Pages

Sunday, March 11, 2012

အချစ်ဆိုတာ


အချစ်ဆိုတာ ပန်းလေးတပွင့်ဆိုရင်

ငါကပန်းလေးတပွင့်

မင်းကခူးချွေသူ

ဘယ်လိုပဲ မင်းချွေချ ချေမွှ

မြေမှာချလို့ နင်းချေ နင်းချေ

ချစ်သူခြေရင်း ၀တ်ဆင်းခယ

ဒဏ်ရာဗလပွနဲ့ သေသည့်တိုင်

ငါကျေနပ် နေပါ့မယ်.....

အချစ်ဆိုတာ ပန်းချီကားတစ်ချပ်ဆိုရင်

 ငါကပိတ်ကား မင်းကစုတ်တံပေါ့

ဘယ်လိုပဲ မင်းခြစ်ခဲ့ခြစ်ခဲ့

မလိုလို့ပစ်တဲ့တစ်နေ့

ဒဏ်ရာဗလပွနဲ့ ငါကျေနပ်စွာ

နေဆိုနေခဲ့ပါ့မယ်.....

မ..မ
မောင်လေး ဇင်မင်းဝေ

5 comments:

  1. ကောင်းတယ် မမရေ...

    ReplyDelete
  2. မမ နဲ့ မောင်လေးဇင်မင်းဝေကဗျာလေးကို
    လာအားပေးတာ လေးစားပါတယ်....

    က ကြီး ကျန်းမာပျော်ရွှင်ပါစေ.........

    ReplyDelete
  3. အချစ် ပန်းချီကားလေးကို လာရောက်ခံစားခဲ့ပါတယ် မမရေ ...။

    ReplyDelete
  4. ခံစားချက်လေးမျှဝေယူတာ.ကျေးကျေးနော့

    ကျန်းမာပျော်ရွှင်ပါစေ.........

    ReplyDelete