Pages

Sunday, March 21, 2010

၃၇(မင်း )ဘယ် (မင်း) မှ မကိုးကွယ်ပါ

၃၇ မင်းအမေအကုန်ကိုးကွယ်ပါတယ် အပြည်ပြည်
ဆိုင်ရာနတ်မင်းလူမျိုးပေါင်းစုံနတ်အမေကိုးကွယ်ပါတယ် ကျွန်မအမေ့နောက်က အမြဲလိုက်နေရသည်  နတ်ကတော်သွားခေါ်ဆို ခေါ်ပေးရသည်
အမေကိုးကွယ်သောနတ်တွေအကြောင်း ကျွန်မလေ့လာသည့်အခါ တဖြေးဖြေး
အမေနှင့် ကျွန်မအတူတူသာသွားနေတာ နောက်ဆိုအမေ
နောက်သမီးမလိုက်ဖူးနော်..ဟုပြောမိသည်
အမေကအေးပါ နောက်မခေါ်ဘူးရှေ့ ခေါ်မယ်နော် ဟုပြန်စနောက်နေ တတ်သည် နတ်မင်းတွေ နတ်မ တွေကို အမေ ဂရုစိုက်သည် စားတော်တိုက်သည်ဆိုပြီး ကြက်သားကိုနှုတ်သီးမဖြတ်..ချေသည်းမဖြတ်တော့ဒီအတိုင်း ချက်သည်။
လက္ဘက်ဆက်သည် အရက်ဆက်သည် ကြက်ကျော်သည် စားတော်တိုက်သည်ဟုဆိုကာ ချက်ပြုတ်နေသည့်အခါ

ကျွန်မလုပ်တော်တော်ရှုပ်သည် ဟုစိတ်ထဲမှကြည့်နေရင်း မှတ်ထင်လာမိသည် ကိုယ့်အမေမို့ မပြောသာပါ။
တနေ့အမေခေါ်နေ ကြနတ်ကတော်မအားခေါ်၍အမေကသူတူမကိုခေါ်ပြီးနတ်ဝင်ခိုင်းသည်
ကျွန်မကျောင်းကပြန်လာချိန်နှင့် အမေ့ တူမနတ်ဝင်နေချိန်သွားတိုက်ဆိုင်သည်
နတ်ဝင်နေသည့် အမေ၏ တူမသည် အမေ့အားလက်ညိုးထိုး၍ ဆဲနေသည်
အမေဂျမ်းဝင်သည်တဲံ့
ဲ့
“အမေ" လက်အုပ်လေးချီ၍ သူ့တူမအား ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ မိန့်ပါနှင့်

ကန့် တော့နေသည်

ကျွန်မကြည့်နေရင်း ဒေါသ ဖြစ်လာသည် စိတ်တိုလွန်း၍
နတ်ဝင်နေသည့်နတ်ကတော် အသားတုန်မတုန်မသိ ကျွန်မအသားတွေတုန်လာသည် ဘယ်လိုမှ စိတ်တွေ ထိမ်းမရတော့
နတ်တော့မသိဘူး ငါကတော့နင့်ကို သတ်ချင်လာတယ်ဟုပြော၍ အမေ့တူမ
နတ်ဝင်နေသည်ကို ကျွန်မရိုက်နှက်ဖို့ ပြင်တော့ချက်ခြင်း ၀င်နေသည့် “နတ်"သည် ထွက်သွား ပါသည်
"အမေ" ကျွန်မကိုရိုက်နှက်ဖို့ ပြင်ရင်းနင်တော်တော်ဆိုးတယ်ဘာမှနားမလည်ပဲနဲ့ ငါ့လုပ်နေတာ လာနှောက်ယှက်နေတယ် ဒီနတ်တွေက ငါ့ကိုကူညီစောင့်ေ၇ှာက်နေတာ ဒီနတ်တွေဆက်နေလို့ ငါ့လုပ်ကိုင်နေတာ အစစအရာရာလုပ်ငန်းတွေ အဆင်ပြေနေတာလေ


သူတို့လုပ်ကျွေးနေတာလို့ဆိုပါတယ်
"သမီး"တော့အမေအလုပ်လုပ်နေတာပဲမြင်တယ် အမေ့၃၇မင်း နတ်တွေအမေ့အလုပ်ဝင်ကူညီလုပ်တာ တခါမှ မမြင်ဖူးဘူးနော် မမြင်ဖူးပါဘူး နော် အမေအလုပ်လုပ်နေတာပဲမြင်ဖူးတယ် အမေ့တူမက
အမေ့ကိုလက်ညှိးထိုးပြီးဆဲနေတာလေ အမေဂျမ်းဝင်တယ်ဆိုပြီး အမေကအကြီး သူကအငယ် ဘာ ကန်တော့စရာလိုလည်း သူ့ကိုကျွန်မရိုက်ချင်တယ် ဟုဆိုကာကျွန်မပြန်ပြောမိသည်
အမေ့နတ်တွေက ဥပစ္ဆေဒကံနဲ့ သေတာအစိမ်းသေတွေလေ သူတို့ကိုစားစရာ မရှိလို့အမေ ကျွေးတာ ကုသိုလ်ရတယ် အမေကျွေးနေလို့ သူတို့စားရတာလေနော် သူတို့ကိုအမေကျွေးတာ
သူတို့ ကျွေးတာအမေစားတာမဟုတ်ဘူးလေ သူတို့တောင်စားစရာမ၇ှိတာ အမေကို ၃၇ မင်းနတ်တွေကဘယ်လိုကျွေးမလည်း နောက်ဆိုအမေတူမကို

နတ်ဝင်သည်မလုပ်ခိုင်းပါနဲ သမီးမကြိုက်ဘူးအမေ ငယ်တဲ့လူခေါ်နတ်ဝင်ခိုင်း ဦးကုန်းချနဲ့အမေဆက်တဲ့ ကိုကြီးကျော် အရက်ယူသောက်ပြီး အမေ့တူမကို
အရက်ပုလင်းနဲ့ခေါင်းရိုက်ခွဲလိုက်မယ် ကျွန်မနှင့်အမေ

ပြောဆိုနေတုန်း အမေ့တူမ ဘယ်အချိန် ပြန်သွားမှန်းမသိလိုက်
ကျွန်မပြောလိုက်တည်းကအမေ သူ့တူမ သူချွေးမတွေ ကိုနတ် ၀င်သည်မလုပ်ခိုင်းတော့ အမေနှင့်ကျွန်မ အေးအေးဆေးဆေး ဖြစ်တော့မှအမေ နတ်တွေစားဖို့ ဆက်တာကုသိုလ်ရပါတယ် ဘာကုသိုလ်လည်းဆိုတော့အမေချက်ပြုတ်ထားတာ နတ်ဆက်ပြီးသားတွေကိုသူများစားဖို့ပေးလိုက်တဲ့ကုသိုလ်လေ အမေရပါတယ် နတ်ဆက်တယ်ဆိုပြီး အုန်းသီးငှက်ပျောသီးတွေ ထ္မင်းဟင်းတွေ သူများအမေပေးလိုက်တယ်
သူတပါးကျွေးမွေးလိုက်တဲ့ကုသိုလ် အလှုလေ အမေရပါတယ်
၃၇မင်း တွေကိုအမေကုသိုလ်လုပ်တိုင်း အမျှဝေရင် သူတို့ရတယ် အမေကသူတို့ ကိုရှိခိုးရင်သူတို့က မကျွတ်လွတ်တဲ့သူတွေမို့  ကြောက်ပြီးထွက်ပြေးတယ်
နောက်ဆိုနတ်ကတော်လည်းဦးမချနဲ့နော်၃ရ မင်းလည်းမကန်တော့နဲ့နော်အမေအမေမိုးလင်းတာနဲ့ဘုရားရှိခိုး သီလယူ မေတ္တာပို့ နဲ့အမေ့ကိုသကြားမင်းကတောင်ရှိခိုးပါတယ်
သူတို့ ကနတ်မင်းကြီးလေးပါးအောက်က နတ်ပြိတ္တာတွေလေနော်
နောက်ဆို၃၇မင်းကို အမေ
မ၇ှိခိုးနဲ့နော် အမေက နင်ငါ့ကို ဆရာလာမလုပ်နေနဲ့
တဲ့ငါ့ကိုဗိုလ်လာလုပ်ပြန်ပြီတဲ့လေ အမေစိတ်မဆိုးပါနဲ့ အမေရယ် သမီးကလည်းသူတို့ထက်မြတ်တယ် သရဏဂုံအမြဲတည်တဲ့လူ သရဏဂုံမြဲတဲသူကို နတ်တွေကရှိခိုးရတာလေအမေ ဟုပြောမိသည်။အမေ ဘုန်းဘုန်းတို့ ဟောထားတာ ဖတ်ရတာ ရေးထားတဲ့ စာတွေမှာ ၃၇မင်းကိုးကွယ်တဲ့အမေကို့ ဒီလိုမျိုး နားလည်အောင်

ပြောတာသမီးကုသိုလ်ရတယ်တဲ့နော် သမီးဖတ်တဲ့ စာအုပ်မှာဒီအတိုင်း ရေးထားတာလေနော် အမေနဲ့ကျွန်မ ဘုန်းကြီးကျောင်းရောက်တော့
ဘုန်းဘုန်းကိုအမေက ဘုန်းဘုန်းအရှင်ဘုရား တပည့်တော်မ ဘာလုပ်ငန်းလုပ်လုပ်သမီး ကိုတိုင်ပင်ရတယ်ဘုရား
သူပြောတာလုပ်ရင် အစစအရာရာ အဆင်ပြေတယ်ဘုရား လူမစွမ်း
နတ်မတယ်ဆိုတာသူ့ ပြောတာနေလိမ့်မယ်ဘုရား
ဘုန်းဘုန်းက ပြန်ပြောလိုက်သည်မှာ လူမစွမ်း နတ်မတာ မဟုတ်ဘူးတကာမရဲ့ 
လူစွမ်း နေလို့ နတ်မရတာ
မှတ်ထားဟုဆိုသောအခါ ကျွန်မရီနေမိသည် အော် လူစွမ်းရင်နတ် မ
ရသည်တဲ့လေနော်
ကျွန်မ ၃၇ မင်း ဘယ် မင်း မှ မကိုးကွယ်ပါ ဗုဒ္ဓဟူးနေ့  ခေါင်းလျှော်ဆံပင်
ညှပ်ဆိုင်တွင် လူရှင်းသည်

ကျွန်မ ခေါင်းလျှော်သောနေ့သည် ဗုဒ္ဓဟူးနေ့မှ ရွေး၍ ခေါင်းလျှော်ဖြစ်ပါသည်
ဆံပင်ညှပ်ဆိုင်ရှင်က ဗုဒ္ဓဟူးနေ့ တွင် ခေါင်း မလျှော်ကောင်း ဖူးဆိုပြီး လူနည်းနေတာလေ အော်..ဟုတ်လား..ကျွန်မသူငယ်ချင်းတွေလဲ
ဒီအယူအစရှိတယ် ကျွန်မက ဗုဒ္ဓဟူးနေ့ ခေါင်းလျှော်ကောင်းတယ် သိလားဘာကြောင့်လည်းဆိုတော့
အယူအစ မှားတဲ့သူတွေဆံပင်ညှပ်ဆိုင်မလာတော့ လူပါးတဲ့နေဆိုရင်ကျွန်မကိုသေချာဂရုစိုက်ပြီး ခေါင်းလျှော်ပေးတယ်လေနော်
ဒါကြောင့် ကျွန်မ ဗုဒ္ဓဟူးနေ့ကို ခေါင်းလျှော်ရင် ကောင်းပါတယ် စိတ်ရှေစွာနဲ့

ခေါင်းလျှော်နှိပ်နယ်ပေးလို့ပါနော်
ဒါကြောင့် ဗုဒ္ဓဟူးနေ့ကို ခေါင်းလျှော် ရင် ကောင်းတယ် လို့ပြောတာပါနော်..း)

15 comments:

  1. ဖတ်သွားပါတယ်ခင်မျာ....

    ReplyDelete
  2. မမ အရမ်းကောင်းတာဗျာ
    လူတိုင်း အသိစိတ်ကလေး တစ်ခုတိုးသွားတာပေါ့
    များများသိအောင်ဝေပေးမယ်

    ReplyDelete
  3. အမ .. တကယ်ကောင်းပါတယ်။

    ReplyDelete
  4. ကောင်းတယ်ဗျာ
    ၃၇ မင်း နတ်တွေက လူကိုဘာမှ လုပ်မပေးနိုင်ပါဘူး
    မျိုးဆက်သစ်တို့အတွက် တကယ်ကို မှတ်သားစရာကောင်းတဲ့
    ပို့စ်လေး တခုပါပဲ

    ReplyDelete
  5. မှတ်သားရပါတယ်

    ReplyDelete
  6. ဖတ်သွားတာကျေးဇူးနော်

    ReplyDelete
  7. များများသိတော့ကောင်းတာပေါ့
    အသိကိုသတိထားကြည့်နေမှလေနော်။
    အမှားအမှန်နားလည်မှာ

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်ကိုသစ်ရေနော်

    ReplyDelete
  9. လာအားပေးတယ်အမရေ။။။
    များများရေးဗျာ။

    ReplyDelete
  10. တင့်ပါ့ဘုရား
    တပည့်တော်အရှင်ဘုရားလာဖတ်တာ
    ဦးတင်ပါတယ်ဘုရား

    ReplyDelete
  11. ကျေးဇူးတင်တယ်ခုလိုလာဖတ်တာကိုနော်

    ReplyDelete
  12. ရေးတယ်ကိုရင်။
    အားပေးမှု့ကိုအထူးကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  13. ကိုကြီးကျော်တဲ့နော်....ဆက်စမ်းဆိုဂျူ၁လုံး....:P

    ReplyDelete
  14. သောက်ပေါ့
    အမှောက်သောက်နော်
    မှောက်မရိုက်မယ်နော်...........း)

    ReplyDelete