မငိုနဲ့တဲ့ ပြီးတော့လည်း
ထားသွားခဲ့တယ်အချစ်ရယ်
နွေးထွေးတဲ့လက်တစ်စုံရယ်
ကြင်နာတတ်တဲ့ မျက်ဝန်းတစ်စုံရယ်
မွေးဖွားခါစ ကလေးတစ်ယောက်လို
ကိုယ့်ကိုအစစ အရာရာဂရုစိုက်
စောင့်ရှောက် ဖေးမပေးတတ်တဲ့ စိတ်နဲ့
အမြဲတန်းမခွဲမခွါ အနားနားကပ်နေတဲ့
အရိပ်တခု ပျောက်ဆုံးသွားတာ
သေမတတ်နာကျင်ပြီး
မပဋာလက်သစ်ဖြစ်နေလို့
ကိုယ့်မှာ
တရားနဲ့ဖြေနေရတယ်ကွယ်
အလွမ်းတွေဟာ မပျိုးပဲ ရှင်သန်ပြီး
စိတ်ကို နှောင်ဖွဲ့ထားတယ်
လွမ်းလိုက်တာကွယ်
သတိရခြင်းစိတ်ဟာ
အလွမ်းတွေကိုထွေးပွေ့
ချစ်ခြင်းတရားရဲ့ သက်သေပါပဲ
လွမ်းလိုက်တာကွယ်
0 comments:
Post a Comment