Pages

Sunday, November 7, 2010

အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးချက် မပိုင်လျှင် နောင်ပြင်ရန်ခက်တယ်။

အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး

ဤသုံးချက် မပိုင်လျှင် နောင်ပြင်ရန်ခက်တယ်။

အိမ်ထောင်ပြုတာက ရုပ်ရည် ပစ္စည်းဥစ္စာ ပညာထက် သူရဲ့

အကျင့်စာရိတ္တ အဓိကပေါ့

စိတ်ထားလေးဖြူစင် လှပမှ ဘ၀တစ်သက် တည်မြဲသော

အေးချမ်းသော သာရာချမ်းမြေ့သော မိသားစုဘ၀ကိုကြာရှည်စွာ

တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဘုရားတည်သည့်အခါမှာလဲ သန့်ရှင်းစင်ကြယ်သောနေရာဌာနမှာ နေဒဏ်မိုးဒဏ်

လေဒဏ်ရာသီဥတုသုံးပါးကို   မည်ကဲ့သို့သော  ဘေးရန်လာလာ  

ခံနိုင်ရည်ရှိအောင်   တည်ဆောက်ရပါတယ်

အခိုင်အမာခန့် ငြားသပ္ပါယ်    စွာတည်ထား   ကိုးကွယ်ရပါတယ်။

ဆေးမှင်ရည်နဲ့ခန္ဓာ   ကိုယ်ထိုးသည့်အခါမှာလဲ မိမိလိုချင်သော အရောင် အရုပ်နှင့်

မိမိကိုယ်ခန္ဓာနေရာကို    ဆေးမှင်ရည်မထိုးခင်မှာ   သင်ကိုယ်တိုင်သေချာစွာ

တိကျပိုင်နိုင်စွာဆုံးဖြတ် ပြီးမှ    ထိုးသင့်ပါတယ် ။သင်သဘောမကျသော

အခါဖျက်ရသည့်အချိန်တွင် ခက်ခက်ခဲခဲဖြစ်သောကြောင့်ဖြစ်ပါသည်။

ထင်သလောက်မလွယ်ကူပါ။ နောင်အချိန်ထပ်ပြုပြင်လျှင်

လိုအပ်သလိုမရနိုင်တော့ပါ

ငွေကုန်ကြေးကျများပြီး   အချိန်ကုန်လူပမ်းဖြစ်တတ်သည်။ သေချာစွာစနစ်တကျ

လုပ်ကိုင်ဆောင်ရွက်ခြင်း   မပြုလျှင်အခန့်မသင့်ပါက

ရောဂါပါကူးစက်နိုင်ပါသည်။

မကောင်းသောအခါ၌   တည်မိသည့်ဘုရား

ဠင်းတပဲနားနားဟု     ပြောဆိုမိတတ်သည်။   အကျင့်စာရိတ္တ 

မကောင်းသောသူနှင့်    အရက်သေစာ    သောက်စားသော သူနှင့်

အိမ်ထောင်    ထူထောင်မိပြန်လျှင်လည်း

ပေါက်တဲ့နှဖူး   မထူးတော့ပါဘူး ဟု   ဆိုကာ မိမိ၏    သားသမီးမျက်နှာကို

ထောက်ထားငဲ့ညှာပြီး     ပေါင်းသင်းနေရတတ်သည် ။

8 comments:

  1. အင်းးးးးးးးးးးးးးမှတ်မှ ....မှတ်မှ ....

    ReplyDelete
  2. ဟုတ်....မှတ်သားသွားတယ်ဗျ....

    ReplyDelete
  3. ဟုတ် မမ ဟုတ်

    ReplyDelete
  4. အကျင့်စာရိတ္တ

    မကောင်းသောသူနှင့် အရက်သေစာ သောက်စားသော သူနှင့်

    အိမ်ထောင် ထူထောင်မိပြန်လျှင်လည်း

    ပေါက်တဲ့နှဖူး မထူးတော့ပါဘူး ဟု ဆိုကာ မိမိ၏ သားသမီးမျက်နှာကို

    ထောက်ထားငဲ့ညှာပြီး ပေါင်းသင်းနေရတတ်သည် ။


    သူများတွေပြောတော့ အမလေးတဲ့  မကောင်းလို့ က ဂျောင်းဘဲ ယောက်ကျား ထမိန်ယပ်ခပ် လိုက်ရင် ရောက်လာတယ်တဲ့ 
    ပေါလွန်းလို့ ခါတောင်ချနေရတယ်တဲ့ 
    ဟုတ် မဟုတ်တော့သိဘူး

    ReplyDelete
  5. ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဟုတ်ပါတယ်ဗျာ .........................

    ReplyDelete
  6. ဟုတ်ကဲ့ .... မှတ်သားသွားပါတယ် မမ ......

    ReplyDelete
  7. ဟုတ်ကဲ့ပါ အခုလိုပြောပေးတာ ကျေးဇူးတင်ပါတယ် ကိုသုတ. . .

    ReplyDelete