Pages

Thursday, May 22, 2014

ဆီး ကျောက်တည်လာခြင်းကို ရှောင်ရှားဖို့















လူဆယ်ယောက်မှာ တစ်ယောက်ဟာ တစ်သက်မှာတစ်ခါတော့ ဆီးကျောက်တည်ကြပါလိမ့်မယ်။ ဆီးအိမ်မှာ ကျောက်တည်လာခြင်းကို ရှောင်ရှားဖို့ အနည်အနှစ်ချထားတဲ့ အသီးဖျော်ရည်မျိုးတွေကို အမြောက်အများ သောက်ပေးဖို့ ညွှန်းဆိုလေ့ရှိကြပါတယ်။

အော်စလိတ်(oxalate)မြင့်မားတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ သစ်ချသီး၊ မြေပဲ၊ မက်မွန်သီး၊ သီဟိုစေ့၊ ပဲပိစပ်၊ ပဲနို့၊ အခြောက်လှန်းထားတဲ့ ပဲအများစု၊ ဂျုံစေ့၊ ပီတမုန်လာ၊မုန်လာဥနီ၊ ကန်စွန်းဥ၊ ချောကလက်နဲ့လ္ဘက်တို့ဖြစ်ပါတယ်။

ပရိုတိန်းပါတဲ့ အသားနဲ့ အသားသုံးအစားအစာများကိုလည်း လျှော့ချရပါမယ်။
သင့်မှာ ကျောက်တည်နေပြီဆိုရင်တော့ သင့်ဆရာဝန်က  ဆားသုံးစွဲမှုကို လျှော့ချခိုင်းပါလိမ့်မယ်။ နေ့စဉ်အစားအစာတွေ ထဲမှာ ပါဝင်နေတဲ့ ဆား၊ ကယ်ဆီယမ်၊ ပရိုတိန်း၊ ပိုတက်ဆီယမ်နဲ့ အော်စလိတ်တို့ကို လျှော့ချပါ။

ကယ်ဆီယမ်ပါဝင်မှုမြင့်မားနေတဲ့ အစားအစာတွေကို ရှောင်ရှားတတ်အောင်၊ အစားသောက်တွေထဲမှာ ကယ်ဆီယမ်ပါဝင်နှုန်းဘယ်လောက်ရှိတယ်ဆိုတဲ့ ဖော်ပြချက်တွေ ကိုလည်း ဖတ်တတ်အောင် သင်ယူထားဖို့ လိုအပ်ပါတယ်။ ကယ်ဆီယမ်ကို အချိုးကျကျစားဖို့ သင့်ဆရာဝန်ဆီက လေ့လာရပါမယ်။
နေ့စဉ်ပြုလုပ်ရမည့်အချက်- အိပ်ရာ မဝင်မီ ရေတစ်ခွက်သောက်ပါ။ ညသန်းခေါင်တွင် နိုးလာပါကလည်း ရေတစ်ခွက်သောက်ပြီးမှ ပြန်အိပ်ပါ။

ကျောက်တည်သူများအတွက် အောက်ပါသီးစုံဖျော်ရည်ကို နေ့စဉ်တစ်ခွက်မှ နှစ်ခွက်သောက်ပေးပါ။
-လိမ္မော်သီးတစ်လုံး(အခွံခွာပြီးသား)
-ပန်းသီးတစ်လုံး
-သံပုရိုသီးတစ်လုံး
-ဖရဲသီးလေးစိပ်
-ရေခဲတုံးလေးတုံး

အသီးတွေအားလုံးက အော်ဂန်နစ်ဖြစ်ပါက ပိုကောင်းပါတယ်။

သံပုရိုသီးက စစ်ထရစ်အက်ဆစ်ပါဝင်မှု မြင့်မားပါတယ်။ ကယ်ဆီယမ်အခြေခံဖြစ်လာတဲ့ ဆီးကျောက်တွေကိုလည်း ဒီအက်ဆစ်က ခြေဖျက်ပါတယ်။

ဖရဲသီးက ဆီးကျောက်တည်မှုအတွက် အကောင်းဆုံး အသီးဖြစ်ပါတယ်။ရေဓာတ်ပါဝင်မှုကမြင့်မားပြီး ဆီးကျောက်တွေကို ရေတွေ ဖြတ်သန်းစီးဆင်းသွားရာမှာ အရေးပါပါတယ်။ ဖရဲသီးက ဆီးလမ်းကြောင်းအားကောင်းစေတဲ့ အသီးလည်းဖြစ်ပါတယ်။

ရေကိုတော့ သောက်နိုင်သလောက် များများသောက်ပေးပါ။
www.phothutaw.com/2014/03/blog-post_7437.html 

ကန်စွန်းရိုးနီ(Rabbit Greens)ကပေးတဲ့ အစွမ်းများ

အပင် တစ်နှစ် သို့မဟုတ် နှစ်ကြာခံ ရေလျှောက်ပင် ဖြစ်သည်။ ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်၏ ။ အဆစ် များမှ အမြစ်များ ထွက်သည် ။အဆစ်နေရာတွင် အခေါင်းပိတ်ဖြစ်သည်။

အရွက်
ရွက်လွှဲထွက်သည်။ ၃-၆ လက်မရှည်သည်။ လှံစွပ်ပုံ သို့မဟုတ် သုံးထောင့် ပုံ ဖြစ်သည်။ ရွက်ထိပ် အလွန်ချွန်သည်။ ရွက်ရင်း မြားသွားပုံရှိသည် ။အမွေးမဲ့သည်။ ရွက်ညှာအလွန် ရှည်သည်။ ရွက်နားညီ သည်။ ရွက်ပြားချော၍ ပါးလွှာသည်။ ရွက်နား ခရမ်းရောင်သမ်းသည်။

အပွင့်
အပွင့်ကြီးသည်။ ခရမ်းဖျော့ရောင်ရှိ၍ ခေါင်းလောင်းပုံဖြစ်သည်။ အမွေးမဲ့သည်။ ပွင့်တည်း ဖြစ်သည်။ သီတင်းကျွတ်မှ တပို့တွဲလအတွင်း ပွင့်သည်။

အသီး
အချင်း ၁/၂ လက်မခန့် ရှိသည်။ အမွေးမဲ့သည်။ လုံးဝိုင်းသည်။ ရင်မှည့်က အက်ကွဲသည်။ အစေ့ ၄ စေ့ သို့မဟုတ် ၂ စေ့ ရှိ၍ ပိုးသားကဲ့သို့ အမွေးများ ရှိသည်။ တပို့တွဲ ၊ တပေါင်းလတွင် သီးမှည့်သည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ
အရွက် ။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ
ရေမြောင်း ရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျ ပေါက်ရောက်၏ ။ စိုက်ပျိုးပင် အဖြစ်လည်း စိုက်ကြသည်။

အသုံးဝင်ပုံ -

အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ချို၍ အေး၏ ။နို့ရည်ကို ဖြစ်စေ၏ ။ ရေ၌ ဖြစ်သော ပိုးတို့ကို ပယ်တတ်၏ ။ လေ ၊ သလိပ် ကို ဖြစ်စေသည်။ အဆိပ်ကို ပြေစေ၏ ။ အရွက်ရည်သည် မီးလောင်နာ ၊ ဆီးနှင့် ပတ်သက်သော ရောဂါနှင့် ပူလောင်ခြင်းတို့ကို ပျောက်ကင်း စေ၏ ။

အသုံးပြုပုံ-

အရွက်

၁ ။ ကန်စွန်းရွက်ရည်ကို မီးလောင်နာ ၊ ရေငတ်နာ ၊ ဆီးနှင့် ပတ်သက်သည့် အဖျားရောဂါများပျောက်ရန်အတွက်လည်းကောင်း၊ အဆိပ်အတောက် ပြေစေရန်အတွက်လည်းကောင်း သုံး၏။

၂ ။ အရွက်ကို ဟင်းချက် စားသော် သွေးဝမ်းရောဂါ ပျောက်၏ ။

၃ ။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။

၎ ။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။

၅ ။ ကန်စွန်းရွက်ကို ထန်းလျက် မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက်တည်ခြင်းနှင်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏ ။

၆ ။ ငန်းမန်းရှိသောအနာကို ဘူးရွက်များနှင့် ရောစပ်၍ ရေစိမ်ပြီး အနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏ ။

Myanmar News Update

0 comments:

Post a Comment