Pages

Wednesday, June 29, 2016

ခဏလေးနော်

ခဏလေးနော်
ဒီခဏလေးကို လူလည်းဖြစ် ဘုရားသာသနာတွင်းကြုံ ထောင်နိုင်တဲ့နားလည်းပါတယ်..
ဒီခဏလေးကို ရုပ်နဲ့နာမ်လှည့်ပါတ်နေတာ..
ဒီခဏလေးကို ခန္ဓာသည် သေရွာလမ်းမှတစ်ပါးဘယ်မှမသွားပါ
ဒီခဏလေးကို အသေမဦးခင်ဥာဏ်ဦးဖို့ပြင်ပါ
ယ္ခုရထားသော ခဏလေးကို သောက ပရိဒေ၀တွေ မလောင်ပါစေနဲ့
ယ္ခုရထားသော ခဏလေးကိုစိုးရိမ်ကြောင့်ကြမှုနှင့် အချိန်မကုန်ပါစေနဲ့
မဂ်ဥာဏ်ရနိုင်သော ခဏလေး ယ္ခုကြုံနေချိန်
ကိုယ့်ခဏလေးကို ကိုယ်နှမျှောပါ..
ကိုယ့်အရေးကိုယ်ကြည့်ပါ ယ္ခုခဏလေးပြန်မရပါ..
ဒုက္ခုခပ်သိမ်းကင်းငြိမ်းရာကို ကိုယ်လုပ်မှကိုယ်ရနိုင်မည်..
သူများအရေးကြောင့်ရင်ထုမနေပါနဲ့
ကိုယ့်အရေး အပါယ်လေးပါးဘေး တွေး၍ ရင်ထုပါ..
ကိုယ့်အနာမပျောက်သေးပဲနှင့် သူများအနာအတွက် မျက်ရည်ကျမနေပါနဲ့
ယ္ခုခဏလေး ကိလေသာဖြစ်သော သားအတွက်
သမီးအတွက် ဆွေအတွက် မျိုးအတွက် မြို့ရွာအတွက်ယ္ခုခဏလေးအချိန်မကုန်ပါစေနှင့်
ဒိဌိစင်မှ နိဗ္ဗာန်ရနိုင်မည်..

မိုးကုတ်ဆရာတော်ဘုရားဦးဝိမလ






0 comments:

Post a Comment