Pages

Thursday, July 25, 2024

စိတ် ခုနှစ်ထွေအက

 ♥စိတ်♥


ဒဿနတော့ ရှိတယ်

ကဗျာ မဟုတ်ဘူး

လောက ရှိတယ်အလောတကြီး 

ကနေတာ မောဟ ရှိတယ်မောလာ ပါးစပ်လေး ဟ ပြီး လေရှူတာ

မေတ္တာတော့ရှိတယ်

မသိတဲ့လူက လူရွှင်တော်လားတဲ့

စျေးမရောင်းတတ်  အလှုပေး

မရောင်းတတ်ဘူး အပုတ်အသိုးမခံဘူး

ဒါနဲ့ လှူပြစ်ခဲ့တယ်

ပြန်ရမယ့်လမ်းလက်ထဲဘာမှ

 ဆုတ်ကိုင်မထားတော့

 ပေါ့ပါး သွက်လက်နေတာပေါ့

ငါဟာတန်ခိုးတန်ခိုးရှင်

တစ်ယောက် မဟုတ်ပါဘူး

ဒါပေမဲ့...........

စိတ်ဟာ ကောင်ကင်ထက် 

ဝဲပျံနေတယ်

တိမ်ညွန့်ခူးစား ပြန်ဆင်းလာတာ

လှလိုက်တဲ့ ကောင်းကင်............

ပြာတလှည့် နီတလှည့် ဝါတလှည့်

နတ်သမီး ရောင်စဉ်အလှ

ခုနှစ်ထွေ အက ကနေတယ်..


တစ်ခါတစ်ခါ သူက အိပ်ချင်လာရင် 

ပုဇွန်ဆီရောင်အသွေးနဲ့

နီညိုရောင်လေးလည်း ပြေးတတ်သေးတယ်..


0 comments:

Post a Comment