skip to main |
skip to sidebar
8888 ၀ိဥာဉ်တွေအသိပါကွယ်.. 8.8.88 လေးလုံး နာကျည်းသံ အာဏာရူး ဘနဖူး သိုက်တူး မိုက်ရူးရဲဟန် တစောက်ကမ်းနဲ့ လက်ဗလာနဲ့ ရဟန်းရှင် လူ ကျောင်းသားပြည်သူ အသေသတ်လို့ မသေမရှင် မြေမှာချလို့ ရေမှာချသမို့ မိုးမြေအနှံ့သက်သေ တိုင်တည် ၀ိဥာဉ်တွေအသိပါကွယ်.. သွေးမြေတွေပေါ် ထုံးဖြူသုတ် ကတ္တရာတွေ အထပ်ထပ်အုပ်လဲ ၀ိဥာဉ်တွေရဲ့ဟစ်ကျွေးသံ မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်.. 8.8.88 နေ့ရှိပါတယ် သူခိုး သူဝှက် မိုက်ရူးရဲတို့ ခေါင်းဖြတ် လူသတ် လုယက် ယူငင် တိုင်းပြည်အသက် လက်မတင်လေးကယ်တင်ပြီ.. 8.8.88 ..လေးလုံး ရဲ့ရင်နင့်ဖွယ်ရာ သားပျောက် လင်သေ သမီးသေ အဖေပျောက် သေကွဲ ရှင်ကွဲ ၀က်ဝက်ကွဲမို့ ခိုလှုံ့စရာ တပြည်ပြေးလို့ မိဝေးဖဝေး ကမ္ဘာအဝေးမှာ နာကျည်းသံတွေ ငိုညည်းသံတွေ ပေတရာဆီ လက်ညိုးညွန်လို့ ဒီမိုကရေစီ ချက်ချင်းပေးဖို့ မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်.. ၀ိဥာဉ်တွေအသိပါကွယ်.. သမိုင်းအစဉ်ရှိ တိုင်းပြည်အသိမို့ ၀ိညာဉ်တွေနိုးထ ရှင်သန်လာမှ 8.8.88 လေးလုံးနေ့ ကြိုဆိုမယ်.. အရိုင်းခေတ်ဆီ ..တိုင်းသစ်တည်.. တိုင်းပြည်အထိနာပါတယ်.. 8.8.88. လေးလုံးရဲ့ နာကျည်းသံ သမိုင်းဆိုတာရှိလို့ ၀ိဥာဉ်တွေအသိပါကွယ်.. မ..မ
0 comments:
Post a Comment