Pages

Tuesday, May 1, 2012

နေပူပူမှာရေလှူခဲ့ပါတယ် ♥ဖူးစာရှင်လေး ပရဟိတ♥ တတိယအကြိမ်လှူဒါန်းခြင်း




ရေလှူသူအဖွဲ့တွေမနေ့က၂၉ရက်၎လ2012 ရက်နေ့ကကိုယ်တိုင်ကိုယ်ကျ

ရေလှူတဲ့ကျေးရွာတွေအထိသွားခဲ့ ကြတဲ့ အဖွဲတွေတော့

တော်တော် ဒုက္ခရောက်ကြတယ်

မိုးကရွာ လမ်းကချော် နေတဲ့အပြင် တောရွာတွေဆိုတော့ ကားတွေလမ်းကမကောင်း
ဒူးပြုတ် တဲ့အထိဖြစ်နေတယ် သုံးခွမှာ ရွာတဲ့မိုးက ရေဒုက္ခရောက်နေသောသူများအတွက် လမ်းဖျက်မိုးဖြစ်နေပါတယ်
ကျေးရွာသောက်ရေကန်လက်ကျန်ရေတွေ ကိုရွှံ့ရေဖြစ်စေပါတယ်...
ရေအလှူခံနေသူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံး
သုံးခွမြို့မှကိုစိန်မောင်ဝင်းကပြောကြားပါတယ်
်........



မ..မနဲ့ကိုအလင်းစေတမန် ရောက်ရှိသွားချိန်မှာ
ရေအခက်အခဲအတွက်သူတို့ရွာတွေဆီကို ဆက်လက်သွားဖို့မဖြစ်နိုင်ကြဘူး
လမ်းမကောင်းလို့ ခဏနားထားရတယ်
ရေဖိုးအလှုငွေအတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံးမှာဘဲ
ငွေကျပ် သုံးသိန်းနဲ့ ဓါတ်ဆားရေ ၄သောင်းဖိုးလှုခဲ့ပါတယ်....
သုံးခွကနောက်ရက်မှာ
ဆက်လက်ပြီးရေကိုလှူပေးကြပါလိမ့်မယ်..................
.

မ..နဲ့ကိုမင်းသူရိန်ခရမ်းမြို့နယ်ကို ရေဆက်လက်လှူဒါန်းဖို့ရောက်ရှိပါတယ်
ဒေါက်တာတို့မှ မနေ့ထဲကကြိုတင်မှာယူထားသော ရေဘူးများမရောက်ရှိသည့်အတွက်
ခရမ်းမြို့ထဲမှာလှည့်လည်ဝယ်ယူကြပါတယ်..
ရေသန့်ဗူးများရရှိချိန်မှာ ခရမ်းမြို့နယ်မှ ဒေါက်တာဦးအေးမင်းက ရေဘူး ၁၃၀ကို တင်ဆောင်ပြီး

ကမာစိန်ကျေးရွာနဲ့ မောင်းမကျေးရွာကို သွားရောက်ပို့ဆောင်ပေးပါတယ်....


ဒေါက်တာဦးအေးမင်းတို့ပရဟိတလူတစု ရေဘူးများတင်ဆောင်ပြီးထွက်ခွာပို့ဆောင်တဲ့အချိန်မှာ
အပြန်ညနက်မှာမို့လို့ မ..မနဲ့ ကိုလင်းစေတမန် ပြန်လာခဲ့ကြရပါတယ်
အပြန်မှာသံလျှင်ကျိုက်ခေါက် ဘုရားအရောက်မှာကားခဏနားသခိုက်
ဘုရားဝင်ဖူးနေတဲ့အချိန်မှာ..မိုးများရွာသွန်းလို့လာပါတော့တယ်
...တစ်ခုစိတ်ပူတာက ကမာစိန်ကျေးရွာနဲ့ မောင်းမကျေးရွာကို သွားရောက်ပို့ဆောင်ပေးကြတဲ့
ဒေါက်တာ ဦးအေးမင်း တို့လူစုမိုးရေကြောင် ဒုက္ခမရောက်ဘဲ့ လမ်းခရီး ဖြောင့်ဖြူးပါစေ ဆုတောင်းနေရတော့တာပေါ့

ပရဟိတအတွက်ဆေးခန်းကိုပြစ်ထားခဲ့ ပြီး စေတနာရှေ့ထား ပရဟိတစိတ်ထားနဲ့ ဆက်လက်ကူညီ
ပို့ဆောင်ပေးကြတဲ့ဒေါက်တာတို့လူတစုနဲ့
ရေပြတ်လတ်နေတဲ့ကျေးရွာတွေအတွက်အလှူခံပြီးပရဟိတ စိတ်ထားနဲ့
လုပ်ဆောင်ကူညီနေကြတဲ့ သုံးခွမှ ကိုစိန်မောင်ဝင်း တို့ကိုလည်း
ကျေးဇူးတင်လေးစားနေပါတယ်


ဖူးစာရှင်လေးပရဟိတ ဆိုပေမယ့် သူသူငါငါ စိတ်ထားမွန်မြတ်စွာနဲ့
ဝိုင်းဝန်းလှူဒါန်းကြသော
ဝေးတစ်နေရာ အွန်လိုင်းပေါ်မှ မသိလဲခင် သိလဲခင် ဘ၀ဟောင်းမှာဆွေမျိုးမောင်နှမ တော်စပ်ကြကုန်သော
အွန်လိုင်းပေါ်မှ အလှူရှင်များဖြစ်ကြသော စာပေ၀ါသနာရှင် စာဖတ်သူနှင့်
စာရေးသားသူများ
ဆိုဒ်ပိုင်ရှင်များနဲ့ချစ်သူမြို့တော်ရွှေမြို့တော်ပရဟိတအဖွဲ့
မာတီပလိုင်းမှ စာပေသူငယ်ချင်းလက်တွဲဖော်များနဲ့ကိုလင်းစေတမန်ကို
မ..မအထူးကျေးဇူးတင်ပြီး
ယ္ခုလှူဒါန်းခဲ့သော ရေအလှူဓါနနှင့်ဆေးအလှူဓါန ကောင်းမှူ ကုသိုလ်ကို အမျှပေးဝေပါတယ်
ဤကောင်းမှူ့ကုသိုလ် ကို စေတနာရှင် အလှူရှင်များနှင့် ၃၁ ဘုံသားအားလုံး
အမျှ....အမျှ......အမျှ ယူတော်မူကြပါရှင်

ဤသို့လှူဒါန်းသောကြောင့် ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာ ဘေးရန်ကင်းလို့
မဂ်ဖိုလ်နိဗ္ဗာန် အထောက်အပံ ဖြစ်သော တရားထူးတရားမြတ်
ကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေ ............
ဆင်းရဲနဲ့ငရဲ ကင်းဝေးကြပါစေ..............
ဖူးစာရှင်လေးပရဟိတအဖွဲ
မ..မ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံး သုံးခွမြို့မှသိရှိခဲ့သော
ရေလိုအပ်နေတဲ့ရွာတွေကတော့
ကမာစိန်။ကမာနိုင်။မောင်းမ
ညွန့်ပေါင်း
ဘိတ်သိတ်
ရန်ကြီးအောင်
ဟေမဆလာ
ဟေမဆလာတဲတန်း
သြဘာညွန့်
ဇောတိက
အောင်ပန်းစိန်(တဲတန်းကြီး၊တဲတန်းလေး။ကျွဲစကျက်)
အဖွားကန်
သမစိတ္တ
ဆားတဲလင်း
ထွန်းစိန်
အောင်သာတန်း
မှိုကုန်းသာ
သုံးပေါက်ချွန်း
သာသာမြိုင်ဒါဒင်း
ကျွဲတဲကုန်း။သနပ်ကုန်း။ကြောင်လျှာကုန်း
စစ်ကိုင်းစုတို့ဖြစ်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံး သုံးခွမြို့ကို
အလှုရှင်တွေမှ စက်ရေတွင်းလှူတဲ့အတွက်
ရွာသုံးရွာတော့ ကံကောင်းထောက်မစွာ စက်ရေတွင်းတစ်ခုစီရရှိပြီး
သောက်သုံးရေထွက်ရှိပါတယ်.
စက်ရေတွင်း လှူမယ်ဆိုရင်တော့
စက်ရေတွင်းတတွင်းကို ၁၂နှစ်သိန်းမှ ၁၄သိန်းထိ ကုန်ကျတယ်လို့ကြားသိခဲ့ရပါတယ်
စက်ရေတွင်း လှူသူများလည်းထပ်မံ ပေါ်ပေါက်ပါစေ.............

တိုက်ရိုက်လှူဒါန်းလိုသူများအနေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံး သုံးခွမြို့
အောင်ဇေယျလမ်း၊ လင်းရောင်ဦးရုပ်ရှင်ရုံရှေ့  ဖုံး-05640787
နံနက် ၈
နာရီမှ ညနေ ၄ နာရီ
အတွင်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

( ပိုဒ်၂၅၄ )။ မောဟပိတ်ဆို့၊ ပညာချို့သည့်၊ လူတို့ ဥစ္စာ၊ များတုံပါလည်း၊ မဟာသမုဒ်၊ ရေအစုတ်သို့၊ သောက်ထုတ် သုံး ချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုးမရ၊ ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊
ဗိုလ်ခြေအားလုံး၊ သောက်သုံးချမ်းသာ၊ ပြီးတတ်စွာရှင့်၊

သဒ္ဓါမရှေး၊ မပေးမလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော်ဌာန၊ဤလောကနှိုက်၊ စိတ်ကကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊
မင်္ဂလာလွန်မြတ်၊ ဖြစ်သတတ်ရှင့်။
မဃဒေဝလင်္ကာ


နေပူပူမှာရေလှုမယ့်သူစောင့်နေတယ်.....
ခရမ်း သုံးခွ ရေရှားမှု ပြဿနာ ရေအလှူခံပါသည်.............


ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆
ဂျွန်ဖြိုး- 0943195840
ရာမည စင်္ကာပူ ဖုန်း- 98587714 -81957285

မ သူ _ 96605787
မ မေ စင်္ကပူဖုန်း _ 98581733
ကိုငြိမ်း    မလေးရှားဖုန်း _ 0169828779

ငြိမ်းချမ်း   မလေးရှားဖုန်း +6 0122700943.

ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉

15 comments:

  1. တင်ပါ့ဘုရား
    ဦးတင်ကန်တော့ပါတယ်
    အရှင်ဘုရားကျန်းမာပါစေ...........

    ReplyDelete
  2. မ....မ...
    သာဓု.သာဓု.သာဓု....
    မ...မ...

    ReplyDelete
  3. မ....မ...ရဲ့
    ပရဟိတပုံလေးတွေသွေးကြည်သွားတယ်နော်မ...မ..
    မ...မ..
    ဒီထက်မကပရဟိတအလုပ်တွေလုပ်နိုင်ပါစေနော်မ...မ

    ReplyDelete
  4. သာဓု...သာဓု...သာဓုပါ...
    မမရေ....။

    ReplyDelete
  5. သူများသားသမီးတွေများ တော်လိုက်ကြတာ...က္ဈန်တော့်မှာတော့ ခုထိ မိုက်လို့ကောင်းတုန်းလေ

    ReplyDelete
  6. ချစ်မရေ.. သာဓု သာဓု သာဓု

    ReplyDelete
  7. ♥မ..မ♥


     
    ♥မ..မ♥

    ReplyDelete
  8. အခုလိုမျိုး စိတ်ထားလှတာတွေကိုတွေရတော့ အရမ်းဝမ်းသာမိတယ်။

    ReplyDelete
  9. တင်ပါ့ဘုရား
    ဦးတင်ကန်တော့ပါတယ်
    အရှင်ဘုရားကျန်းမာပါစေ..........

    ReplyDelete
  10. ဘယ်နေရာတွေမှာ တကယ်ရေလိုအပ်နေတယ်ဆိုတာ အတိအကျလေးကျနော့်ထံအီးမေးပို့ပေးလို့ ရမလား။ ထို့အပြင်
    စက်ရေတွင်းတစ်တွင်းလှူရန်အတွက် စိတ်ဝင်စားမိပါတယ်။သို့ပေမယ့် ကျနော်နှင့်အတူ လက်တွဲ လှူဒါန်းမယ့်သူရှိလျှင် ဆက်သွယ်နိုင်ပါတယ်။ စက်ေ၇တွင်း ၁ တွင်းကို ၁၂ သိန်းမှ ၁၄ သိန်းအထိလို့ဖော်ပြထားပါသောကြောင့် ကျွန်ုပ်နှင့်အတူ ပါဝင်လှူဒါန်းလိုသူ ၄ ဦးပြိုင်တူပေါ်ပေါက်လာလျှင် ကျနော် ၂ သိန်းခွဲ လှူဒါန်းပါမည်။ ဆက်သွယ်ရန် ကျနော့်  အီးမေးကတော့ mts@myittarshin.com ကျော်မြတ်သူ (ခ)DJ-Fighter Lay ( MTS Online Radio www.myittarshin.com)

    ReplyDelete
  11. အခုလိုစေတနာရှေ့ထားပြီး
    လှူဒါန်းရှင်စိတ်ရှိတာသိရတာဝမ်းသာကြည်နူးမိပါတယ်
    မ..မ
    ဆက်သွယ်ပါ့မယ်နော်

    ReplyDelete
  12. သာဓု..သာဓု..သာဓု ပါ မ.မ ရေ
    ဆထက်တိုးလို့ သယ်ပိုးနိုင်ပါစေ...

    ReplyDelete
  13. ဆာထု.......ဆာထု..............ဆာထု ပါ
    ဆထက်ပိုးပြီးဆောင်ရွက်နိုင်ကြပါစေ

    ReplyDelete