Pages
Sunday, June 21, 2020
အ​ဖေများ​နေ့ အမှတ်​တရ
 အ​ဖေများ​နေ့ အမှတ်​တရ💙💔😭😭💜💜
ဒီလိုအ​ဖေမျိုး ရှိပါတယ်​..
အ​ဖေက ငယ်​စဉ်​က​လေးဘဝမှာထဲက မိဘနှစ်​ပါးဆုံးပါးခဲ့သူ
တပ်​မ​တော်​သားပါ တရုပ်​ဖြူ​တွေကိုတိုက်​ခဲ့သည့်​ စစ်​သား​ကောင်းကြီး​ပေါ့
အ​မေနှင့်​အိမ်​​ထောင်​ကျ​တော့ အ​မေ့ ရဲ့အ​မေနှင့်​ ညီအမ​မောင်​နှမများ၏ ကိစ္စ အဝဝနှင့်​ အလုပ်​အကိုင်​ စည်းစိမ်​ဥစ္စာ ကအစ ​ဖြေရှင်း​ပေးသူ စီးပွားရှာရာ​​တော်​သလို
လူမှု​ရေးမပျက်​ကွက်​သူ ရပ်​ကွက်​လူကြီးလုပ်​ရန်​လာ​ပြောသူကို​ငေါက်​လွတ်​တတ်​သူ လူကြီး​​တွေ ဆိုပြီးကိုယ့်​အတွက်​အရင်​ယူပြီး သူတပါးအား မျှ​ပေးသူဟု ​ပြောဆို​ငေါက်​ငန်းတတ်​သည့်​အ​ဖေပါ ...
သားသမီး များကို မလိမ်​ညာတတ်​​အောင်​ သူတပါးဥစ္စာ ပစ္စည်း ​ကောက်​ကျစ်​မယူတတ်​​အောင်​ သင်​ပြ​ပေးသည့်​ ချစ်စရာ​အ​ဖေပါ..
ညာသူလိမ်​သူ ​ကောက်​ကျစ်​သူများ အရက်​​သေစာ​​သောက်စားသူများ ​ဆေးလိပ်ေ​သာက် ကွမ်းစားသူများ​​ကိုရွံ့ရှာသူ​ပေါ့ အိမ်​ကြီးနှစ်​​ဆောင်ပြိုင်​နှင့်​မိသားစုကို ပြည့်​စုံ​အောင်​ထားနိုင်​သည့်​အ​ဖေ..
ဆောင်းတွင်းချမ်းချမ်း​အေး​အေး ​ဝေလီ​ဝေလင်း မလှိုင်​စားချင်​၍ မညည်းမညူ လို​​က်​​ကျွေးသည့်​အ​ဖေ
 အုန်းသီး စားချင်​၍ အုန်းပင်​​ပေါ်ကိုယ်​တိုင်​တက်​ခူး၍ သားသမီးကို​ကျွေးသည့်​အ​ဖေ
မုန့်​ပုန်း ဒူးရင်းသီး ခြင်းလိုက်​ဝယ်​​ကျွေးသည့်​အ​ဖေ
ကျောင်းအင်္ကျီအဖြူ​လေးမျာအး​ပေါ် အလှပန်း​လေးများ လိပ်​ပြာပုံ​လေးများထိုး​ပေးသည့်​အ​ဖေ
ပြင်​ပ အစာထက်​ အိမ်​မှာ ထန်းသီးမုန့်​ ဇီးယို သာကူကြို မုန့်​လက်​​ဆောင်း ဒူးရင်းသီး နို့မလှိုင်​ ​ပေါင်​မုန့်​ ဒူးရင်းနို့ဆမ်း ပူရီကအစ ကိုယ်​တိုင်​လုပ်​​ကျွေးသည့်​အ​ဖေ
စကပ်​ဂါဝန်​​လေးများ စနစ်​တကျချုပ်​​ပေးသည့်​အ​ဖေ
ပန်းသီးအခွံနွာ၍ ​ကျွေးသည့်​အ​ဖေ
စွန်​လွတ်​ချိန်​ စွန်​ကြိုးခိုင်​​အောင်​ မှန်​စာတိုက်​​ပေးသည့်​အ​ဖေ ဘယ်​လို​​နေထိုင်​ ဘယ်​လို​ပြော အိပ်​ချိန်​နိုးချိန်​မှအစ စားချိန်​ပါမကျန်​ဂရုစိုက်​လိုက်​ကြည့်​ ​နေသည့်​အ​ဖေ
လမ်းသွားတာမှအစ ဘယ်​လိုလမ်းကသွား
ဘယ်​လိုလမ်းမျိုးကပြန်
ကားစီးတာမှအစ ဘယ်​ဘက်​ကမစီးနဲ့ ညာဘက်​ကစီး ယဉ်​အခြင်းခြင်းကပ်​​ရှောင်​သည့်​ဘက်​မှ မစီးဖို့​မထိုင်ဖို့​ပြောသည့်​အ​ဖေ ​ရှေ့နားမထိုင်​နဲ့​နောက်​နားမထိုင်​နဲ့
အလည်​မကျ တကျ​လောက်​ကထိုင်
ခရီးသွားချိန်​ သင်​​ပေးသည့်​အ​ဖေ
ဖိနပ်​ချုပ်​တတ်​ ဆံပင်​ညပ်​တတ်​ ဂစ်​တာ မယ်​ဒလင်​ တီးတတ်​ ကဗျာ​တွေ စာ​ပေ​တွေ​ရေးသားတတ်​သည့်
 ဘက်​စုံထူးချွန်​တဲ့ အ​ဖေ
ဒီအချိန်​​ ဒီအခါခေါင်းမ​လျှော်​နဲ့ ​စောင့်​ကြည့်​​ပြောတတ်​သည့်​အ​ဖေ ​ယောက်​ကျားမှန်​သမျှ ဆူးဘဝအမြတ်
 မိန်းမဟူသမျှ အရှုံးခံဖက်​ဘဝ ကင်းရှင်း​အောင်​ဆုံးမတတ်​သည့်​အ​ဖေ..ယိမ်းနွဲ့  ​ပေါ့ပန်း​ရွှေညာတံဝတ်​ရည်​ ခြူမည့်​သူ​ပေါသည်​ ရနံ့သင်းတဲ့ပန်းက​လေးကို မနမ်း​သေးခင်​ အလှမ်း​ဝေး​အောင်​ထိမ်းသိမ်းရမည်​..သီချင်းနှင့်
 ဂစ်​တာတီးကာဆိုပြခဲ့သည့်​အ​ဖေ..
ခြေသဲလက်​သဲ ညှပ်​​ပေးသည့်​အ​ဖေ
 စားချင်​တာဝယ်​​ကျွေး ​​​သေးဆိုကအစ လျှော်​ဖွတ်​​ပေး ချက်​ပြုတ်​​ကျွေး မကျန်းမာချိန်​ပြုစု ချမ်းသာပြည့်စုံ​​အောင်​ရှာ​ဖွေ​ပေးသည့်​ အ​ဖေ အစစ အရာရာ ဘက်​စုံ​​တော်သည့်​​အ​ဖေ
သည်​လိုအ​ဖေမျိုးမို့  အ​ဖေ​နေ့မှ မဟုတ်​ပါဘူး
သမီးက အ​ဖေ့ကို
အမြဲသတိရတယ်​ လွမ်းတယ်​  အ​ဖေ..
💖💙😭😭💜 💖
အဖေများနေ့အမှတ်တရ
အဖေဆိုတာ သားသမီးတို့၏တန်ခိုးရှင်
အားလုံးကို လမ်းပြ အလင်းမျှဝေသူ
အဖေများ အားလုံး ကျန်းမာပျော်ရွှင်ပါစေ.. 
0 comments:
Post a Comment