Pages

Saturday, November 12, 2011

ဗိုက်တလုံးနဲ့ကျန် ဒီလိုဖြစ်မျိုးကင်းပစေရန်

ဝတ်စားဆင်ယဉ်မြင်မတင်ပေါ့



လျှပ်ပေါ်လော်လီများနေတယ်



အပေါ်လွတ်ခါ အောက်ကမြင့်ပေါ့



အောက်မြင်ကလေးဖြစ်နေတယ်



မြင်မြင်သမျှ ကြည့်မိပြန်တော့



ဟိုဟိုက်ဒီဟိုက် တွေ့နေတယ်



တွေ့သမျှသာ မြင်နေရတော့



လျှပ်စီးလက်သလို ဖြစ်နေတယ်



ငယ်တုန်းအခါ အမေပြောတဲ့





လျှပ်စီးလက် မဖြစ်လိမ့်မယ်





လျှပ်ပျာလျှပ်ပျာ ဟစိကွဲနဲ့





သူတို့မို့လို့ ၀တ်တတ်တယ်





ဝတ်သူကြည့်သူ အမြင်ခြင်းမတူတော့





ကြည့်မိသူက အရှက်ရတယ်



ဝတ်သူကြည့်သူ အမြင်တူတော့



နပမ်းလုံးပြီး ကလပ်တက်မယ်



ဝတ်သူကြည့်သူ အမြင်တူတော့



ရုပ်ရှင်ရိုက်သလားမှတ်ရတယ်



သားလောင်းသန္ဒေ ဥခွံတွင်းမှာ



ပျောက်ပျက်တာတွေများနေတယ်



ဓလေ့ထုံးစံ ယဉ်ကျေးမှုက



ဘာသာတရားမေ့နေတယ်



အမိအုပ်မနိုင် အဖအုပ်မရ



ကိုယ့်ကိုကိုယ်သာ အုပ်ရမယ်



စိတ်ထားလေးတွေ မှန်ရဲ့သားနဲ့



လျှပ်ပေါ်လော်လီ ၀တ်နေတယ်





မြင်သူကကွယ် သတ်မှတ်လိုက်တော့



နိုင်ငံတကာ အဆင့်မှီ လှတယ်



ဝတ်စားဆင်ယဉ် အမြင်မတင့်တာ



ကြည့်ရင်းကြည့်ရင်း ပျက်လာတယ်



ကမ္ဘာကြီး ပူအိုက်စပ်လို



အတိုအပြတ် ၀တ်သလားကွယ်



မိရှေ့မောင်ဘွား မရှက်အား



ပူလို့ပြတ်ရင်း ပျက်လာတယ်



ပူလို့ပျက်ရင်း ပျက်လာတယ်



တိုင်းတပါးကိုပုခုံးမှီလို့ ပလီပလာချွဲတတ်တယ်



ဝေမြေရပ်ခြား နေထိုင်ငြားလည်း



မိဘမျက်နှာ အရှက်ရတယ်



စိတ်နောက်ခန္ဓာ လိုက်ပါရင်းနဲ့



ဒုက္ခ သီးတွေစားနေတယ်



စားရင်းစားရင်း ဗိုက်ကြီးနင့်မှာဆိုးမိတယ်



ဗိုက်ကြီးနင့်ရင် အော့အန်ပြီးတော့



မိစိန်ကြည်လေးဖြစ်တတ်တယ်



ငယ်တုန်းကာလ ကြားဘူးတာမို့



မကြားဖူးရင်ထပ်ပြောမယ်



စိန်ကြည် စိန်ကြည် လင်ယူပက်စက်သည်



ဂျပန်ကြီးက တိုကျိုပြန်



ဗိုက်တလုံးနဲ့ကျန်



ဒီလိုဖြစ်မျိုးကင်းပစေရန်



ကဗျာရေးရပြန်

6 comments:

  1. ဟုတ်မမ .... သတိပြုဆင်ခြင်စရာတွေပါ .....

    ReplyDelete
  2. မောင်လေးတယောက်က သူဘလော့ခ်ထဲထည့်ချင်တယ်
    အမြင်မတော်တာလေးတွေ ရေးပေးပါဆိုလို့ရေးပေးထားတာပါ...

    မဟေလေး ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  3. ကျတော်လည်းရေးရတော့မယ်ဗျာနော်

    ReplyDelete
  4. မမ တို့ တွေမှကလေးတွေမဆုံးမရင် ဘယ်သူတွေဆုံးမလဲ .......................

    ReplyDelete
  5. ရေးသင့်ပါတယ်ရေးပါ

    အားပေးနေမယ်နော်..........

    ReplyDelete
  6. ဟုတ်ပါ့ မှန်ပါတယ်...........ဒါပေမယ့် မပြောလဲမသိ ပြောလဲမသိ တွေဖြစ်နေတယ်

    ReplyDelete