Pages
Tuesday, January 10, 2012
မိုးကုတ်ဆရာတော်ဘုရား ကိုယ့်အရေးထက်သူများအရေးကြီးမိတာ ၀ဋ်သင့်တာ
ိ
မြင်မြင်သမျှခင်တာ သာမညလား စွဲလန်းတာလားဆိုတာကြည့်ပါ
ကိုယ့်အရေးထက်
သူများအရေးကြီးမိတာ ၀ဋ်သင့်တာတဲ့ ။
ဘုရားက ၀ိပဿနာရှု့ကြဟေ့လို့1792 ကြိမ်မှာတယ်  မရှု့ပဲနေရင်ဌိတ္ထဓမ္မ
အကျိုးပေးမှာက သေခါနီးမှာ ကိုယ့်အရေးထက်
သူများရေးဦးစားပေးတဲ့
နေရာတွေရောက်ပြီး
သေခါနီးဆဲဆဲ မသေခင်လေးအချိန်မှာ ငရဲမီးလျှံတို့ တောင်တွေ
ချောက်တွေမြင်ရတယ်။ ခွေးနက်ကြီးတို့မြင်ရတော့
ငါတော့ သူများအရေးကြီးမိလို့
ဒုက္ခရောက်ပြီဆို ငါဖြင့်အနေဆိုးနေလို့
အသေဆိုး သေရတာဆိုပြီး 
ဝမ်းနည်းပြီးမျက်ရည်ကျတတ်တယ်။
ဘုရားက
ဝိပဿနာရှု့ကြဟေ့လို့1792 ကြိမ်တိတိမှာတယ်သားကိစ္စ၊သမီးကိစ္စ
ဆွေမျိုးကိစ္စ
၊သူများကိစ္စနဲ့သာ  နေရသမျှ အချိန်ကုန်နေတာတွေကြောင့် 
သူများအရေးသာဂရုစိုက်
ကိုယ့်အရေး ဂရုမစိုက်တော့  အပါယ်လေးပါးဖြစ်တဲ့ ငရဲ
တိရစ္ဆာန်၊ပြိတ္တာ
အသူရကယ် အပါယ်လေးပါးက မလွတ်တော့ဘူး။
တစ်ယောက်ကိုတစ်ယောက် လောကွတ်လုပ်
အရူးပြုံးပြုံးကာ လောကွတ်လုပ်နေကြတာ
သင်ပေးမယ့်လူ မရှိရင်
အပါယ်လေးပါးသွားရမယ်။
ဘုရားက၀ိပဿနာရှုကြလို့1792ကြိမ်မှာတယ်
အနှစ်တစ်ရာတစ်ကြိမ်ပေါ်တဲ့ သမုဒ္ဒရာမှာ  လိပ်ကမ်းကြီးရှိတယ်
အယ့်လိုပဲ လူဘ၀တစ်ကြိမ်ရဖို့ မလွယ်ဘူး။
ဒါကြောင့် ငါ၏  ချစ်သားတို့
ဝိပဿနာရှု့ကြဟေ့ သားရေးသမီးရေး စီးပွါးရေးကြောင့်
မေ့မနေနဲ့သေခါနီး  ကိုယ်ကျိုးနဲတတ်တယ်  နေခြင်းဆိုးနေသမျှ အသေဆိုးသေပဟဆို
အမောမပြေနိုင်ပဲ  အမောဖောက်လို့  မျက်ရည်ကြီးငယ်ကျလို့ 
နှလုံးမသာမယာဖြစ်ပြီး
 သေချင်းဆိုးသေ ငရဲကျတတ်တယ်။  ဒါကြောင့်ဝိပဿနာ အလုပ်လုပ်ရမယ်
ဝိပဿနာသည်
  ဒုက္ခကို သိမ်းသည် ကျန်းမာနေသခိုက် နာလည်းနာ၊
မှတ်လည်း မှတ်ကြပါ။
ဝဋ်သပုံဏ္ဍားဆီသွားတော့ ရှင်ကြီးဂေါတမ အိပ်နေလည်းသိတယ်
သွားနေလည်းသိတယ်
စားနေလည်းသိတယ် အကုန်သိတယ်ဆိုတော့ မဟုတ်ဘူးကွ
မသိပါဘူးဒိဗ္ဗစက္ကူနဲ့သာသိပါတယ်ပြောတယ် ပုဏ္ဍားကမေးတယ်အရှင်ဘုရား
လူဟာ  လူသံယောဇဉ်မစွန့်ပဲနဲ့   နိဗ္ဗာန်ရပါ့မလား မေးတယ်
လူဟာ ကိုယ့်သံယောဇဉ်  အသီးသီးရှိကြတယ်
လူဟာ  လူသံယောဇဉ်မစွန့်ပဲနဲ့နိဗ္ဗာန်မရဘူးကွလို့ဟောတယ်
သားခင်တာမဝ
သမီးခင်တာမ၀ ပစ္စည်းရှာတာမ၀ ဘယ်တော့မှ အငတ်မပြေဘူး
ငတ်သေနေကြတာ မြေး
မြစ်သားသမီး ခင်လို မင်လို့ပေးလို့ကမ်းလို့မ၀နိုင်ဘူး
သံယောဇဉ်ကကြီးနေတော့   အားလုံးအပ္ပါယ်သွားရတယ်။
လူသံယောဇဉ်စွန်တဲ့အချိန်  ဘုရားမှပြတယ်။
သံယောဇဉ်က အနိစ္စ ရှုတာကမဂ်
   ဒါသံယောဇဉ်စွန့်တဲ့မဂ်
ခင်တဲ့စိတ်ဖြစ်ပျက်ရှု့ပေါ့  သံယောဇဉ်ကဖြစ်ပျက်   ရှု့တာကမဂ်ပေါ့ 
သံယောဇဉ်မလွှတ်ပဲ
ခင်တဲ့စိတ်ပေါ်လာတာကို   ပေါ်လာတိုင်း
ပေါ်လာတိုင်းဖြစ်ပျက်ရှု့ပေးပါ။
မလာတော့ဘူး ။
ခင်လို့မင်လို့သံယောဇဉ်ဖြစ်လာတိုင်း ဖြစ်ပျက်သာရှု့ပါ။
လူဟာလူ့ သံယောဇဉ်စွန့်ရင် နိဗ္ဗာန်ထိရပါတယ် ဒိဌိသံယောဇဉ်ဖြတ်ရင် 
အပါယ်မကျဘူး
တဏှာသံယောဇဉ်ကျန်ချင်  ကျန်ပေ့စေရတယ် ။
ဒိဌိသံယောဇဉ်ကိုသာကြောက်ပါ
  သံယောဇဉ်၂မျိုးရှိတယ် ။
ဒိဌိသံယောဇဉ်ကိုသာကြောက်ပါ ကိုယ့်တဏှာသံယောဇဉ်က
အပါယ်မကျပါဘူး။
ဝိသာခကျောင်းအမ အိမ်ထောင်ရက်သားကျ
လူသံယောဇဉ်စွန့် ခွာသလိုပေါ့။
ငါ  စိတ်မသန်းနဲ့ငါ ကိုယ်တိုင် ငါစွဲငါလုပ်တာ
၊ ငါ့ မာနကြောင့် ငါရတာ ၊ငါစွဲနေတော့
ငါစွဲတာက ဒိဌိပေါ့ ၊ငါလုပ်မှဆိုတာက
ဒိဌိအစွဲပေါ့။ စိတ်ပေါ်မှာ ဒိဌိအများဆုံး ။
ဒါကြောင့်စိတ်ကိုသာရှု့ကြပါ
။ ပုထုဇဉ်ဆိုတာ မှားတတ်တယ်  ဆိုပြီးဧည့်ခံနေတာ။ 
ပုထုဇဉ်စိတ်ပေါ့။  မျက်လုံးမှ မြင်တာ၊
နံတာ၊ စားတာ၊ယားတာ၊ကောင်းတာ ကိုယ်ပေါ်မှာ
ပေါ်သရွှေ့ပေါ့ ။လောဘ၊ ဒေါသ ၊မောဟ
၊ ပေးချင် ၊ကမ်းချင် ၊လှုချင် ၊တန်းချင်
သနားလိုက်တာဆို မေတ္တာ  စိတ်တွေ
မိမိသဏ္ဍာန်မှာ ဘာစိတ်လာလာ ဖြစ်ပျက်ရှု့ပေးပါ။ ၀မ်းထဲ ရှု့ချင်စိတ်၊ ရှိုက်ချင်စိတ်
်ဖြစ်ပျက်သာရှု့ပေါ့ ။ နံစိတ် စားစိတ် ကုသိုလ်ပြုချင်စိတ်ဖြစ်ပျက်သာရှု့ပေးပါ။
ဘာလေးရချင်တာ လောဘစိတ် ရမှ ရပါမလား မောဟ  မရရင်ဒေါသစိတ်
ဘာစိတ်လာလာ
ဖြစ်ပျက်သာရှု့ပေးပေါ့ ဒီဖြစ်ပျက်တွေ မြင်အောင်ရှု့ပေးပါ။
မြင်စိတ်ကြားစိတ်နဲ့အသက်ရှင်နေတာပါ.......မြင်မြင်သမျှခင်တာ သာမညလား ။
စွဲလန်းတာလားဆိုတာကြည့်ပါ.....
လူဟာလူ့ သံယောဇဉ်စွန့်ရင် နိဗ္ဗာန်ထိရပါတယ်။
ခင်လို့မင်လို့သံယောဇဉ်ဖြစ်လာတိုင်း
ဖြစ်ပျက်သာရှု့ပါ
ကိုယ့်အရေးထက်
သူများအရေးကြီးမိတာ
ဝဋ်သင့်တာတဲ့  ဘုရားက၀ိပဿနာရှု့ကြဟေ့လို့1792 ကြိမ်မှာပါတယ်  ။။။။။။။။
မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ  တရားမှ 
မ..မ
နာကြားမိတာလေးကို
ကုသိုလ် မျှဝေတာပါ...............
မိုးကုတ်ဆရာတော်ဘုရား
၏ဈာပနအခန်းအနား
http://www.dhammaransi.com/index.php?option=com_content&view=article&id=204:2009-09-04-23-38-29&catid=41:videos&Itemid=62
15 comments:
  1. မမ ဖတ်ရှု့ မှတ်သားသွား၏
    ReplyDelete
  2. လေးစားနေပါတယ်..........
    ကျန်းမာပါစေ...................
    ReplyDelete
  3. မှတ်သားခွင့်လေးရလိုက်လို့ ကျေးဇူးပါ မမ ။
    ReplyDelete
  4. အရောက်လာအားပေးတာ
    ထပ်တူ လေးစားနေပါတယ်..............
    ReplyDelete
  5. တရားကျဖို့ကောင်းလိုက်တာဗျာ
    သံဝေဂ ရစရာကြီး........
    ReplyDelete
  6. မ.မ ကျေးဇူးပါ မှတ်သားရပါ၏...
    ReplyDelete
  7. အင်းးးးဟုတ်တယ်
    မ..မတို့လည်းကိုယ့်အရေးထက်သူများအရေးကြီးပြီး
    ReplyDelete
  8. နာကြားမိတာလေးကို ကုသိုလ်ရအောင် မျှဝေပေး၏
    စနိုးလေးကျန်းမာပျော်ရွှင်ပါစေ
    ReplyDelete
  9. ငါ စိတ်မသန်းနဲ့ငါ ကိုယ်တိုင် ငါစွဲငါလုပ်တာ၊ ငါ့ မာနကြောင့် ငါရတာ ၊ငါစွဲနေတော့
    ငါစွဲတာက ဒိဌိပေါ့ ၊ငါလုပ်မှဆိုတာက ဒိဌိအစွဲပေါ့
    ReplyDelete
  10. ဒိဌိအစွဲတွေများနေကြတယ်................
    ငါပိုင်တာ ငါ့လူ ငါ့သဘော ငါ့ကျောင်း
    ဘာနဲ့ကြောင်း ကျောင်းပေါ့......................
    အင်းးး မ..မလည်း ဒိဌိအစွဲ အစွဲတွေချွတ်နေရတယ်.......
    ..
    ReplyDelete
  11. ဟုတ်မမ ...မှတ်သားရပါတယ် မမ ....
    ReplyDelete
  12. အမြဲတန်းအရောက်လာအားပေးတဲ့
    မဟေလေး
    ကျန်းမာပျော်ရွှင်ပါစေ
    ReplyDelete
  13. မှတ်သားရပါတယ် မမ
    ReplyDelete
  14. မှတ်သားရပါတယ် မမ
    ReplyDelete
  15. အရောက် လာမှတ်သားတာလေးစားပါတယ်...........
    ကျန်းမာပျှော်ရွှင်ပါစေ
    ReplyDelete