Pages

Friday, March 5, 2010

သံသရာ မှာ သမုဒ္ဒရာ လေးစင်း မျက်ရည် မြစ်များကျဖူးတယ်

အိပ်မက်လေး

တစ်ရေးနိုးထ နှလုံးသားလေး စူးနင့်နာကျင်
ဘ၀ဟောင်းမှာ ချစ်ဖူးတယ် သခင်
သံသရာဝဋ်ကျွေး မပြယ်သေး
တဖန်တွေ့ဆုံကြုံလာတယ်
အိပ်မက်ထဲမှာ ငိုညည်းနေမိ သူ တစ်ယောက်တွက်
မျက်ရည်တစ်စက် ကျမိခဲ့ရင်
သံသရာမှာ သမုဒ္ဒရာလေးစင်း မျက်ရည် မြစ်များ

ဘ၀ဟောင်းမှာ ကျဖူးတယ်ရှင်


``ဘုရား´´

ဟောတာကြားဖူးတယ်သခင်

ချစ်သူမသိ အိပ်မက်ထဲမှာ ငိုညည်းနေမိ

ဘ၀ဟောင်း ပြန်ပြောင်းသိတော့လွမ်းမိရင်မှာ

အတိတ်ဝဋ်ကြွေး ပေးဆပ်နေတာ

ကြင်သူသိစေချင်လှတာ

0 comments:

Post a Comment