Pages

Friday, March 2, 2012

♥♥ငါနားလည်တဲ့အချစ်ဆိုတာ♥♥


♥♥ငါနားလည်တဲ့အချစ်ဆိုတာ♥♥

အချစ်ရေ............

ငါနားလည်တဲ့အချစ်ဆိုတာ......

ပန်းပွင့်လေးတွေလိုလှပနေပါတယ်

အချစ်ကြောင့်ကြည်လင်တဲ့စမ်းချောင်းလေးတွေဟာ ဂီတသံစဉ်တွေတီးခတ်နေတယ်

ငှက်ကလေးတွေကလည်း  အချိုသာဆုံးချစ်သီချင်းတွေကျူးရင့်ပြီး

အတောင်ခတ်ကာပျံသန်းနေတယ်

သစ်ရွက်စိမ်းလေးတွေလဲလှုတ်ခတ်လို့ အချစ်တွေနဲ့ကခုန်နေကြတယ်

လိပ်ပြာလေးတွေဟာတောင်ပံခတ်ပြီးဘေးနားမှာဝဲပျံနေကြတယ်နော်

အေးမြတဲ့လေပြေညှင်းတွေက မင်းဆီကိုမွှေးပျံတဲ့ပန်းရနံတွေ ဆောင်ယူလာကြပြီး

ကောင်းကင်ပေါ်က တိမ်ဆိုင်တွေဟာ အချစ်ကြောင့်အပြာရောင်သန်းနေတယ်

မြတ်နိုးယုယပြီးပြင်းပြတဲ့ချစ်စိတ်တွေနဲ့ မင်းနှုတ်ခမ်းတွေက င့ါကိုပြုံးပြနေတယ်

ရောင်စုံကောင်းကင်ကြီးကတော့
တိမ်တွေနဲ့ မင်းရဲ့ကျက်သရေရှိတဲ့ ခန္ဓာကိုယ်ကို
ပန်းချီရေးနေတယ်

 အချစ်ကြောင့်ပေါ့ မင်းရဲ့မျက်လုံးလေးတွေဟာ ကြယ်လေးတွေလို  တောက်ပနေတယ်

ငါနားလည်တဲ့အချစ်ဆိုတာ အာရုံတက်ချိန်မနက်နေခြည်လို   စိတ်တွေကို နွေးထွေးနေပါတယ်

တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေလည်း

စိတ်ရောင်စဉ်သက်တန့်တွေဟာဆက်သွယ်နေတယ်နော်

အချစ်ဟာအေးမြခြင်း မြတ်နိုးခြင်း တည်ငြိမ်ခြင်း သာယာလှပခြင်းတွေ ယူဆောင်လို့ပေါ့

သိပ်ချစ်ရတဲ့ချစ်သူရယ်........♥♥

4 comments:

  1. အားပေးသွားပါတယ်ဗျာ

    ReplyDelete
  2. မမ.....
    အချစ်သံစဉ်တွေက ချိုမြိန်နေပါလားးဗျို့....။

    ReplyDelete
  3. အချစ်ဟာအေးမြခြင်း မြတ်နိုးခြင်း တည်ငြိမ်ခြင်း သာယာလှပခြင်းတွေ ယူဆောင်လို့ပေါ့ .... ဟုတ်မမ ...
    အားပေးသွားပါတယ်လေနော့် ....

    ReplyDelete
  4. တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေလည်း

    စိတ်ရောင်စဉ်သက်တန့်တွေဟာဆက်သွယ်နေတယ်နော်..............

    ReplyDelete