သေသူသနားစရာလား ကျန်သူသနားစရာလား( ဖြစ်ရပ်မှန်)
ရပ်ကွက်ထဲမှာ ရှင်ပြုနားသအလှူမို့ ရပ်ကွက်ထုံးစံ ဝိုင်ဝန်းချက်ပြုတ် ကူညီလုပ်ဆောင်ပေးနေသောသူများကို အရက်တိုက်ကျတာထုံးစံပေါ့
မနက်ဖြန်ရှင်လောင်းလှည့်မည့်အိမ်မှာ ဆူညံပွက်လောရိုက်ခါ အော်ဟစ်ငိုကြွေးနေကျပြီး ရဲကားများ လူနာတင်ကားများရောက်လာပြီး
ရှင်အလှူအိမ်မှ အသုဘ အိမ်အဖြစ်ပြောင်းလဲသွားပါတယ်
ညီမ၏ယောက်ကျားကို အကို၂ယောက်နဲ့ သူမ၏ဖခင်က ခုတ်သတ်လိုက်တာပါ မူးယစ်သောက်စားထားသောလင်ယောက်ကျားနှင့် မူးလာချိန်သွေးဆိုးတတ်သောအကိုတို့ မှ သူတို့၏ညီမအားညတိုင်း အရက်သောက်ပြီးအနိုင့်ကျင့်တာကို မကျေနပ်တာကိုညီငယ်မှပြောဆိုရာမှအကိုနှင့် အဖေပါဝင်ရောက်ပြောဆို စကားများကျရာမှ အရက်သမားတို့ထုံးစံအတိုင်း သမီးယောက်ဖစကားများရာမှ ထိုးနှက်ကျပြီး အလှူအတွက်ကျွေးမွေးရန် ချက်ပြုတ်နေသောနေရာမှ ဓားများအား ယူ၍
ထိုးနှက် ခုတ်လိုက်ကျတာဖြစ်လေသည်
ဆိုက်ကားသမား ငကျော်သေတော့ကန်စွန်းခင်းရေတိမ်တိမ်မှာ ရေနစ်သေသွားတာ
သူမိန်းမကတော့ပြောတယ် ငကျော်မသေခင် အရက်သောက်လာတိုင်း အရက်သမားမို့သေအေးတာပါပဲတဲ့
မသေခင် အရက်ကြောင်ကြောင်ပီးရူးလိုက်သေးတာ ကိုယ်တုံးလုံး အဝတ်မကပ်နဲ့ လျှောက်ပြေးနေလို့ ဆိုက်ကားသမားသူငယ်ချင်းတွေဖမ်းပြီးဆေးရုံပို့ဆေးကုပေးရသေးတာ
သူ့မိန်းမမှာ အရက်သမားလင်ဖြစ်သူကို ရောဂါရလာချိန်ပြစ်ထားမှာပြောခဲ့ပီး တကယ်ဖြစ်လာချိန်ကျတော့ ဆေးရုံနဲ့အိမ်ကူးချည်သန်းချည် အရက်သမားမယားဒုက္ခပေါ့ သေသွားတော့လည်း အရက်သမားရေသေမှာပေါ့အရက်သမားရဲ့နဲ့မျက်ရည်ကျနေရှာတယ်..
အရင်မာဆပ်လုပ်ခဲ့ဘူးသူဆိုတော့ လင်သေတော့လည်း အသိအကျွမ်းမိတ်ဆွေတွေကဖိတ်ခေါ်လျှင် အိမ်တွေလည်ပီးနှိပ်နယ်ပေးတဲ့အလုပ်လုပ်နဲ့ သူဝမ်းသူ ရှာစားနေရတယ်
သူနဲ့အတူအရက်သောက်ဖော် သောက်ဖက်ဝင်းဇော်လည်း နဂိုမူလရုပ်က လူကောင်ကပိန်သေးသေး အရက်သမားတို့ထုံးစံအတိုင်း ကိုယ်တွေဖောရောင်လိုက် မျက်လုံးဝါလိုက် ဖောလာလိုက် ဗိုက်ပူလာလိုက်နဲ့
သေရှာပြီ အရွယ်ရှိသေးတဲ့သူမိန်းမနဲ့သမီး၂ယောက်ကိုတော့ အိမ်ပိုင်ရှင်ခမျာသနားလို့ စောင်မကြည့်ရှု့ပေးထားတယ်
ရပ်ကွက်ထဲကအထည်ကြီးပျက် မိသားတစ်စုဟာအိမ်ထောင်ဦးစီးကအရက်သောက်ပီး အရက်ကြောင်ကြောင်ရူးနေလို့ ဆေးရုံခဏခဏပို့နေရပီး ဆေးရုံကနေပြန်လာချိန်ဆိုအိမ်ပြန်ရောက်တာနဲ့ သူမိန်းမကို လင်ငယ်နေတာ ဒါကြောင့်သူ့ကိုဆေးတွေတိုက် ဆေးရုံပို့နေတာဆိုပီး အော်ဟစ်ဆဲဆို နေ့မအိပ်ညမအိပ်သောင်းကျန်းဆူညံနေတော့ သူသားခမျာဖအေဖြစ်သူအရူးကိုထိမ်းထားချိန် ထိမ်းသိမ်းလို့မရဖြစ်လာချိန်တွေမှာ ပြောဆိုရိုက်နှက်မိတော့ အချိန်ကြာလာတော့အခုတော့သားဖြစ်သူပါရူးလာပီးစိတ်မူမမှန်တော့လို့ ဆေးကုနေရတာ ဖအေကို ရိုက်လို့အကုသိုလ်ခံရတာလား စိတ်မူမမှန်သူအရူးနဲ့ ကြာကြာနေရလို့ဖြစ်တာလားဆိုတာတော့ သူမိန်းမခမျာမှာ ဘာမှနားမလည်ချင်တော့ပါဘူး စိတ်မူမမှန်သူ၂ယောက်ကို
ဆေးကုလိုက်ရရာအလုပ်လုပ်ပြီးရှာဖွေလိုက်နဲ့မြင်နေရတယ်
ရွာကမောင်ထူးဆို တောင်သူဆိုတော့ စပါးကြိုပေးယူ အရက်သောက် သူလုပ်ကိုင်လို့ရလာတဲ့စပါးတွေကို
စပါးကြိုပေးဆပ်နဲ့ စပါးပေါ်တဲ့အချိန်ကျလို့သူများတွေ စပါးရိပ်သိမ်းချွေလှေ့
စပါးကျည်ထဲသိမ်းချိန် သူခမျာ ထွက်တဲ့စပါး အရက်ဖိုးပြန်ဆပ်နေရတာနဲ့
သူစပါးကျည်ဟာ ဟောင်းလောင်းဖြစ်နေတယ် မိဘတွေကစကားနည်းလို့ တောရွာဓလေ့ မသိကျိုးကျင်ပြုပေမယ့် အသက်အရွယ်ငယ်သေးပေမယ့် လောကအရက်သမားတို့ထုံးစံအတုင်း ဖောရှောဖြစ်ပြီးမသေခင်နာမကျန်းဖြစ် ယောက်ကျားတန်မဲ့ သူခမျာ ဗိုက်ပူပီးသေသွားရှာတယ်
ဦးတိုးကြီးညီဦးမိုးကတော့ အရက်သောက်တော့ သွေးတိုးပြီး လေဖြတ်လို့
ခုထိရှိသေးတယ် လမ်းလျှောက်လာချိန်ဆိုပိုလီယိုရောဂါသယ်လို သူခမျာ လိမ်ကောက်လို့ပေါ့
သူနဲ့အတူသောက်ဖော်သောက်ဖက်တစ်ယောက်ကတော့ လေဖြတ်အိပ်ရာထဲလဲပြီး ချေးပေ သေးပေနဲညစ်ပေနံစော်စွာ အချိန်တော်တော်ကြာနေရပြီးသေသွားရှာတယ်
ရပ်ကွက်ထဲမှာအဝတ်လည်လျှော်ဖွတ်နေတဲ့မမြခမျာလည်းသနားစရာ
သူလင်အရက်သမားကိုစိတ်မချဘူး သူမှာသမီးကတစ်ယောက်ထဲမွေးထားပီး
သူ့ယောက်ကျားက သူမရှိတဲ့ချိန် အရက်မူးအိမ်ပြန်လာချိန်နဲ့ သူသမီးလေးကျောင်းပြန်လာချိန်ကို မူးမူးနဲ့ အရွယ်ရောက်နေတဲ့သမီးဖြစ်သူကို အင်္ဂလိပ်ဇာတ်ကားတွေထဲကလိုနမ်းနေတာ ဘေးအိမ်ကပြောပြလို့သူခမျာ
ရင်တမမနဲ့ စိတ်ပူပီးအဝတ်သာရပ်ကွက်ထဲလိုက်လျော်နေတာ အိမ်ကလင်နဲ့ သမီးကို စိတ်ကမဖြောင့်ဘူးဖြစ်နေရှာတယ်
သမီးလေးတွေကျောင်းမှာလည်း ကျောင်းသူလေးတစ်ယောက် မူးလဲလို့
ဆရာမက ဆေးခန်းလိုက်ပို့တော့ ကျောင်းသူလေးမှာ ကိုယ်ဝန်ရှိနေတာမို့ ဖြစ်ခဲ့တာ ဘယ်သူနဲ့လည်း ဆရာမခမျာ ချော့မေးတော့ မကြားဝံ့မနာသာ သူအဖေနဲ့လို့ပြောတော့ ဆရာမထိန့်လန့် တုန်လှုပ်ပီး သူ့အမေကိုအကြောင်းကြား ကျောင်းသူအမေကိုမေးကြည့်တော့
သူယောက်ကျားကအရက်မသောက်တတ်ပါဘူး ရာထူးတက်လို့ နေရာပြောင်းရတော့ သူငယ်ချင်းတွေကိုကျွေးမွေးနုတ်ဆက်တော့ သောက်စားမိပြီး အဲ့ဒီညမှာသူအဖေကမူးမူးနဲ့ မိန်းမနဲ့သမီးလွဲ အိပ်မိတာတဲ့
သူတို့မိသားစုက သမီးလေးတစ်ယောက်ထဲရှိတာမို့ မိသားစု အတူတူအိပ်တာခွဲမအိပ်ကျဘူးတဲ့အရက်သောက်လာတော့ မကြားဘူးမဖြစ်ဘူးတာတွေ ဖြစ်ကုန်တာပေါ့ အဲ့ဒီ့အချိန်ကစလို့ မိသားစုလိုက်ပြောင်းရွေ့သွားကျတာခုထိပုံပြင်တပုဒ်ဖြစ်ကျန်ခဲ့ပါတယ်
မူးရူးသောက်စား ကားမောင်းကားတိုက် ကားပေါ်ပါသူသေကျေ မောင်းသူသေ
မူးယစ်သောက်စား အုပ်စုဖွဲ့ပြသနာရှာ ထိုးနှက် သတ်ဖြတ်
မူးယစ်သောက်စား မိသားစုချင်း ပြသနာတက် သတ်ဖြတ်
မူးရူးသောက်စား အမိသတ် အဖသတ် ညီအကိုချင်းသတ်
မူးယစ်သောက်စား အမိကို မုဒိန်းကျင့် အရွယ်မရောက်သော ကလေးသူငယ်ကို မုဒိန်းကျင့်
မူးယစ်သောက်စား မိသားစုအား ခုတ်သတ်နဲ့ အရက်သမားမိသားစုများအား
သေသွားသူကိုသနားရမှာလား ကျန်ခဲ့သူကိုသနားရမှာလား
(ဖြစ်ရပ်မှန်)

0 comments:
Post a Comment