Pages

Friday, October 5, 2012

မြတ်ဆရာဂုဏ် ကျေးဇူးအဖုံဖုံ ဆပ်၍မကုန် ဤလူဘုံ


မြတ်ဆရာဂုဏ် ကျေးဇူးအဖုံဖုံ ဆပ်၍မကုန် ဤလူဘုံ
Dec 26, '10 9:05 PM
for everyone


"အောက်တိုဘာ (၅)ရက်နေ့ မှာ ကျရောက်သည့်
နိုင်ငံတကာ ဆရာများနေ့ 
"" မြတ်ဆရာဂုဏ် ""
လူဘုံခန်းဝါ သံသရာထဲမှာ
တစ်ဘ၀သာသနာ
အယုတ်အလတ် အမြတ်မရွေး
တရားအသိ အသိတရား
အသိပညာ အတတ်ပညာ
သင်ကြားဝေငှ
မြင်ဆရာကြားဆရာ
ရှစ်ခိုးဦးတင်ကန်တော့ပန်းဆင်၍
" လေးစားဦးညွတ် ဂုဏ်ပြုပါတယ်.."
ကျေးဇူးအဖုံဖုံ
ဆပ်၍မကုန် ဤလူဘုံ  မြတ်ဆရာဂုဏ်
ဆရာတစ်ဆူ
ဆေးဝါးတတ်သိ ကျွမ်းကြင်ဘိ
ကတိသစ္စာ တည်သောခါဝယ်
နွယ်မြက်သစ်ပင် ဆေးပင်ဖြစ်သူ
ဗေဒင်သုံးပုံ နုတ်ငုံရသူ
အလွမ်းအဆွေး
အငိုအရယ်
ကွက်စိတ် ဟောသူ
ကျေးဇူးအဖုံဖုံ
ဆပ်၍မကုန်  ဤလူဘုံ
မြတ်ဆရာဂုဏ်
က၀ိပညာ ရှိသောခါဝယ်
ပညာရွှေအိုးလူမခိုး 
သင်သည့်ဆရာ နာသည့်တပည့်
ရင်တွင်းစေတနာ
မြင်သိသမျှ တတ်သိစေချင်
ဆရာ့ဂုဏ်အင်
ဖြူစင်မှု့များ ဆရာ့ထံပါး
တတ်သည့်ပညာ ကောင်းဆိုးနှစ်တန်
ဆရာစားမချန်
ဤလောကီဝယ်
နာသည့်တပည့်
ကျော်ကြားမော်လွှားစေ့ချင်တာ
ကျေးဇူးအဖုံဖုံ ဆပ်၍မကုန်
ဤလူဘုံ
မြတ်ဆရာဂုဏ်
လွန်တာရှိဝန္ဒာမိ
ရှစ်ခိုးကော်ရော်  ဖူးမျော်လက်စုံ
အလွန်ထူး မြတ်သည့် ဆရာဂုဏ်..။

0 comments:

Post a Comment