Pages

Saturday, September 7, 2013

သိမ်း ရောင်း လောက

သိမ်း ရောင်း လောက

မြေ ပိုင်ရှင်မရှိ မြေသိမ်း
ယာ ပိုင်ရှင်မရှိ ယာသိမ်း
မြစ် ပိုင်ရှင်မရှိ မြစ်သိမ်း
သိမ်း ရောင်း လောက
သိခြင်းတွေနဲ့
မသိခြင်းတွေ ဘောင်ခတ်
အမည်တတ် ရယူ
နေတွေ ပူ
လိုချင်သမျှ လောဘတွေဟာ
အဆိပ်ငွေ့အဖြစ်
ကောင်းကင်ပျံ့ တက်
အဆိပ်ရေတွေသောက်
လူတွေဂေါက်ပေါ့
သူရူးတိုင်းပြည်ဖြစ်နေတာ
အများမိုးခါးရေသောက်
လိုက်သာသောက်ကြ
ဒါမှအတူတူ အနူနူ
လူ ထူထူများဖြစ်ကြမှာ..
ငါချစ်တဲ့ဧရာဝတီ
အေးချမ်းသာယာလှပါသည်..

0 comments:

Post a Comment