိုပေမဲ့
    ...
    ReplyDelete
  5. စိတ်မကောင်းပါဘူး လို့ ပြောတာအပြင် ဘာမှ မတတ်နိုင်ခဲ့ပါဘူး
    ရင်ထည်းက ခံစားချက်က တော့ ဒီထက်ပိုမှာပါ
    မမ မှာ တရား ရှိပါတယ်
    စိတ်ကိုတည်ငြိမ် ငြိမ်းချမ်းစွာ ထားနိုင်ပါစေ
    ReplyDelete
  6. ကောင်းရာမွန်ရာဘ၀ ကို ရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်
    သိတတ်စအရွယ်မှ ယနေ့ချိန်ထိ ပြုပြုသမျှသော ကုသိုလ်အဖို့ဘာဂ ကို အမျှဝေပါတယ်
    ရောက်ရာဘ၀မှ သာဓုခေါ်နိုင်ပါစေ
    ReplyDelete
  7. စိတ်မကောင်းပါဘူး မမ ဒါပေမဲ့ဒါတွေဟာ ဘဝမှာအမြဲကြုံတွေ့ရမဲ့အရာတွေပဲလေ
    ReplyDelete
  8. စိတ်မကောင်းပါဘူး.........မမ
    လောကမှာပြန်မရတဲ့အရာ (၃) ခုရှိတယ်
    နှစ်ခုကတော့ ...အမိ နဲ့ အဖပေါ့ 
    နောက်တစ်ခုက အချိန် ဆိုတာပါ
    ReplyDelete
  9. အခုမှ သိတာ မမ
    အစားထိုးမရတဲ့ ဆုံးရှုံးမှုမို့... ကျနော်လည်း တစ်နေ့ ကြုံရဦးမယ်။
    အေးချမ်း ရာမှာ ခိုနားနိုင်ပါစေဗျာ။
    ReplyDelete
  10. သတင်းတော့ ကြားပါတယ်
    စိတ်မကောင်းပါ
    ReplyDelete
  11. မမ ..
    ကျွန်တော်တို့တွေလည်း အဲ့ဒီနေရာကို ရောက်ရဦးမယ်နော် !
    ReplyDelete