ငါ့ခန္ဓာကိုယ် ငွေထုတ် စက်လား
ငါ့ကိုခိုင်းစေ မနေမနား
ငါပေးဆပ်နေ နေ့မအား ညမနား
ငါရှာဖွေနေ ငါတည်ဆောက်နေ
ငါ့တွက်မဟုတ် လောက လူ့ရွာ
မပေးတတ်ရင် မယူတတ်ရင်
သံသရာမှာ ငရဲရောက်လိမ့်
ယခုခဏ လောဘအတ္တ
အမိုက်မှောင်ဖုန်း တဏှာရာဂ
သူခိုင်းစေလို့ စေသည့်ကျွန်လား
ထွန်သည့်နွားလား ခန္ဓာသဘော
လိုက်လျှောပြီးတော့ ခန္ဓာခိုင်းသမျှလုပ်ရတယ်
မင်း ရဲ့သယုဒ် မင်း ပြယုဒ်ကို
မင်း ကြည့်တတ်ရင် မြင်လိမ့်မယ်
လောကလူ့ရွာ မကြည့်တတ်ရင်
ငရဲပန်းကို ရွှေပန်းအမှတ်
မင်းမြင်နေတယ်
လောဘ အတ္တ တဏှာ ရာဂ ကိလေသာကို
ရွှေပန်းမှတ်လို့ ပန်ချင်တယ်
လောဘ အတ္တ သူခိုင်းစေတော့
သားတွက်သမီးတွက်
ဆွေတွက် မျိုးတွက်
စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး
နောင် သံသရာ မတွေးခေါ်ဘူး
ခန္ဓာခိုင်း သမျှလုပ်ရတယ်
ခန္ဓာသဘောမလိုက်ရောရင်
အာရုံတွေနောက် စိတ်တွေ ဖောက်ပေါ့
ရင်မှအပူ မီးလိုဆူလို့
စိတ်ဝယ် မောပန်း မရွှင်လန်းနိုင်
ခန္ဓာနားလည်း စိတ်ကပြေးလွား
မမောပန်းနိုင် စိတ်ရဲ့စေရာ
အမှား အမှန် ရှုမြင်သုံးသတ်
ဝေဖန်စစ်ကြည့် လောကလူရွာ
စိတ်နဲ့ခန္ဓာ တရားသလား
အမှားများသလား မေးချင်တယ်........။
ငါ့ကိုခိုင်းစေ မနေမနား
ငါပေးဆပ်နေ နေ့မအား ညမနား
ငါရှာဖွေနေ ငါတည်ဆောက်နေ
ငါ့တွက်မဟုတ် လောက လူ့ရွာ
မပေးတတ်ရင် မယူတတ်ရင်
သံသရာမှာ ငရဲရောက်လိမ့်
ယခုခဏ လောဘအတ္တ
အမိုက်မှောင်ဖုန်း တဏှာရာဂ
သူခိုင်းစေလို့ စေသည့်ကျွန်လား
ထွန်သည့်နွားလား ခန္ဓာသဘော
လိုက်လျှောပြီးတော့ ခန္ဓာခိုင်းသမျှလုပ်ရတယ်
မင်း ရဲ့သယုဒ် မင်း ပြယုဒ်ကို
မင်း ကြည့်တတ်ရင် မြင်လိမ့်မယ်
လောကလူ့ရွာ မကြည့်တတ်ရင်
ငရဲပန်းကို ရွှေပန်းအမှတ်
မင်းမြင်နေတယ်
လောဘ အတ္တ တဏှာ ရာဂ ကိလေသာကို
ရွှေပန်းမှတ်လို့ ပန်ချင်တယ်
လောဘ အတ္တ သူခိုင်းစေတော့
သားတွက်သမီးတွက်
ဆွေတွက် မျိုးတွက်
စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး
နောင် သံသရာ မတွေးခေါ်ဘူး
ခန္ဓာခိုင်း သမျှလုပ်ရတယ်
ခန္ဓာသဘောမလိုက်ရောရင်
အာရုံတွေနောက် စိတ်တွေ ဖောက်ပေါ့
ရင်မှအပူ မီးလိုဆူလို့
စိတ်ဝယ် မောပန်း မရွှင်လန်းနိုင်
ခန္ဓာနားလည်း စိတ်ကပြေးလွား
မမောပန်းနိုင် စိတ်ရဲ့စေရာ
အမှား အမှန် ရှုမြင်သုံးသတ်
ဝေဖန်စစ်ကြည့် လောကလူရွာ
စိတ်နဲ့ခန္ဓာ တရားသလား
အမှားများသလား မေးချင်တယ်........။
ဟုတ်
ReplyDeleteမမငွေထုတ်စက်
ဒေါ်လာနဲနဲလောက် ထုတ်ပေးပါ
မမြင်ဘူးလို့ ပါ
ဓါတ်ပုံထည်းမှာတော့မြင်ဘူးတယ်နော် အပြင်မှာပြောတာ
လာနောက်မနေနဲ့ ...သက်မွန်မြင့်.ထံကတောင်းပါ..
ReplyDeleteသက်မွန်မြင့် ဘယ်မှာလည်း ဟင်...။အဲဒါ ကိုက တရားနဲ့ အမှား ဘာများသလဲ ရှင်းနေပါပြီ ...ခိုင်ရေ ...
ReplyDeleteဖတ်သွားပါတယ် ယဉ်မင်းရေ
ReplyDeleteချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
လူ့လောကကို ဝေဖန်စစ်ကြည့်ဖို့  အတွေးများစွာနဲ့  ဖတ်သွားပါတယ် မမရာ .....။
ReplyDeleteအမှန်ပေါ့ ဘယ်အရာမဆို အမှားလား အမှန်လား
ReplyDeleteဝေဖန်ဆန်းစစ်တတ်ဖို့ အရေးကြီးပါတယ်
စိတ်နဲ့ ခန္ဒာ တရားသလားဆိုတာတော့ တရားသဘောနဲ့ ကြည့်ရင် တရားတွေ တွေ့မှာပေါ့
ကြည့်တတ်ဖို့ပဲ လိုတယ်တယ်လေ
ရည်ညွန်းချက်လေးများ ကောင်းမွန်ပါပေ၏။
သာဓု သာဓု သာဓု
လူသဘောကိုစောကြောမိတော့........တရားနဲ့ အမှား
ReplyDeleteအမှန်တရား..ရေးမိသွားတာပါ။
သားတွက်သမီးတွက်
ReplyDeleteဆွေတွက်မျိုးတွက်
စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး
နောင် သံသရာ မတွေးခေါ်ဘူး
ခန္ဓာခိုင်း သမျှလုပ်ရတယ်
ခန္ဓာသဘောမလိုက်ရောရင်
အာရုံတွေနောက် စိတ်တွေ ဖောက်ပေါ့
အမှားတွေထဲကအမှန်တွေပေါ့...လုပ်နေရတယ်ပဲလေ
တရားကတော့ကိုယ်ဘေးနားမှာအမြဲရှိနေတယ်လေ
ယူတက်ရင်ပေါ့
အားပေးမှု့လေးစားပါ၏
ReplyDeleteကောင်းတယ်..တွေးတတ်မှပေါ့နော်.. ဒါမှမြတ်လားရှုံးလားသိမှာလေနော်.......
ReplyDeleteလူလောကမှာနေတာ.....အမြတ်ရမှနော်...အနေမြတ်တာနော်.........
တပည့်တော်..မ.
ReplyDeleteရှိခိုးဦးတင်ကန်တော့ပါတယ်ဘုရား။
အရှင်ဘုရားကျမ်းမာပါစေ။
သေချာတယ်သီဟရေ......နောင်သံသရာမတွေးတော့ဘူးးးးးးးး
ReplyDeleteစိတ်ခိုင်းစေသမျှလုပ်နေကြတယ်....ယူတော့ယူတယ်..ပေးတော့ပေးတယ်.....လုပ်နေရတယ်...
သူများတွက်ပေါ့....ကိုသေတော့လည်းမပါဘူးနော်...
မြင်တယ်သိတယ်..မကျင့်ကြံတတ်ဘူးဖြစ်နေတယ်လေ.နော်.......
ငါ့ခန္ဓာကိုယ် ငွေထုတ် စက်လား
ReplyDeleteငါ့ကိုခိုင်းစေ မနေမနား
ငါပေးဆပ်နေ နေ့မအား ညမနား.....။
ဝဋ်ကြွေးရှိသမျှပေးဆပ်ခဲ့ပါတယ်...။။။။။
ယခုခဏ လောဘအတ္တ
ReplyDeleteအမိုက်မှောင်ဖုန်း တဏှာရာဂ
သူခိုင်းစေလို့ စေသည့်ကျွန်လား
ထွန်သည့်နွားလား ခန္ဓာသဘော
လိုက်လျှောပြီးတော့ ခန္ဓာခိုင်းသမျှလုပ်ရတယ်..............။
ဦးဇင်းဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ပါတယ်။
ReplyDeleteတင်ပါ့ဘုရား.............တပည့်တော်.....မ.....ရှင်ခိုးဦးတင်ပါတယ်.ကန်တော့ပါတယ်ဘုရား..........
ReplyDeleteအားပေးသွားပါတယ် ... မယဉ်မင်းရေ .....
ReplyDeleteအားပေးမှု့လေးစား၏
ReplyDelete