Pages

Monday, May 28, 2012

ထူးကဲ ကြည်ညိုမိသော..... အရှင်များ (၄)


 

မြတ်စွာဘုရားရှင်၏... တပြည့် သာဝကများတွင်
ပထမအရှင်မဟာသာရိပုတ္တရာ၊ ဒုတိယ အရှင်မဟာမောဂ္ဂလာန်နှင့်

တတိယသာဝကမှာ အရှင်မဟာကဿပဖြစ်ပါသည်။ အဂ္ဂသာဝကနှစ်ပါးလုံး ဘုရားရှင်ထက်
ဦးစွာ ပရိနိဗ္ဗာန်စံတော်မူကြပါသည်။

                        တတိယသာဝကဖြစ်သော
အရှင်မဟာကဿပမထေရ်သည်ဘုရားရှင်ေ

နာက်မှသာ ပရိနိဗ္ဗာန်စံဝင်တော်မူသောအရှင်

သူမြတ်ကြီးဖြစ်ခြင်းကြောင့်  ဘုရားရှင်မရှိသည့် နောက်ပိုင်း သာသနာတော်ကို
ဦးဆောင် ထိန်းသိမ်းခဲ့သူ ဖြစ်ပါသည်။

                        ဘုရားရှင်သည် အရှင်မဟာကဿပမထေရ်အား
``ဓုတင်ဆောင်ရာတွင် အသာဆုံး၊ အမြတ်ဆုံး ´´ ဟု  ဧတဒဂ်ဘွဲ့

ချီးမြှင့်တော်မူခဲ့ပါသည်။

                         အရှင်မဟာကဿပမထေရ်အား မာဂဓတိုင်း၊
မဟာတိတ္ထ(ဆိပ်ကြီး) ရွာတွင်မွေးဖွားခဲ့ပါသည်။ ချမ်းသာသောမျိုးရိုးမှ

မွေးဖွားလာသူဖြစ်ပြီး ငယ်အမည်မှာ`` ပိပ္ပလိ´´ ဖြစ်ပါသည်။  အရွယ်ရောက်သည့်
အခါတွင် မိဘတွေများ အိမ်ထောင်ချပေးရန် စီစဉ်ကြ

လေသည်။   အရှင်မဟာကဿပမထေရ်လောင်းလျာ ပိပ္ပလိ လုလင်သည်
အိမ်ထောင်မပြုလိုကြောင်း ငြင်းဆန်ခဲ့သည်ဟု သိရှိရပါသည်။

ဗြဟ္မာ့ပြည်မှ လူ့ဘ၀ရောက်လာတဲ့သူများသည်
အိမ်ထောင်သားမွေးမပြုလိုကြကြော
င်း၊  ကာမဂုဏ်အာရုံ ခံစားလိုစိတ်
မရှိကြကြောင်းလဲ

ကြားသိဘူးပါသည်။

                         ပိပ္ပလိ လုလင်သည် မိဘများ၏
အတင်းအကြပ်လက်ထပ်ရန် တိုက်တွန်းမှုကြောင့် အလွန်ချောမောလှပသောမိန်းမ

ရုပ်ကို ထုလုပ်စေပြီး ``ဤအရုပ်နှင့်တူသူကို ရပါက လက်ထပ်ပါမည်´´ ဟု
ကတိပြုလေသည်။   မိဘတွေများသည် ``ဘုန်းကံရှိလျှင်တွေ့

လိမ့်မည်´´ ဟု  ယူဆပြီး အကူများအား  တစ်ရွာဝင် တစ်ရွာထွက်
ရှာဖွေစေခဲ့ပါသည်။နောက်ဆုံးတွင် ရွှေစင်ရုပ်ထုနှင့် တူသော ``ဘဒ္ဒါ

ကာပိလာနီ´´ ဆိုသူ မိန်းမပျိုတစ်ဦးအား တွေ့ရှိခဲ့လေသည်။  ``ဘဒ္ဒါ
ကာပိလာနီ´´မိန်းမပျိုသည်လည်း ဗြဟ္မာ့ပြည်ကဆင်းသက်လာသူ

ဖြစ်ခြင်းကြောင့် အိမ်ထောင်မပြုလိုကြောင်း၊ကာမဂု
ဏ်အာရုံ
မခံစားလိုကြောင်းသိရှိရပါသည်။   သို့သော် ဘေးပတ်ဝန်းကျင် ပယောဂနှင့်

ကတိစကားများအရ  ၄င်းတို့နှစ်ဦး လက်ထပ်ဖြစ်သွားကြပါသည်။

                        ပိပ္ပလိလုလင်နှင့် ဘဒ္ဒါကာပိလာနီ အမျိုးသမီး
နှစ်ဦးလုံးသည် ကာမဂုဏ် မခံစားလိုကြသဖြင့်  ညအိပ်ယာဝင်ချိန်တွင်

နှစ်ဦးကြား ပန်းကုံးလေးဖြင့် စည်းခြား အိပ်စက်ကြကြောင်း သိရှိရပါသည်။
``ကာမဂုဏ်အာရုံခံစားလိုသောစိတ်ြ
ဖစ်ပေါ်သည့် ဘက်တွင်

ပန်းပွင့်များ ညှိုးပါစေသတည်း´´ ဟုလည်း အဓိဋ္ဌာန်ပြုခဲ့ကြပါသည်။
နံနက်မိုးလင်းသည့်အခါတွင်ပန်းကု
ံးမှာလန်ဆန်းမြဲလန်းဆန်းလျှက်

ရှိသည်ဟု သိရှိရပါသည်။

                       တစ်နေ့တွင် လယ်ကွက်တစ်ခု၌
လင်မယားနှစ်ဦးရောက်ခိုက် လယ်ထွန်နေသော  ထွန်ရေးတွင် ကပ်ငြိ ပေါ်လာသည့်

ပိုးကောင်လေးများအား ငှက်များမှထိုးသုတ်စားနေသည်ကို
ပိပ္ပလိလုလင်မှတွေ့မြင်ပြီး  ဘဒ္ဒါကာပိလာနီမှလဲ နေပူလှန်းထားသော မျိုးစေ့

များကြားတွင် ပြေးလွှားနေသည့်
ပိုးကောင်လေးများအားကျီးများထို
းဆိပ်စားသောက်နသည်ကို မြင်တွေ့ရကြောင်း၊
ဤသို့ပိုးမွှား သတ္တ၀ါ

လေးများ  သေကြေပျက်စီးရခြင်း၏  အဓိကတရားခံသည်  လယ်/ယာပိုင်ရှင်
များဖြစ်ကြသည့်  ၄င်းတို့ ဇနီးမောင်နှံနှစ်ဦးသာဖြစ်ကြော
င်း

သိရှိသည်နှင့် တပြိုင်နက် သံဝေဂတရားရ ကြောက်လန့်ကာ လောကစည်းစိမ်အား
စွန့်လွှတ်ကာ တောထွက်တရားကျင့်ရန်ဆုံးဖြတ်ချ
က်

ချကြပါသည်။

                         ဇနီး မောင်နှံနှစ်ဦးသည်  ဆံပင်များကို
တစ်လှည့်စီရိပ်ကာအ၀ါရောင်ဝတ်ရုံ
များကိုဝတ်ဆင်၍အတူတကွ တောထွက်

ကြလေသည်။  လမ်းဆုံလမ်းခွ တစ်ခုသို့ အရောက်တွင် တောထွက်သည့်တိုင်
ဇနီးမောင်နှံ အတူတူထွက်ကာအတူတူနေကြသည်ဟုကဲ့ရဲ


မည်စိုးသဖြင့်  နှစ်ဦးသဘောတူ လမ်းခွဲကြပါသည်။   ခင်ပွန်းဖြစ်သူသည်
လက်ယာလမ်း၊ ဇနီးဖြစ်သူက လက်ဝဲလမ်းဖြင့် လမ်းခွဲထွက်ခွါ

ခဲ့ကြလေသည်။

                          အရှင်မဟာကဿပ၏  ဂုဏ်စွမ်းရည်ကို
သိမြင်ပြီးဖြစ်သော မြတ်စွာဘုရားရှင်သည် အရှင်မဟာကဿပအလောင်း

ရာဇဂြိုဟ်ပြည်သို့ ၀င်ရောက်လာကြောင်း သိရှိသောအခါတွင် ခြောက်မိုင်ခန့်အထိ
သွားရောက်ကြိုဆို နေခဲ့ကြောင်း၊ အရှင်မဟာကဿပ

ရဟန်းမဖြစ်မီ လူ့ဘ၀ကစပြီး ကြိုဆိုခြင်းသည်  ``ဤပုဂ္ဂိုလ်သည်
ဘုရားမရှိတဲ့နောက် သာသနာကို ထိန်းသိမ်းမည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း´´

ကြိုတင်မြင်တော်မူခြင်းကြောင့်ြ
ဖစ်ပါသည်။   မြတ်စွာဘုရားရှင်၏  ဤသို့
ကြိုတင်သိမြင် ချီးမြှောက်မှုသည် အလွန်ပင်အံ့သြ ၀မ်းမြောက်

စရာပင် ဖြစ်ပါသည်။

                        အရှင်မဟာကဿပမထေရ်မြတ်သည် ဤသို့
လမ်းခုလတ်တွင်ပင် မြတ်စွာဘုရားရှင်နှင့် ဆုံတွေ့ပြီး  ရဟန်းအဖြစ်သို့

ရရှိခဲ့ပါသည်။

                        အရှင်မဟာကဿပမထေရ်မြတ်သည်
တိစီဝရိတ်ဓုတင်ဆောင်တော်မူပါသည်
။  အမြဲပင် တောတွင်နေထိုင်ပြီး  ဓုတင်

၁၃-ပါးကို အမြဲဆောင်တော်မူပါသည်။ ဓုတင်ဆောင်ရဟန်းပုဂ္ဂိုလ်သည်
တစ်နေ့လုံးတွင်ဆွမ်းတစ်ထပ်တည်း
တစ်ထိုင်တည်းသာဘုဉ်းပေး

တော်မူရပါသည်။

                       အရှင်မဟာကဿပမထေရ်မြတ်သည် ချမ်းသာသောမျိုးရိုးမှ
မွေးဖွားကြီးပြင်းသူဖြစ်ခြင်ြးေ
ကာင့် ဆွေးမျိုးများမှအလွန်

နူးညံ့ ချောမွေ့သော ကာသိတိုင်းဖြစ်အဝတ်အား
နှစ်ထပ်သင်္ကန်းကြီးချုပ်၍လှူဒါန်
းကြလေသည်။ 
အရှင်မဟာကဿပမထေရ်မြတ်သည်

ဘုရားရှင်နှင့်အတူ  ကျောင်းတော်သို့အသွား
အရိပ်ကောင်းသောသစ်ပင်အောက်တွင်
ဘုရားရှင်
ခေတ္တသီတင်းသုံးထိုင်နိုင်စေရန်
အတွက်

ပုခုံးပေါ်တွင် တင်၍ ယူဆောင်လာသော သင်္ကန်းအား ခင်းပေးပြီး ဘုရားရှင်အား
လှူဒါန်းလေသည်။   ဘုရားရှင်သည်  တိစီဝရိတ် ဓုတင်

ဆောင် သံဃာတော်သည် သင်္ကန်းတစ်ထည်အား ဘုရားရှင်ထံလှူဒါန်းလိုက်ခြင်းေ
 ကြာင့်
သင်္ကန်းနှစ်ထည်သာကျန်ကြောင်း သိမြင်တော်

မူသဖြင့် ဘုရားရှင်၏  နှစ်ထပ်သင်္ကန်း ကြမ်းကြမ်းထူထူကြီးအား
အရှင်မဟာကဿပမထေရ်မြတ်၏  ပခုံးပေါ်သို့တင်ပေးလိုက်လေသည်

ဤသည်ပင် ဘုရားရှင်က နောင်လာမည့် သာသနာတော်၏ တာဝန်များကို ပခုံးလွှဲ
တာဝန်ပေးအပ်လိုက်ခြင်းပင် ဖြစ်ပါသည်။

                        မြတ်စွာဘုရားရှင်သည် အရှင်မဟာကဿပမထေရ်၏
စင်ကြယ်သော ဓုတင် အကျင့်မြတ်ကြောင့်ပင်လျှင်  ဤပုဂ္ဂိုလ်

မြတ်အားသာသနာတော်မှာ ခေါင်းဆောင်ဖြစ်စေရန် အထူးရွေးချယ်တော်မူခြင်းပင် ဖြစ်ပါသည်။

                        အရှင်မဟာကဿပမထေရ်မြတ်သည် ဘုရားရှင်က ဤသို့
ကိုယ်တော်၏ ပံသုကူသင်္ကန်းပေးတော်မူသည်ကို အလွန်

သဘောကျဝမ်းမြောက်တော် မူသည့်အပြင် ဤသို့ ဘုရားရှင်က သင်္ကန်းပေးခြင်းသည်
အကြောင်းမဲ့သက်သက် မဟုတ်တန်ရာ ဟုတွေးမိ

တော်မူလေသည်။ ထို့နောက် သာသနာတော်၏ တာဝန်အား
လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြော
င်း သိရှိတော်မူလေသည်။

                       `` ငါဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက်တွင်
ရှင်မဟာကဿပမထေရ် ဦးဆောင်၍  ပထမသင်္ဂါယနာတင်ပွဲ ကျင်းပလိမ့်

မည်´´ ဟုဘုရားရှင်သိတော်မူသဖြင့်သင်္ကန်
းကိုပေး၍ချီးမြှောက်ခြင်းဖြစ်လေသည်။
 အရှင်မဟာကဿပမထေရ်မြတ်သည်ရဟန်ြး
ဖစ်ပြီး

ရှစ်ရက်ကြာတော့ ရဟန္တာဖြစ်တော်မူလေသည်။

                        မဟာသက္ကရာဇ် ၁၄၈ - ခု၊  ကဆုန်လပြည့်နေ့၊ သက်တော်
(၈၀)တွင် ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်၌  ဘုရားရှင်

ပရိနိဗ္ဗာန်စံတော်မူလေသည်။

                        အရှင်မဟာကဿပမထေရ်ကြီးသည်  နောက်ပါတပြည့်ရဟန်း
၅၀၀တို့ဖြင့် မြတ်စွာဘုရားအား ဖူးမျှော်ရန် ပါဝါပြည်မှ

ကုသိနာရုံသို့ အသွားလမ်းခရီးတွင်ကုသိနာရုံမှပါ
ဝါပြည်သို့လာသော
တက္ကဒွန်းတစ်ယောက်နှင့် ဆုံမိလေရာ တက္ကဒွန်းထံမှ မြတ်စွာဘုရား

ပရိနိဗ္ဗာန်စံကွယ်လွန်တော်မူကြော
င်း သိရလေလျှင် ပုတုဇဉ် သံဃာအများစုသည်
ဝမ်းနည်းပက်လက်ဖြစ်ပြီး ငိုကြွေးကြလေသည်။

                        သို့သော် ``သုဘဒ်´´ အမည်ရှိသော ရဟန်းကြီးသည်
``ငါ့ရှင်တို့၊ ဘယ်အတွက်ကြောင့်..၀မ်းနည်းနြေ
ကသနည်း၊

ရှင်ကြီးဂေါတမရှိစဉ် ဤသို့ မပြုရ၊ ဤသို့ မနေရ၊ ဤသို့ မသွားရ၊ ဤသို့မစားရ၊
 ဤသို့ဆောင်ရွက်ပါ၊  ဤသို့ နေပါစသည်ဖြင့်စည်းကမ်း

များပြားလွန်းလှသည်၊ ယခုအချိန်တွင်  သင့်လျော်သလို နေထိုင်ခွင့်ရပြီ
မငိုကြလင့်..´´ ဟု ပြောဆိုတာ ၀မ်းမြောက်နေလေသည်။

                        ဤသို့...  သုဘဒ် ရဟန်း၏ စကားအား
အရှင်မဟာကဿပမထေရ်မြတ်ကြားတော် မူလေလျှင် `` မသူတော်တရား

မပြန့်ပွါးမီ၊  သူတော်ကောင်းတရား မပျောက်ပျက်မီ ဘုရားရှင်ဟောကြားတော်
မူခဲ့သော တရားတော်များအားစုပေါင်းရွတ်ဖတ်
သင်္ဂါယနာ

တင်ရမည်´´ ဟု တွေးမိကာ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး(၃)
လအကြာ မဟာသက္ကရာဇ်
၁၄၈-ခု၊ ၀ါခေါင်လပြည့်နေ့တွင် ရဟန္တာမထေရ်မြတ်

၅၀၀တို့နှင့်အတူ  ပထမဆုံးအကြိမ်
ဘုရားရှင်ဟောကြားတော်မူခဲ့သော
တရားတော်များအား  စုပေါင်းရွတ်ဖတ်ကာ
``ပထမသံဂါယနာ´´

ပွဲကို ကျင်းပခဲ့လေသည်။   ဘုရားရှင်သည် ကိုယ်တော်မြတ်၏  ပံသုကူသင်္ကန်းအား
အခြား မထေရ်များအားမပေးပဲ အရှင်မဟာကဿပ

မထေရ်မြတ်အားပေးတော်မူခြင်းသည်  နောက်ပိုင်းသာသနာတော်၏ တာဝန်များအား
ဘုရားရှင်၏ကိုယ်စား  အရှင်မဟာကဿပမထေရ်

မြတ်မှဆောင်ရွက်ရန် တာဝန်ပေးခြင်းဖြစ်ကြောင်း  သဘောပေါက်သိရှိပြီး
တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့လေသည်။

                       ပထမသင်္ဂါယနာတင်ပွဲတွင်
မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ
့ ဓမ္မနှင့် ၀ိနယကို  ၁။ ၀ိနယပိဋက  ၂။
သုတ္တန္တပိဋက

၃။ အဘိဓမ္မပိဋက ဟု  အုပ်စုသုံးစုခွဲလေသည်။  ဤ သံဂါယနာပွဲတွင်
အမေး(ပုစ္ဆက)ဆရာတော်အဖြစ်အရှင်
မဟာကဿပမထေရ်ကြီးက

ဆောင်ရွက်ပြီး  ၀ိနည်း ပိဋကတ်တော်ကို ရှင်ဥပါလိမထေရ်ကဖေဆိုတော်မူေ
လသည်။
သုတ္တန္တပိဋကနှင့် အဘိဓမ္မပိဋကများအား  အရှင်

အာနန္ဒာမထေရ်မြတ်က ဖြေဆိုတော် မူလေသည်။

                       မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန်
စံဝင်တော်မူစဉ်ကပင် သာသနာတော်၏ ပျက်စီးရာစိတ်အကြံများသည်များစွ
ာ ပေါ်ပေါက်

လာခဲ့လေသည်။ သို့သော် ယနေ့ထက်တိုင်  သုံးလူ့ထွဋ်တင် ဘုရားရှင်၏
စစ်မှန်သော တရားတော်များ၊ အဆုံးအမများအတိုင်း   နာကြား၊

မှတ်သား၊ ပွါးများ၊ အားထုတ်နိုင်ခြင်းသည် အရှင်မဟာကဿပမထေရ်မြတ်ကြီးနှင့်
သံဂါယနာ တင်တော်မူခဲ့ကြသော ရဟန္တာအရှင်မြတ်

များ၊  ယနေ့ထက်တိုင်  အကြိမ်ကြိမ် သံဂါယနာ တင်တော်မူသော အရှင်မြတ်များ၊
ဘုရားရှင်၏ အဆုံးအများအတိုင်း လိုက်နာကျင့်ကြံ၍

သုတ်၊ ၀ိနည်း၊ အဘိဓမ္မာစသည့် ပိဋိကတ်(၃)ပုံအား စောင့်ထိန်းနေတော်မူကြသော
သံဃာတော် အရှင်မြတ်များအား ဤစာဖြင့် ရိုသေစွာ

ရှိခိုး ဦးချ ကန်တော့အပ်ပါကြောင်း ခင်ဗျား..........။

5 comments:

  1. ရိုသေကြည်ညိုထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါးပဲမို့
    ဒီပို့စ်လေးဟာ မင်္ဂလာတစ်ပါး ပါပဲမမကြီးရေ ...။

    ReplyDelete
  2. အကျင့်ကောင်းလို့ အမွေထိမ်းနိုင်ခြင်းဖြစ်ကြောင်း သတိပြုမိရပါတယ် ...

    ReplyDelete
  3. ကျေးဇူးတော်အဖုံဖုံ ဂုဏ်တော်အနတ္တ မြတ်ဘုရားရဲ့ တရားတော်တွေက
    မှတ်သားသင့်တာကြည့်မို့ မင်္ဂလာပေါ့

    ReplyDelete

  4. တရားကုသိုလ်လေးယူထားတာပါ........
    လေးစားပါတယ်
    ဆရာ
    ကျန်းမာပျော်ရွှင်ပါစေ....................

    ReplyDelete