Pages

Wednesday, June 27, 2012

အညစ်အကြေးမယူနဲ့နော်

မကောင်းတဲ့ အကြောင်းအရာကို စိတ်က လက်ခံမထားပါနဲ့

ခေါင်းထဲက ထုတ်ပစ် နော်


မှတ်သားစရာသာယူပါ


အညစ်အကြေးမယူနဲ့နော်


မကောင်းတာဘေးချ


ကောင်းတာလေးရွေ့းယူပေးပါ.............


မည်ကဲ့သို့ကြုံတွေ့တွေ့ မည်သည့် အကြောင်းတရားဖြစ်နေပါစေ


သင့်စိတ် နှလုံး အေးချမ်းသာယာတာကိုသာ သယ်ဆောင်ပါ


သူတပါးအားလည်း အေးချမ်းသာယာမှုကိုသာ ပေးကမ်းခဲ့ပါမိတ်ဆွေ....


အွန်လိုင်းပေါ်ဖြစ်ဖြစ် ပြင်ပတွင်ပဲဖြစ်နေပေ့စေ


အတွေ့အကြုံနုနယ်သေးသော သင့် စိတ် နှလုံးသားအား


လောကဓံ၏ အဆိုးအကောင်း အကျိုးအကြောင်း တွေ့ကြုံလာသမျှ  ထိုးနှက် 

ရိုက်ပုတ်ချက်ကို  အတတ်နိုင်ဆုံး 
ထိမ်းချုပ်နိုင်ပါစေ စိတ်ခံစားမှုနောက်ကို

သိပ်မလိုက်မိပါစေနဲ့
စိတ်ဆိုသည်မှာ ခံစားတတ်သည့် သဘောတရားရှိသဖြင့်

အကောင်း အဆိုး ဖြစ်ပေါ်လာသမျှ ကို မိမိ၏စိတ်ကို လေ့ကျင့်ပေးနေသည်

သဘောထား၍ 
ကိုယ့်စိတ်ကိုယ်သာ ထိန်းကျောင်း ပြုပြင်
ပြောင်းလဲ တတ်အောင်

လေ့ကျင့်ပေးပါ..........

မိတ်ဆွေ.........


အသိဥာဏ်နည်းပါးသည့် အဟိတ် တရိစ္ဆာန်လေးတွေတောင်မှ

ပြုပြင်ဆုံးမလေ့ကျင့်သင်ကြားလို့ရသေးတာပဲနော်.....

လူသားသတ္တ၀ါတွေရဲ့ပြုပြင်သွန်သင်မှု့အောက်မှာ
 
လူသားများအား စိတ်ချမ်းမြေ့ကြည်နူး ပျော်ရွှင်အောင် သူတို့တတ်စွမ်းသလောက်

လုပ်ဆောင်ပြုမှုတတ်ကြပါသေးသည် စောင့်ရှောက်တတ်ကြသေးသည်။
 


လူလောက လူဘောင်တွင် လူတို့သည် လူသားများဖြစ်နေ၍ အသိဥာဏ်ပညာ

ပိုမိုကြီးမား သည့်အလျှောက်  ဆင်ခြင်နိုင်စွမ်းရှိကြပါသည်  ဥာဏ်မြေကတုတ်

ချွန်းနှင့်အုပ်၍ 
ထူးချွန်ထက်မြက်  လိမ္မာယဉ်ကျေး နိုင်ကြပါစေ  လူသားအချင်းချင်း

ကူညီစောင့်ရှောက်နိုင်ကြပါစေဟု ဆန္ဒပြု ဆုမွန် တောင်းပေးရင်း


တန်ဘိုးရှိသော လူသားများဖြစ်နိုင်ကြပါစေ............


အချိန်သည်  တန်ဘိုးရှိ၍   တန်ဘိုးရှိသော အချိန်များစွာကို  ပိုင်ဆိုင်နိုင်ကြပါစေ...

အနတ္တ သတ္တ၀ါအားလုံး ဘေးရန်ကင်းရှင်းကြပါစေ
ကျန်းမာပျော်ရွှင်ကြပါစေ


6 comments:

  1. လိုက်နာနိုင်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားနေတာပါပဲဗျာ ... ဒါပေမယ့်ဗျာ လူသားပီပီ
    အမှားလေးတွေတော့ မကင်းဘူးပေါ့ ....

    ReplyDelete
  2. အမှားသိနေတော့ အမှန်ပြင်မိတာပေါ့နော်.......
    မှားနေတာကိုမှားမှန်း မသိသူ ကိုယ်ကိုကိုယ် လိမ်ညာနေသူတွေကတော့
    မှားပြီးရင်းမှားနေမှာသေချာတယ်နော်.................

    ReplyDelete
  3. ဟုတ်ကဲ့ပါ မ, အမှားကို အမှားမှန်းသိလို့ သတိကပ်လို့ ကျွန်တော် အခုချိန်ထိ အသက်ရှင်နေတာပါူ
    မှားပြီးရင်း ဆက်မှားနေရင်တော့ ကျွန်တော် လူ့ဘဝကို ကျောခိုင်းသွားတာ ကြာပေါ့ ...ထားပါတော့လေ
    ဒီ post အတွက် အားလုံးကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ် မ,

    ReplyDelete
  4. အခုလိုလာဖတ်တာ လေးစားကျေးဇူးတင်နေပါတယ်

    ကိုဦးကျန်းမာပျော်ရွှင်ပါစေ............

    ReplyDelete
  5. လာဖတ်သွားပါတယ်ဗျာ အရမ်းကောင်းတဲ့postပါပဲ

    ReplyDelete

  6. အခုလိုလာရောက် အားပေးတာလေးစားနေပါတယ်........
    ကျန်းမာပျော်ရွှင်ပါစေ.........

    ReplyDelete