Pages

Thursday, September 5, 2013

ဘ၀..ပေ


ရှေးယ္ခင်အခါများ
မြေကြီးမှ ရွှေတွေသီးသတဲ့

သယံဇာတ ပေါကြွယ်ဝတဲ့
တို့တိုင်းပြည့်က ရွှေမြန်မာတွေ

နိင်ငံအတွင်း ဆင်းရဲတွင်းနက်
မိဝေး ဖဝေး တစ်နယ်တစ်ကျေးမှာ
ဒုက္ခရောက်လို့ပင်လယ်ဝေ..

တိုင်းတပါးရောက် ရွှေမြန်မာများရဲ့
ဘ၀ ..ပေ

တပါးနိုင်ငံ ချမ်းသာကြွယ်ဝ
အပေါ်စီးမှ ထိုးချက်တိုင်းမှာ
တူနဲ့ တူစွ

နိုင်ငံတိုင်းမှာနိမ့်ချဆက်ဆံ
အထင်အမြင်သေးသမို့
ရွှေမြန်မာ ဘ၀ ပေနဲ့တူလှ

ပေ ရဲ့ဘဝ
ခံဘက်မှကြည့်ဖြစ်လို့ ပေ

အဲ့ဒါ တိုင်းတပါးရောက်
ရွှေမြန်မာများရဲ့ ဘ၀ ..ပေ

မြေကြီး ရွှေသီး စောင့်ရှောက်သူမဲ့
အာဏာနဲ့ပေါင်း ငွေနဲ့လောင်း၍
အတ္တဘီလူးများ လုယှက် ယူငင်
သယံဇာတ ပေါကြွယ်ဝတဲ့
တို့တိုင်းပြည်က ရွှေမြန်မာတွေ
ဆင်းရဲတွင်းတွေ နက်လို့နေ
..
အမိ အဖရင်းပမာ စောင့်ရှောက်သူမဲ့
ကယ်မဲ့သူရယ် ကူမဲ့သူရယ်..
အားထားစရာ ဗလာနိတ္ထိ
နိုင်ငံရပ်ခြားတိုင်းတပါးမှာ
ဒုက္ခရောက်လို့ပင်လယ်ဝေ..
တိုင်းတပါးရောက်
ရွှေမြန်မာတို့
ဘ၀ .. ပေ..
Photo: ဘ၀..ပေ <br /

0 comments:

Post a Comment