Pages

Saturday, June 8, 2013

စိတ်

စိတ်
ရာသီကပူ
လူငွေ့ကပူ
စိတ်တွေကအပူအိုး
တော်တော်ဆိုး
စိတ်ထား
ယုတ်ညံကြလို့
ကပ်ချင်ရာကပ်ကြတော့
ကပ်ဆိုက်နေတာ..
ကပ်ရမှာကတရားတော်မိန့်ထားတဲ့အတိုင်း
မေတ္တာ
နှလုံးသားနားကပ်ပြီးထားရမှာ
ကပ်နေတာက
အကုသိုလ်စိတ်
အမှားများသောနေရာ
ခင်မိခင်ရာ မြင်မိမြင်ရာပါ..
အမှောင်ထဲကလူသား
ဘောင်ထဲကအယူမှား
ဘောင်ခတ် ထားတဲ့လောကကို
ဘောင်ထဲကကြည့်နေပေမယ့်
အနားသပ်က မလှပဘူး

1 comments:

  1. စိတ်ကိုပုံဖော်ထားတဲ့ကဗျာလေးက လှလှချည်လား...း)

    ReplyDelete