Pages

Friday, July 20, 2012

“ လွမ်းခွင့်ရှိပါရဲ့လား ”


“ အလွမ်း ” တဲ့လား ...
စာလုံးလှသလောက် အရမ်းကြောက်စရာကောင်းတယ်။
“ အလွမ်း ” တဲ့လား ...
နှုတ်က ရွတ်လို့ကောင်းသလောက် ခန့်မှန်းရခက်တယ် ။
“ အလွမ်း ” ဆိုတဲ့နောက်မှာ
အယောင်ဆောင်တွေ ကိုယ်ယောင်ဖျောက်တွေနဲ့
စိတ်ရဲ့ ဒဏ်ရာတွေက ကိုယ်ထင်ပြ လမ်းသလားလို့ ။
“ အလွမ်း ” ရဲ့ရှေ့မှာတော့
ခံနိုင်ရည်နဲ့ နှစ်သိမ့်စရာ တံတိုင်းအတွက်
ဖြေဆေးတစ်မျိုးက ခုမှအရှာထွက်တုန်း ။
“ လွမ်းခွင့်ရှိပါရဲ့လား ” လို့
ခွင့်တောင်းရတဲ့အစဉ်အလာ ရှိခဲ့ရဲ့လား ...
ငိုရှိုက်သံတွေ မြေမမြှုပ်လိုက်ပါနဲ့ချစ်သူရယ် ...
လွမ်းရင်းနဲ့ မျက်ရည်မကျခဲ့ပါဘူး ၊
လွမ်းရင်းနဲ့ အော်ဟစ်မငိုခဲ့ပါဘူး ၊
အလွမ်းကို တသသနဲ့
ရင်ဘတ်ထဲမှာ သိမ်းထားရင်ပဲ လုံလောက်တယ် ...။ ။

မ..မ အတွက်
လက်ဆောင်ကဗျာလေးရေးပေးသော
မောင်လေး
generalzinminko

4 comments:

  1. အလွမ်းတဲ့လားးးးးးးးးးးးးးးးးးးး
    အ နဲ့  လ ဝဆွဲ မသတ် ဝေ့စာနှစ်လုံးပေါက်
    ဆိုတဲ့ အက္ခရာ ချရေးဖို့ အတွက်တောင်
    ရင်ဘတ်မှာ အရောင်တွေ မရှိတော့ဘူးးးးးးးးးးးးးးးးးး


    ReplyDelete
  2. ဒီဒဏ်ရာဘယ်မခမ်း
    အဆိပ်သင့် အလွမ်း


    ReplyDelete
  3. ဟုတ်ကဲ့ သေသေချာချာ လွမ်းသွား အဲ .. ဖတ်သွားပါတယ် ကျနော့်အစ်မရေ။

    ချမ်းမြေ့ပါစေ
    ကိုကြည်နိုင် (ကျုံတိုင်းရွာ)

    ReplyDelete
  4. ဒီနေ့တော့ အားအားရှိတာနဲ့ မာတီထဲလျှောက်သွားပြီး စာလိုက်ဖတ်နေတယ် ညီမရေ့။

    ReplyDelete