Pages

Monday, November 7, 2011

♥ချစ်သူသည်သာ♥




















12:05pmတွင် နိုဝင်ဘာလ 8, 2011မှာ,
AlarwakablueAlarwakablue
ပြောကြားခဲ့သည်က…



မ. မ အတွက် ကဗျာတစ်ပုဒ် လက်ဆောင် ပေးလိုက်ပါတယ်..





ချစ်သူသည်သာ


သစ်ရွက်တွေကြွေ ရာသီနွေဦး

ပိုလို့ရူးအောင် ချစ်ဖူးမောင့်ကို

အမူပိုကဲ ရှောင်ဖယ်လွဲ။


ကြွေကျရည်ပျော် အဖော်မိုးစက်

ပျိုးပြက်ထစ်ချုန်း မိုးမှောင်တုန်းမှာ

ရှောင်ပုန်းပြေးတဲ့ မင်းရင်ခွင်။


လွမ်းလို့မပြီး ဖြေသိမ့်ပြီးစ

မိုးကာလနောက် ရောက်ခဲ့ပြန်ပေါ့

မြူနှင်းဝေဖြာ ဒီဇင်ဘာ..။


ရောက်ပြန်ပေါ့လေ သည်ဟေမန်ဆောင်း

တဖန်ပြောင်းကာ နွေလရာသီ

ခါမီဝသန် ပြောင်းခဲ့ပြန်။


ဟိုသည်ပြန်ပြောင်း အတိတ်ကြောင်းကို

ပြန်ပြောင်းယခု စုမိအတွေး

ငါ့ဘေးနားမှာ မင်းရှိစဉ်။


မိုးကာလမှာမိုးလည်းရွာပါ

ရော်ဝါရွက်တွေ နွေမှာကြွေပါ

ဆောင်းလေနဲ့တူ နှင်းမြူကြွေပါ

သည်ချိန်ခါမီ ချစ်သူသည်သာ

ခေါင်းမှီကာထား ရင်ခွင်ကြားမှာ

ခိုနားမှေးစက် နေခဲ့လျက်မူ

ပူလောင်သောက ဟူသမျှသည်

အေးမြကြည်လင်စေမည်တကား။


(ကိုယ်တိုင်ရေးကဗျာလေးတစ်ပုဒ်ပါ မ.မ ..အပိုင်ပေးလိုက်ပြီနော်.. )



3 comments:

  1. ဟုတ်တယ် မမခိုင် ... သီချင်းလေးတစ်ပုဒ်တောင် နားထောင်ဖူးတယ် ၊
    ` ချစ်သူရင်ခွင်သည်သာ ... ငြိမ်းချမ်း နယ်မြေ၊ သစ္စာတရားထွန်းကားရာ ငြိမ်းချမ်းသာယာသောနယ်မြေ ... ငြိမ်း ချမ်း သာယာသောနယ်မြေ ´ ဆိုတာလေ ....။

    ReplyDelete
  2. ဟုတ်မမ ... ကဗျာလေး ကောင်းတယ်နော် ... အားပေးသွားပါတယ် မမ ....

    ReplyDelete
  3. သူများအမှတ်တရလက်ဆောင်ပေးတာလေးတွေသိမ်းထားတာလေ

    အဲ့သီချင်းပါရရင်ရေးသွားခဲ့နော်...............;P

    ReplyDelete