Pages

Friday, November 4, 2011

ဖျားနာသွားသော နှလုံးသားငယ်


img368/4264/6e91fe7a3b962759281137dwf2.png

ချစ်သူရေ ...............


ငါဟာ ရောင်စုံပန်းခင်းကြီးအလည်မှာ


ဝဲပျံမြူးနေ တဲ့လိပ်ပြာလေးတွေ ကြည့်နေရင်း


မင်းကိုသတိရနေတယ်



လိပ်ပြာလေးတွေဟာ ပန်းရောင်စုံ ပန်းပေါင်းစုံကြား ကူးသန်းပျံဝဲနေကြတယ်



ဒါကိုကြည့်ပြီး ငါစိတ်ထဲမှာ မင်းဟာ လိပ်ပြာလေးတွေလို


အရောင်အသွေးစုံတဲ့ပန်းလေးတွေလိုလှတဲ့ ပန်းလေးတွေထက်လှပတဲ့


ပန်းလေးတွေနဲ့တူတဲ့ အရောင်အသွေးစုံတဲ့ မိန်းမလှလေးတွေကြားထဲမှာ


ပန်းလေးတွေကို လိပ်ပြာလေးတွေလို မြူးထူးပျော်ပါးပျံသန်းပြီး


နေထိုင်နေသလို မင်းကို ငါတွေ့လိုက်တဲ့အချိန်မှာ


ငါဟာ မင်းစိတ်နဲ့ နှလုံးသွေးတွေ လှည့်ပတ်စီးဆင်းနေတာ



သံစဉ်မညီတော့တဲ့ သီချင်းကိုငါကြားနေမိသလို


ငါ့နှလုံးခုန်သံကိုငါပြန်ကြားနေမိတယ်


သစ်ပင်ပေါ်ကငှက်ကလေး တစ်စုံတစ်ခုကြောင့်


ထိန်လန့်စွာ ပျံသန်းပြေးထွက်သလို


ငါ့နှလုံးသားလေးဟာ အထိတ်တလန့်နဲ့ မင်းကိုငေးမောကြည့်ရှုနေရင်း


မင်းဘေးနားကနေ မင်းနဲ့ဝေးရာကို



ငှက်ကလေးလို ပျံသန်းပြေးထွက်လိုက်ချင်ပါတယ်




 ချစ်သူရယ်..........



ငြိမ်သက်နေတဲ့ပင်လယ်ပြင်ကိုခဲလုံးလေးပြစ်ချလိုက်သလိုပေါ့


ငါ့နှလုံးသားလေး လှိုင်းထကျန်ရစ်ခဲ့တယ်လေနော်



ဒါပေမဲ့ ငါဟာမင်းဖြစ်နေတယ်


ငါ့ဝိဥာဉ်တွေဟာ မင်းဘေးနားကနေခွဲခွာလို့မရဘူး



မင်းဘေးနားကအရိပ်အဖြစ်ကပ်ပါငြိတွယ်နေရင်း


ငါဝိဥာဉ်တွေဟာ မင်းသွားလေရာလိုက်ပါရင်း


အထိတ်တလန့်နဲ့ မင်းရဲ့ လှုပ်ရှားမှုတွေကို မြင်နေတွေ့နေရတယ်



ငါ့ချစ်သူရယ်မပြောင်းလဲနိုင်တဲ့ငါ့အချစ်ဟာ မင်းအချစ်ကြောင့်



နာကျင်ခံစားနေတယ်ဒီနာကျင်မှုတွေကို ငါဘယ်လိုကျော်ဖြတ်ရမလဲ





မင်းကြောင့် ငါ့နှလုံးသားလေးဟာ အထိတ်တလန့်နဲ့ဒဏ်ရာရပြီး



နှလုံးသားလေးဖျားနာနေပြီငါရဲ့ မြတ်နိုးလှစွာသောချစ်သူရယ်"

8 comments:

  1. ဖတ်သွားပါတယ်နော် ....................

    ReplyDelete
  2. စောနေသွေး အားပေးတယ်နော်

    ReplyDelete
  3. လာရောက် ဖတ်ရု
    www.sawnaythweyeu.blogspot.com

    ReplyDelete
  4. ကဗျာလေးကို ခံစားကြည့်ခဲ့ပါတယ်...........

    ReplyDelete
  5. အားပေးသွားပါတယ် မမ .....

    ReplyDelete
  6. ရော့! ပါလာစတာ . . .

    ReplyDelete
  7. ဖတ်ခဲ့တယ်ဆိုတာထက် ခံစားလို့ရတဲ့ ထိမိတဲ့စကားလုံးလေးတွေနဲ့ ရင်ထဲကိုဝင်လှုပ်သွားသလိုပါပဲ။

    ReplyDelete
  8. ဖတ်ရှုသွားပါတယ်ခင်ဗျာ........

    ReplyDelete