Pages

Monday, November 22, 2010

ဗဟုသုတကြွယ်ဝသော ““ပေါ်ဦး မင်းတို့  ကျင့်အပ်တဲ့ တရားတွေကို လေ့ လာထားသမျှ'''

ဘိုးတော်မင်းတရားကြီးသည်
အမက်ကြီးဦးပေါ်ဦးအပေါ်တွင်  ယုံစားချစ်ခင်တော်မူသည့်အလျှောက် ရာထူးဋ္ဌာနန္တရ
အသီးသီး ဆုတော်လဒ်တော် အဖုံဖုံချီးမြှင့်တော်မူသည့်အပြင်

““မင်းတို့ ဘုရင်
ရှင်ဘုရင်ပါးမ၀သေး“  

ဟုဆိုသောစကားကြောင့် မျက်မာန်တော်ရှကာ သီန္ဓီသို့  ပို

့ဆောင်သည့်တိုင်အောင် အမြတ်တော်ပြေလေလျှင်
အပါးတော်မှာပင်ပေးမြဲ    ရာထူးဋ္ဌာနန္တအတိုင်းပေး၍   အပါးတော်မှာထားတော်မူသည်။
ဦးပေါ်အားစူးစမ်းတော်မူလေ၍  မေးတော်မူသည်မှာ................
ဦးပေါ်ဦးအားပျော်တော်ဆက် သတ်သတ်သာမဟုတ်ပဲ ဗဟုသုတစွယ်စုံရကြောင်းကို သိတော်မူ၍
ဗဟုသုတအရာကို   စူးစမ်းတော်မူလို၍   မေးတော်မူသည်မှာ...................


““ပေါ်ဦး  မင်းတို့   ကျင်းအပ်တဲ့ တရားတွေကို မင်းလေ့ လာထားသမျှငါ
့ကိုပြောစမ်းပါဦး““
...““မှန်လှပါဘုရား၊ ရှေးရှေးသော  မင်းလောင်း  ဘေးလောင်း   ဘိုးလောင်းတို
့၏ကျင့်မြဲကျင့်ရာ   တရားများမှာ မင်းကျင့်တရား    ဆယ်ပါးရှိပါသည်
ဘုရား.....ယင်းတို့ မှာ
၁။အလှူဒါပေးခြင်း၊ဒါန

၂။သီလခိုင်မြဲခြင်း၊သီလ


၃။ပေးကမ်းချီးမြှင့်ထိုက်သူကိုပေးကမ်းစွန့် ရခြင်းဟူသောပရိစာကတရား


၎။ကိုယ်ရောနှပ်ပါ နူးညံ့သိမ်မွေ့ ရခြင်းတည်းဟူသောမုဒုကတရား


၅။ရှစ်ပါးသီလစောင့်သုံးရခြင်းတည်းဟူသောဥပေါသထတရား


၆။အမျက်ကိုသိုသိပ်ရခြင်းတည်းဟူသောအက္ကောဇတရား


ရ။ရဟန်းရှင်လူပြည်သူတို့ နှင့်မဆန့်ကျင်ရခြင်းတည်းဟူသောအ၀ိရောဓတရား


၈။ပြည်သူလူထုကို အခွန်အတုတ်အမျိုးမျိုးဖြင့်မညှင်းဆဲခြင်းတည်းဟူသောအ၀ိဟိသနတရား


၉။သည်းခံရခြင်းတည်းဟူသောခန္တီတရား


၁၀။ဖြောင့်မတ်မှန်ကန်စွာကျင့်ရခြင်းတည်းဟူသောသမ္မာပဋိပန္တ။။

“ဤတရားဆယ်ပါးဖြစ်ပါတယ်ဘုရား““

““ရှေ့ဘိုးတော်လောင်းတော်များကျင့်စဉ်တရားများဟာ


ငါ၏လက်ထပ်တော်တိုင်အောင်လိုက်နာကျင့်သုံးရတဲ့ အတွက်ထူးခြားတဲ


မင်းကျင့်တရားဆယ်ပါးဖြစ်ပေတယ်မောင်မင်း““


..““မှန်လှပါ၊ဤမင်းကျင့်တရားဆယ်ပါးနှင့်အညီ
ကျင့်ကြံတော်မူ၍လည်းရဟန်းရှင်လူပြည်သူအပေါင်းတို့ 
ကြည်ညိုလေးစားတိုင်းပြည်မှာ  အေးချမ်းသာယာလျှက်ရှိကြောင်းပါဘုရား
.....““ဒီပြင်ကောပေါ်ဦးရဲ့ ““
မှန်လှပါ  မင်းဧကရစ်သတ္တိမှာ  သုံးဖြာရှိကြောင်းပါဘုရား
“““ကောင်းမြတ်လှပေးတယ်ပေါ်ဦးရယ်““
၁။ပညာရှိတို့ နှင့်အစစတိုင်ပင်နှီးနှောခြင်း၊

၂။ရိက္ခာလက်နတ် စစ်သား ရှာမှီးမှူ့ 


၃။စိမ်းကျက်မရွေး အပြစ်ပေးဆုံးမ မှူ့ 


ဤ  သုံးပါးဖြစ်ကြောင်းပါဘုရား    ကောင်းမြတ်လှပေးတယ်  ပေါ်ဦးရယ်““

....နောက်တစ်ဖန် မင်းတို့ မည်သည် ဗြဟ္မာမင်းတို


့၏နေခြင်းကျင့်ခြင်းတရားလေးပါးတို့  ကျင့်ကြံအားထုတ်အပ်ကြောင်းပါဘုရား။


““ပေါ်ဦး  မင်း ပြောမှာ ဗြဟ္မာစိုရ်တရားလေးပါးပဲမဟုတ်လား““


..မှန်လှပါဗြဟ္မစိုတရားလေးပါးဟူ၍လည်းကောင်း၊ဗြဟ္မာမင်းကျင့်တရားလေးပါးဟူ၍လည်း

ကောင်းခေါ်ဆိုကြပါသည်။ထိုတရားလေးပါးမှားမှာမေတ္တာ၊ဂရုဏာ

မုဒီတာဥပေက္ခာ လေးပါးဖြစ်ပါတယ်ဘုရား““

၁။မေတ္တာ ဆိုတာက တိုင်းသူပြည်သား တို့ ကိုမိမိကိုယ်နှင့်အမျှချစ်ခြင်း

၂။ဂရုဏာဆိုတာက ဆင်း၇ဲသားများအားသနားဂရုဏာထားခြင်း


၃။မုဒီတာ ဆိုတာက ချမ်းသာသူများအတွက်ဝမ်းမြောက်ခြင်း


၎။ဥပေက္ခာဆိုတာက  ဆင်း၇ဲချမ်းသာ ထိုနှစ်ဖြာတို့ ၏အကြား စိတ်ထားခြင်း။

သောကကင်းဝေးနေထိုင်ရေးတရားဖြစ်ကြောင်းပါဘုရား““

““ကောင်းလှပါပေတယ် မောင်မင်း၊ဗဟုသုတအထွေထွေကိုနားဆင်ရအောင်လျှောက်တင်ပေဦးမောင်မင်း
““  မှန်ပါဘုရား ဗလငါးတန်လူထိထံ  အပ်နှံအစိုးရလို့    ဆိုစကားရှိတယ်ဘုရား““

..တိုင်းသားပြည်သူအတွက်
၁။ကိုယ်လက်သန်မာထွားကျိုင်းဖွဲ့ ဖြိုးစေရတဲ့ ကာယဗလပြည့်စုံရေး

၂။ဗဟုသုတကိစ္စ ၀ိဇ္ဖသိပ၌ပညာ ပြည့်စုံစွာရှိမှု့ စတဲ့ ညာဏဗလဖွဲ့ ဖြိုးရေး


၃။ဘောဂဗလ ဆိုတဲ့ 

ပြည်တွင်းထွတ်ကုန်တိုးတတ်ပေါများပြီးပစ္စည်းဥစ္စာရတနာအထွေထွေဖွဲ့ ဖြိုးမှူ

၎။ပြည်သူပြည်သားအပေါင်းယဉ်ကျေးမှူ့ ဖွဲ့ ဖြိုးရေး

၅။မိတ္တဗလ ဆိုတဲ့  မဟာမိတ်နိုင်ငံများပေါများမှူ့ 

 အဲ့ ဒီဗလငါးတန်ကိုပြည်သူလူထုအတွက်ဆောင်ရွတ်ပေးရပါတယ် ဘုရား

“““ အိမ်းကောင်းလေစွ ကောင်းလေစွ““


“““မင်းကောင်းမင်းမြတ်များနှင့်တကွ
မူးမက်အပေါင်းတို့ တို့ မှာနာယကဂုဏ်ခြောက်ပါးဆိုတဲ့ ကိုလဲကျင့်ထိန်းရပါတယ်ဘုရား
နာယကဂုဏ်ခြောက်ပါးကတော့ ..............

၁။ခမာ သည်းခံခြင်းခန္တီတရား

၂။ဇာဂရီယ၊ နိုးကြားထကြွအစစအရာရာသတိထက်ကြပ်ပါခြင်း


၃။ဥဋ္ဌာန၊ ငယ်သားတို့ ထက်စထက်များစွာသာလွန်သောလုံးလရှိခြင်း


၎။သံဝိဘာဂ လျှောက်ပတ်လျှော်ကန် တော်တန်သလိုခွဲစိတ်ချီးမြှောက်ထောက်ပံ့ရခြင်း


၅။ဒယာ သူတစ်ပါးအားကိုယ်နှင့်မခြားသနားကြင်နာခြင်း


၆။က္ကုက္ခနာ အလုံးစုံသောအမှူ့ ကိစ္စ တို


ကိုတွေးတော်မျှော်မြင်ဆင်ခြင်ညာဏ်နှင့်ပြည့်စုံရခြင်း

ဤသို့ သောနာယကဂုဏ်ခြောက်ပါးနှင့်ပြည့်စုံရပါတယ်ဘုရား

““ထိုမှတပါးရှေ့ဆောင်ရှေ့ရွတ်လုပ်ကြရမည့်
မင်းနှင်တကွသောမှူးကြီးမတ်ကြီးနာယကများသည်နာယကပုဂ္ဂိုလ်တို
့၏အသိညာဏ်ငါးပါးနှင့်လည်းပြည့်စုံရပါသေးတယ်ဘုရား

...အဘယ်သို့ နည်းမူကား.................
၁။အတ္တညူ  အကျိုးစည်းပွားရှိမှူ့  အကျိုးမဲ့ မှူ
့များကိုဝေဖန်ပိုင်းခြားသိထားရခြင်းတစ်ပါ

၂။ဓမ္မညူအကျိုးစီးပွားရှိမှူ့ 


၃။မတ္တညူ ရှေ့တွင်ဖြစ်ပေါ်လာနိုင်သည့်
အလားအလာအတိုင်းအရှည်ကိုကြိုတင်သိထားနိုင်ခြင်းလည်းတစ်ပါး


၎။ကာလညူအချိန်ကာလသင့်မသင့်ကိုချင့်ချိန်နိုင်ခြင်းလဲတစ်ပါး


၅။ပရိသညူ ပရိတ်သတ်၏လိုလားသောစိတ်ထားကိုသိတိထားခြင်းဖြင့်လည်းတစ်ပါး


ဤငါးပါးသည် တိုင်းသားပြည်သူတို့ ၏အကြီးအကဲရှေ့ဆောင်ေ၇ှ့ရွတ် ပြုကြသောမင်းနှင့်တစ်ကွ
မူးကြီးမက်ရာသေနာပတိစသောနာယကပုဂ္ဂိုလ်တို့ ၏အသိညာဏ်ငါးပါးဖြစ်ကြောင်းပါဘုရား

““ကောင်းလှပေတယ် မောင်မင်း““  ဗဟုသုတအရာဆက်လက်တင်လျှောက်ပါဦး ပေါ်ဦးရဲ့ ““


မှန်လှပါ  မည်သည့်တိုင်းပြည်မဆို တိုင်းပြည်၏အင်္ဂါခုနှစ်ဖြာဟုကျမ်းလာရှိပါတယ် ဘုရား
ယင်းတိုင်းပြည်အင်္ဂါခုနှစ်ဖြာ ဆိုသည်မှာ
.............

၁။ပြည့်ရှင်မင်းသမ္မတမင်းရှိစေရမည်။
ဝန်ကြီး သံကြီး မင်းတိုင်ပင်များ
မဟိာတ်မင်းများ
စားနပ်ရိက္ခာရွှေငွေဘဏ္ဍာများ
ကျူံးမြောင်း ခံတပ်နယ်စပ်တံတိုင်းတောတောင်စသည့်တစ်ဖတ်ရန်သူတို
့၏စစ်ကိုတွန်းလှန်နိုင်မည့် ပြင်ဆင်မှု့ များ
၆။ကျယ်ပြန့်သောနိုင်ငံတော်
၇။စစ်သည်ဗိုလ်ပါ ရေတပ်များခြင်း

ဤသည်တို့ ကားတိုင်းပြည်အင်္ဂါခုနှစ်ပါးပါဘုရား.............
ထိုမှတစ်ပါးတိုင်းပြည်နိုင်ငံအတွက် တိုင်းပြည်ရတနာ ကိုးပါးရှိအပ်ပါတယ်ဘုရား

၁။ပြည်၏ဦးကင်း တိုင်းရေးပြည်မှု့ ကိုဆောင်ရွတ်စီမံပေးနိုင်သောမူးကြီးမက်ကြီးများ

၂။ပြည်၏တံခွန်သီလသမာဓိပညာနှင့်ပြည့်စုံသောရဟန်းတော်များ


၃။ပြည်၏မျက်စိ ဆေးဆရာ စက်မှု့ လက်မှူ့ ယန္တယားဆရာများ


၎။ပြည်၏နား    သစ္စာ၇ှိသောသူလျှိုစုံထောက်များ


၅။ပြည်၏မျက်နှာ   လှပသောသမီးကညာများ


၆။ပြည်၏အစွယ်    သူရသတ္တိ၇ှိကြသည့်ဗိုလ်ချူပ်ဗိုလ်မှူးတပ်မှူးများခြင်း


၇။ပြည်၏၀မ်းဗိုက်   စားနပ်ရိက္ခာပြည့်စုံစွာသောသိုလှောင်ထားသောစပါးကျီစသည်များ


ဂ။ပြည်၏ခြေ     ယာဉ်မျိုးစုံ


၉။ပြည်၏လက်     ခဲယမ်းမီးကျောက် အမြောက်သေနတ်စသော လက်နက်များ


စသည်တို့ ဖြစ်ပါတယ်ဘုရား



12 comments:

  1. လာဖတ်သွားပါတယ်ခင်ဗျာ ..

    ReplyDelete
  2. သူငယ်ချင်းရေ.....မြန်မာနိုင်ငံရဲ့ခြေကတော့....ဆိုက်ကားဖြစ်ပြီး.......လက်ကတော့.....လေးခွ..ပဲဖြစ်ပါတယ်....ပျော်ရွှင်ပါစေ.....သူငယ်ချင်း....

    ReplyDelete
  3. ပို့စ်လေးက ဖတ်ရတာ တန်ဖိုးရှိပါတယ်

    ReplyDelete
  4. လာဖတ်သွားပါတယ် တန်ဖိုါ်ရှိတဲ့ပို့လေးပါ
    အမြဲပျော်ရွှင်
    ပျော်ရွှင်ပါစေ

    ReplyDelete
  5. မမရေ ကောင်းပါတရ် နော် တစ်ခုခုကို ညွန်းနေသလိုပဲ ဟဲဟဲ

    ReplyDelete
  6. ကျွန်တော်လေးစားရတဲ့ ပညာရှိတွေထည်းမှာ ဦးပေါ်ဦးပါတယ်အမ။

    ReplyDelete
  7. လာရောက်လေ့လာ ဖတ်ရှု.သွားပါတယ်ဗျ၊မှတ်သားစရာတွေ အများကြီးရလိုက်ပါတယ်။

    ကျော်နန္ဒ

    ReplyDelete
  8. မျှဝေမှုအတွက် ကျေးဇူးပါ .... မှတ်သားသွားပါတယ် မမ ....

    ReplyDelete
  9. ဆိုက်ကားနင်း၇င်းလေးခွပြစ်သွားခဲ့ပါတယ်မမ

    ReplyDelete
  10. ဟားဟားးးးးး

    ကိုတိုးရေ ရီရတာအူတက်တော့မယ်....................

    ဟားဟားးးးးးးးးးးးး

    လက်လွတ်လိုက်ရင် ဆိုက်ကားမှောက်နေမယ် ပြစ်လို့ရလားးးးးးးးးးးးးးး;P

    ReplyDelete