Pages

Saturday, July 31, 2010

မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာလေးပါ။

တစ်ခုခုကြောင့်
သူ့ကို မလှည့်စားခဲ့ပါ ဘုရား …
စ တွေ့သည်မှ ၊ပစ္စက္ခထိ
သူပါပဲကွယ် ၊ဘယ်မှာရှိရှိ
သတိရတယ် ၊ တမ်းတတတ်ပြန်
အဖန်ဖန် အထပ်ထပ်
တရံမလပ်အောင်
အမှတ်တရလည်း ရှိနေဆဲပါ ဘုရား …
သူနဲ့ပတ်သက်လျှင်
သံယောဇဉ်တရား ၊ပါးလျားမပြယ်
ဘယ်တော့ဖြစ်ဖြစ်
ချစ်ရ လွမ်းရ ၊တသသနှင့်
နောင်တဟူသည် မရှိခဲ့ပါဘုရား
မေတ္တာ၏ အင်အား၊ သစ္စာ ၏ အင်အား၊
ဤစကားများကြောင့်
ဘုရား တပည့်တော်အား
နားအလည်ဆုံးလူ၊ သူ..သူ သူသည်
အပူသောက ၊မြူမျှမတွေ့
အားလုံးကို မေ့နိုင်၍
ချမ်းမြေ့ကြည်နူးနိုင်ပါစေ ဘုရား …

မောင်စိန်ဝင်းပုတီးကုန်းရဲ့ ကဗျာလေးပါ

16 comments:

  1. ကျေးဇူးပါပဲ ...အမရေ ..ဒီကဗျာလေးကို သိပ်နှစ်သက်တယ်ဗျာ...ကိုယ့်ရင်ထဲမှာပြောချင်တဲ့ စကားတွေ
    အားလုံးပါပြီးသွားတယ်လေ..။ ကဗျာဆရာတွေရဲ့ အစစ်မှန်ဆုံးနှလုံးသားပါ ...ဒီသဘောကို ကဗျာလေးက
    ဖော်ပြပေးသွာတယ်ဗျာ ...ဆရာမောင်စိန်ဝင်းရဲ့ လက်ရာကောင်းလေးတစ်ပုဒ်ပါ ...

    ReplyDelete
  2. ပုတီးကုန်းမောင်စိန်ဝင်းကိုအကြိုက်ဆုံးလေ.............

    ReplyDelete
  3. မ...မ တကယ့်မေတ္တာတရားနှင့်ဆုတောင်းထားတဲ့ ကဗျာလေးပဲနော်။ ကြိုက်၏။

    ReplyDelete
  4. အရမ်းကိုကောင်းတဲ့ကဗျာလေပါ..မမရယ်..
    အပြစ်ဆိုတာမြုမျှမတွေ့ ပဲ......
    သောကဆိုတာအေးချမ်းပြီး......
    မောင်စိန်ဝင်းပုတီးကုန်းရဲ့ ကဗျာလေးအတိုင်...
    အေးမြ..ချမ်းမြေ့....ကြည်နူးနိုင်ပါစေ....
    ချစ်...ညီမလေး.....

    ReplyDelete
  5. ဟုတ်တယ်........သိတ်ကောင်းတဲ့အတွေးပေါ့...........တူ၏

    ReplyDelete
  6. ချစ်ညီမလေး..............ပေးတဲ့ဆု..မမ.............ရတယ်..........

    ReplyDelete
  7. မေတ္တတရားနဲ့ဆုတောင်းထားတဲ့ အရမ်းကောင်းတဲ့ကဗျာလေးပါ ... ချမ်းမြေ့ကြည်နူးပါစေရှင် ....

    ReplyDelete
  8. ဟုတ်တယ်သိတ်နှစ်သက်ဖို့ ကောင်းတဲ့ ကဗျာကောင်းလေးပေါ့............

    ReplyDelete
  9. မေတ္တာ၏ အင်အား၊ သစ္စာ ၏ အင်အား၊
    ဤစကားများကြောင့်
    ဘုရား တပည့်တော်အား
    နားအလည်ဆုံးလူ၊ သူ..သူ သူသည်
    အပူသောက ၊မြူမျှမတွေ့
    အားလုံးကို မေ့နိုင်၍
    ချမ်းမြေ့ကြည်နူးနိုင်ပါစေ ဘုရား …

    ကဗျာလေးကိုနှစ်သက်တယ်။

    ReplyDelete
  10. အိမ်လေးးရေတူတူဘဲလေနော်...........

    ReplyDelete
  11. မမ ရေ... စိတ်ချမ်းမြေ့ကြည်နူးနိုင်ပါစေ...
    အရာရာဟာ လောကတရားရဲ့ စီမံရာဆိုပေမယ့်
    လူဆိုတာ ကိုယ့်ကုသိုလ်နဲ့ ကိုယ်လာတာမို့
    ကိုယ့်ဘဝကို ကိုယ်လျှောက်လှမ်းရမှာပါ

    ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့လူအပေါ် အမုန်း အာဃာတ မထားဘဲ

    “အပူသောက ၊မြူမျှမတွေ့
    အားလုံးကို မေ့နိုင်၍
    ချမ်းမြေ့ကြည်နူးနိုင်ပါစေ ဘုရား …”

    လို့ ခုလို ဆုတောင်းပေးတဲ့ မမ လည်း ဒီဆုတောင်းရဲ့ ရောင်ပြန်ဟပ်နိုင်ပါစေ

    မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်သလို မေတ္တာလည်း စူးတတ်တာကြောင့်
    ကိုယ်ချစ်တဲ့လူကို ကိုယ့်ရဲ့မေတ္တာ မစူးစေဖို့ အဆုံးစွန်သော သည်းခံခွင့်လွတ်ခြင်းနဲ့
    အေးမြတဲ့ မေတ္တာတရား စစ်မှန်တဲ့ မေတ္တာတရားနဲ့
    စိတ်ကို ဖြူအောင်ထားပြီး စိတ်အေးချမ်းခြင်းကို ရယူပါ

    ဒါဆိုရင် မမရော မမချစ်တဲ့လူရော အေးချမ်းမှုကို အတူတူရယူနိုင်မှာပါ..........



    ReplyDelete
  12. တော်၏.......မှန်၏.............ဒါဘုရားဟော.........ထားတဲ့အမှန်တရားပေါ့..........လေးစား၏

    ReplyDelete
  13. ဒီကဗျာလေးကို ဖော်ပြပေးတာ ကျေဇူးပါ မမ ။

    ReplyDelete
  14. ဖတ်စေချင်လို့လေနော်

    ReplyDelete
  15. တစ်ကယ်ကောင်းတဲ့ကဗျာလေးပါမမရေ။
    ကျေးဇူးပဲဗျာ။

    ReplyDelete
  16. အင်းးးးးမမ.လည်းသိတ်ကြိုက်တယ်လေ.....။

    ReplyDelete