Pages

Saturday, April 27, 2013

အာသာရမက် ချဉ်ခြင်းတတ်၍

အာသာရမက် ချဉ်ခြင်းတတ်၍

ဤကားကုသိုလ် အကုသိုလ်ဟု
မမြင်သမျှ သံသရာမှာ ပိုးထိုးလောက်ကိုက်

အမှောင်တိုက်မှ လူတော့လူပေါ့
... လူထဲမှလူ လူးဟုခေါ်သည်

သတ်ပုံမှား၍ ညစ်ညမ်းစကားပါးစပ်ဖျားထား
အာသာရမက်တက်သောကြောင့်

တဏှာရာဂ ကိလေသာကား ထူပြောနက်ရှိုင်း
အမှောင်လှိုင်းပေါ့
ချေးထဲလောက်လို ဆယ်ယူမရ ဘယ်ခါနောင်တရအံနည်း

သံသရာမှာ လူငနွားများသွားရာလမ်းကား
ငရဲဓါးထမ်းစောင့်နေသည်

ဗဟုသုတ ရှာမှီးပညာ စိတ်အတွင်းမှာ

တခဏတွင်း ပညာသတိဥာဏ်နှင့်ကြည့်လျှင်
စိတ်သာရှင်စောဘုရားဟောမို့
စိတ်ထားလေးတွေပြင်လိုက်ပါ

ရန်နှင့်ရန်ခြင်းတုန့်ပြန်နှင်းက
သူကိုငါသတ်ငါ့သူသတ်နေ
သံသရာရေ မပြတ်ဘယ်ခါရှိမည်နည်း


0 comments:

Post a Comment