Pages

Saturday, November 16, 2013

ကိုကျော်သူ နာရေးကူညီမှုအသင်းသို့(ရန်ကုန်) အဖြူရောင်အွန်လိုင်းပရဟိတအသင်း နှင့် (မျိုးချစ်မြန်မာ) ဆရာတော် တို့၏ အလှူဒါနပေးအပ်ခြင်း


ကိုကျော်သူ နာရေးကူညီမှုအသင်းသို့(ရန်ကုန်) အဖြူရောင်အွန်လိုင်းပရဟိတအသင်း နှင့် (မျိုးချစ်မြန်မာ) ဆရာတော် တို့၏ အလှူဒါနပေးအပ်ခြင်း
အဖြူရောင် အွန်လိုင်းပရဟိတအသင်း ၏ ဆိုက်တည်ထောင်ခြင်း တနှစ်ပြည့် အထိမ်းအမှတ်နှင့်
အလှူငွေများပေးအပ်ပွဲ အခန်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခ ခန်းမဆောင်တွင်
၁၁-၁၁- ၂၀၁၃ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခန်းအနားသို့ ရွှေပါရမီ ပညာဒါန
( ကွန်ပြူတာ အင်္ဂလိပ်စာ နှင့် ထိုင်းစကားပြောသင်တန်း)
ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(၂၇၁) မှနာယက (မျိုးချစ်မြန်မာ) ဆရာတော် အရှင်သီဟဥာဏ (ထိုင်းနိုင်ငံ)  နှင့် ဆရာတော် ၏ အလှူ့ တကာ / တကာမ များကပါ
ပူးပေါင်းပါဝင်လှူဒါန်းခဲ့ ကြောင်း သိရှိရပါသည်။


အခန်းအနားတွင် အဖြူရောင်အွန်လိုင်းပရဟိတအသင်း ၏ (အထူးဘလောခ့်ဂါ ) အရှင်ပဏ္ဍိတ (ဒေါင်းဖြူ) မှ အသင်းသူ/အသင်းသားများ အတွက် သြဝါဒစကား မိန့်ကြားခဲ့ကြောင်းသိရပါသည်။

အဆိုပါအခန်းအနားတွင် အဖြူရောင် အွန်လိုင်းပရဟိတအသင်း မှ
နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင်
အသုံးပြုရန်အတွက်

ကျပ်ငွေ (၁၀)သိန်းအား၎င်း။


(မျိုးချစ်မြန်မာ) ဆရာတော် အရှင်သီဟဥာဏ မှ ဒေါ်လာ တစ်ထောင် အား၎င်း။ (မျိုးချစ်မြန်မာ) ဆရာတော်ကို အမှူးပြု၍ ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်နေ ဒေါ်နိုင်နိုင်အေး မှ နာရေးကူညီမှုအသင်း ( ရန်ကုန်) ၏
နာရေး ကူညီမှု လုပ်ငန်းများ တွင်အသုံးပြုရန် အတွက်

ကျပ်ငွေ (၁) သိန်း အား၎င်း။

(မျိုးချစ်မြန်မာ) ဆရာတော်ကို အမှူးပြု၍ ရန်ကုန်တိုင်း ဒေသကြီး
အလုံမြို့နယ်နေ ဒေါ်မြမြမိုး မှ နာရေးကူညီမှုအသင်း ( ရန်ကုန်) ၏ နာရေးကူညီမှု လုပ်ငန်းများ တွင်အသုံးပြုရန် အတွက်
ကျပ်ငွေ (၁) သိန်း အား၎င်း။

(မျိုးချစ်မြန်မာ)ကိုအမှူးး
.ပြု ၍ မယ်တော် ဖြစ်သူ ဒေါ်ရွှေရ (မန္တလေး) မှ
နာရေးကူညီမှုအသင်း ( ရန်ကုန်) ၏နာရေးကူညီမှုလုပ်ငန်း

များ တွင်အသုံးပြု ရန် အတွက် ကျပ်ငွေ (၁)သိန်း အား၎င်း။

(မျိုးဆက်သစ်အွန်လိုင်းပရဟိတ-ရန်ကုန်အကျိုး
.တော်ဆောင်) ကိုအောင်မင်း မှ
ဒေါ်လာ (၂၅၀) အား သုခအလင်း စာကြည့်တိုက်အတွက် အသုံးပြုရန်
အသီးသီးပေးအပ် လှူဒါန်းကြရာ နာရေးကူညီမှု အသင်း(ရန်ကုန်)
ဥက္ကဌ ဦးကျာ်သူ ကိုယ်တိုင် အလှူငွေ များ ကို လက်ခံပြီး  ကျေးဇူးတင် အမှာစကားပြောကြားကာ မှတ်တမ်း လွှာ များပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။




၎င်းနောက် အဖြူရောင် အွန်လိုင်းပရဟိတအသင်း ၏ ဆိုက်တည်ထောင်ခြင်း
တနှစ်ပြည့် အထိမ်း အမှတ်တွင် အကောင်းဆုံး အက်မင် ဆုများအား ပေးအပ်ခဲ့ရာ
ဆုပန် နှင့် ကြယ်စင်ဖြူတို့ နှစ်ဦးမှ အမှတ်တူ ဆွတ်ခူးရရှိပြီး ဆုပန်မှာ ကိုယ်တိုင်တက်ရောက် ယူနှိုင်ခဲ့သော်လည်း ကြယ်စင်ဖြူမှာ ပြည်ပနိုင်ငံ
တွင် ရောက်ရှိနေသဖြင့်  သူမ၏ကိုယ်စား
ဆိုက်ပိုင်ရှင် မ..မမှ ကိုယ်စားတက်ယူပေးခဲ့ပါသည်။


အဆိုပါ ဆုပေးခြင်းအစီအစဉ်ကို သူရအောင်(နည်းပညာ) မှဖိတ်ကြားထားသော
တက်သစ်စ လူငယ်ေ
တးသံရှင် ကိုထက်ပိုင် နှင့် ကိုသူရ တို့မှ ဆုတံဆိပ်ပေးအပ်ရာတွင်
အားဖြည့် ကူညီပေးခဲ့ကြောင်း သိရပါ သည်။


ထိုအပြင် (မျိုးချစ်မြန်မာ) ဆရာတော်  အရှင်သီဟဥာဏ သည် အခန်းအနားတက်ရောက်သူများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တနေ့တာ တာဝန်ထမ်းဆောင်နေကြသော
 စေတနာ့ ဝန်ထမ်းများ  နှင့် သုခ ကုသိုလ်ဖြစ် ဆေးခန်း မှ လူနာများအတွက်ပါ
ရည်စူးကာ ညနေစာ ထမင်းကြွေးမွေးရန်အတွက် ကျပ်ငွေ
တစ်သိန်းလေးသောင်းကို တာဝန်ယူလှူဒါန်းသွားခဲ့ကြောင်းသိရှိရပါသည်။


 (မျိုးချစ်မြန်မာ) ဆရာတော်  အရှင်သီဟဥာဏ သည် အဆိုပါအခန်းအနားသို့ တက်ရောက်ရန်အတွက် ထိုင်းနိုင်ငံမှ နေ့ခြင်းပြန်ခရီးအဖြစ် ကြွရောက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
( မှတ်တမ်း-ဓာတ်ပုံများ)



အခန်းအနားတွင် အဖြူရောင် အွန်လိုင်းပရဟိတအသင်း ၏ (အထူးဘလောခ့်ဂါ ) 
အရှင်ပဏ္ဍိတ (ဒေါင်းဖြူ) မှ အသင်းသူအသင်းသားများအတွက် သြဝါဒစကား မိန့်ကြားနေစဉ်

အခန်းအနားတွင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော တက်သစ်စ
လူငယ်တေးသံရှင် ကိုထက်ပိုင်- ကိုသူရ နှင့် ကိုသူရအောင် (နည်းပညာ)တို့အားတွေ့ရစဉ်

အဖြူရောင် အွန်လိုင်းပရဟိတအသင်း အဖြူရောင်ဆိုက်မှ Creator ဖြစ်သူ အောင်လေး(နည်းပညာ) မှ
အဖြူရောင် အွန်လိုင်းပရဟိတအသင်းဝင်များ၏ ကိုယ်စား အလှူငွေ ကျပ် (၁၀) သိန်းအား
နာရေးကူညီမှုကအသင်း(ရန်ကုန်)သို့ ပေးအပ်လှူဒါန်းရာ ဥက္ကဌ ဦးကျော်သူမှ
လက်ခံရယူပြီး မှတ်တမ်းလွှာပြန်လည်ပေးအပ်နေစဉ်

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဥက္ကဌ ဦးကျော်သူမှ အလှူရှင်များအား
ကျေးဇူးတင်စကားပြောကြားနေစဉ်
၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Admin ဆုရရှိသူ ဆုပန် အားတက်သစ်စလူငယ်အဆိုတော်
ကိုထက်ပိုင်မှ ဆုတံဆိပ် ပေးအပ်နေစဉ်

၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Admin ဆုရရှိသူ ကြယ်စင်ဖြူ ၏ ကိုယ်စား
ဆိုက်ပိုင်ရှင် မ..မ အား တက်သစ်စလူငယ်အဆိုတော် ကိုသူရမှ ဆုပေးနေစဉ်


အဖြူရောင် အွန်လိုင်းပရဟိတအသင်း ဝပ်ဆိုက်မှ ဘဏ္ဍာရေးတာဝန်ခံ ခင်ဂျူးမှ 
တနှစ်တာအတွက် ရဟိတလုပ်ငန်းနှင့်ပါတ်သက်သော ငွေစာရင်းအား ဖတ်ကြားနေစဉ်
သတင်း - အာကာထက်ကျော်
အပျော်တမ်း သတင်းထောက်
ယခု သတင်းအား ဆိုက်အလှူရှင် ဘဘ စောကျော်ဦးအား လေစားသောအားဖြင့် ၄င်း
ဘဘ ခံစားနေရသော ရောဂါဝေဒနာမှ အမြန်ဆုံး သက်သာပါစေရန် ဆုတောင်းမေတ္တာ ပို့သရင်း ရေးသားပေးပို့ ဂုဏ်ပြုအပ်ပါသည်။

ကိုကျော်သူ နာရေးကုညီမှုအသင်းသို့(ရန်ကုန်) အဖြူရောင်အွန်လိုင်းပရဟိတအသင်း နှင့် (မျိုးချစ်မြန်မာ) ဆရာတော် တို့၏ အလှူဒါနပေးအပ်ခြင်း
မှတ်တမ်းဓာတ်ပုံနှင့်တကွသတင်းရယူပေးသော
ကိုအာကာထက်ကျော်ကို
အဖြူရောင်အွန်လိုင်းပရဟိတမိသားစုများမှ
ဦးစောကျော်ဦး ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါသည်။


ကျေးဇူးတင်ဝမ်းမြောက်ကြောင်းမှတ်တမ်း
အဖြူရောင်အွန်လိုင်းပရဟိတ အသင်း၏ နှစ်ပတ်လည် အခန်းအနားနှင့် သုခကုသိုလ်ဖြစ်ဆေးခန်း သို့ အလှူငွေများ လှူဒါန်းပေးအပ်ပွဲ အောင်မြင်စွာ ပြီးမြောက် အောင် အစစအရာရာ ကူညီဆောင်ရွက်ပေးကြသော
မျိုးချစ် မြန်မာဆရာတော် အရှင်သီဟဥာဏ
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
ဦးကျော်သူ နှင့် ဇနီး
ဒေါ်နိုင်နိုင်အေး
ဒေါ်မြမြမိုး
ဒေါ်ရွှေရ
မ..မ
ဦးအောင်မင်း(မျိုးဆက်သစ်အွန်လိုင်းပရဟိတ-ရန်ကုန်)
စာရေးဆရာ မကွေး ညိုစိမ့်
စာရေးဆရာ  ကိုသစ်ကို
အဆိုတော်ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ပန်ဆုပြည့်ကျော်
ခင်ဂျူး
အောင်လေး
ဆုပန်
ဝေေ၀
ခင်ကံ့ကော်(အမုန်းမြို့သူ)
လှယမင်းဦး
ဂူးဂူး
မြတ်မင်းစိုး
အထူးဧည့်သည်တော် အဆိုတော်ထက်ပိုင်
ကိုသူရ
ဦးမိုးကျော်(ဟာသသရုပ်ဆောင်)
သူရအောင် (နည်းပညာ)
ချိုချဉ်(ခ)ကိုရဲဝင်းအောင် နှင့် သူငယ်ချင်း ၂ ယောက်
ကိုရောင်လေး
တို့အပြင် နာရေးကူညီမှု့အသင်းသူ အသင်းသားများအား
 အဖြူရောင်အွနှ်လိုင်းပရဟိတ အသင်းမှ အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
                                          ဆိုက်အလှူရှင် ဘဘစောကျော်ဦး(ကိုယ်စား)

0 comments:

Post a Comment