Pages

Wednesday, February 1, 2012

ချစ်သူများနေ့ အတွက် အမှတ်တရ အိမ်လေး နဲ့ မ..မ


မင်္ဂလာပါ
ရွှင်လန်းချမ်းမြေ့ပါစေ....
ချစ်သူများနေ့မှာ ဘာတွေလုပ်မလဲ။





ainlay44
ainlay44
အိမ်လေးမေး၍

yinminkhine
yinminkhine
မ..မဖြေသည်





ainlay44ainlay44
  ၁။ ချစ်သူဆီက ဘာတွေမျှော်လင့်ထားသလဲ။
ချစ်သူကို ကိုယ်ကရော surprise အံ့အားသင့်သွားအောင် ဘာတွေ လုပ်မလဲ။

yinminkhine
yinminkhine
၁။။။ ။။။ချစ်သူများနေ့မှာ အမှတ်တရ အဖြစ်ပေးပို့ရင်း
သံယောဇဉ်တွေ ချစ်မေတ္တာတွေ တိုးပွားရင်း ချစ်သူပေးသောအမှတ်တရကို ကြည်နူးရင်ခုန်စွာမြတ်နိုးတန်ဖိုးထားရတာပေါ့
ဝေးနေကြပေမယ့်လည်းလက်ဆောင်ပစ္စည်းရမှမဟုတ်ပါဘူး ချစ်သူထံမှ ယုယကြင်နာတန်ဖိုးထားမြတ်နိုးတဲ့စကားလုံးလေးဟာလည်း ချစ်သူများနေ့မှာ ဘ၀တစ်သက် ကိုယ့်ချစ်သူပေးတဲ့ချစ်လက်ဆောင်လေးဖြစ်တာမို့
တန်ဖိုးထားမြတ်နိုးမိပါတယ်
ချစ်သူအံအားသင့်အောင်ကတော့ သူအလစ်မှာ
အနားနားတိုးပြီး အာဘွားးးးပေးရမလားဟင်....?

ainlay44ainlay44၂။ ကိုယ့်အတွက် ချစ်သူများနေ့ရယ်လို့မှတ်မှတ်ထင်ထင် ဘယ်လိုဖြစ်လာခဲ့သလဲ။

yinminkhine
yinminkhine
၂။။ ။။။။။။။။။ချစ်သူများနေ့ရယ်လို့မှတ်မှတ်ထင်ထင်ဖြစ်လာတာကတော့ ချစ်သူကလက်ဆောင်ပစ္စည်းလာပေးရင်း ဒီနေ့ချစ်သူများနေ့ဆိုတာလာပြီးပြောမှ သူများတိုင်းပြည်က ချစ်သူများနေ့ဆိုတာရှိပါလားဆိုပြီး မှတ်မှတ်ထင်ထင်ဖြစ်လာတာပါ။။။။။။။။။။။။။။။။
           

ainlay44
ainlay44
၃။ ချစ်သူများနေ့မှာ ချစ်သူတော်တော်များများဟာ အတူနေကြတဲ့အပေါ်တွေမှာ ဘယ်လိုထင်မြင်ယူဆပါသလဲ။
(ဒါကိုတော့ အမည်နဲ့ ဖေါ် ပြမည်မဟုတ်ပါ။ ပွင့်ပွင့်လင်းလင်း ရေးနိုင်ပါတယ်။)



yinminkhine
yinminkhine

၃။။ ။။။။  မြန်မာမလေးမို့ကိုယ့်ရဲ့မိဘ ဆွေမျိုး ပတ်ဝန်းကျင် ကိုယ့်ဂုဏ်သိက္ခာကို
မိမိကိုယ်တိုင်စောင့်ထိန်း ရမှာ အမျိုးကောင်းသားသမီးတိုင်းထားရမယ့် အရာတန်ဖိုးအကြီးဆုံးမို့ အတူတူ အရှက်တကွဲအကျိုးနဲ ဖြစ်မယ့်ကိစ္စဖြစ်တာမို့ စဉ်းစားဆင်ချင် နေထိုင်သင့်တယ်လေနော်
ဒါပေမဲ့ လူတိုင်းကတော့လွယ်လင့်တကူ
Living together
လိဖ်ဗင်းတူဂဲလ်သားဆိုပြီး
အတူတကွ နေထိုင်နေကြတော့
အမြင်ခြင်းခံယူချက်ခြင်းတူညီချင်မှတူညီမှာပေါ့နော်..
စိတ်ဆန္ဒ အပေါ်မှီတင်းနေထိုင်ကြတယ်လို့ခေါ်ဆိုရမှာပေါ့....
တဦးတစ်ဦး ချစ်ခင်ယုံကြည်မှု့လည်းဖြစ်နိုင်ပါတယ်
တစ်ဦးတစ်ဦး အနိုင်ကျင့်ရယူမှု့လည်းဖြစ်နိုင်ပါတယ်
ဘယ်လိုပဲဖြစ်နေပေ့စေ မြန်မာမိန်းမလေးဗမာ မလေးတွေအတွက်ကတော့ မိမိယူမယ့်လက်ထပ်မယ့်အမျိုးသားက ဘယ်သူဘယ်ဝါဆိုတာ
နဖူးမှာစာမချိတ်ထားတဲ့အတွက်
တန်ဖိုးထားပြီး စောင့်ထိန်းသင့်တာပေါ့လေ
ချစ်သူကလည်းမိမိကို တန်ဖိုးထားမြတ်နိုးမယ်ဆို
စောင့်ထိန်းပါလိမ့်မယ်
ကိုယ်က အပေါစားမှမဟုတ်ပဲကွယ်
သူက ၀ါသနာကြီးရင်တော့
ငွေပေးရင်
ပျော်ပါးပေးမယ့် မိန်းမသက်သက်ရှိတယ်ပေါ့
ရေခြင်းမတူဘူးလေနော်
ကိုယ်ကလက်ဆေးရေ မှမဟုတ်ပဲ
သူက ချစ်သူကိုလဲ မြတ်နိုးတန်ဖိုးထား ချစ်ခင်ရင်
          
သန့်ရှင်းသော ချစ်ခြင်းတရားနဲ့မယူခင် အချိန်ထိ ချစ်ခင်နိုင်မယ် စောင့်ထိန်းနိုင်မယ် ဒါမှ ရေရှည်မွန်မြတ်တဲ့ဘ၀တစ်သက် သည်းခံပြီးတစ်ယောက်အပေါ်တစ်ယောက်
ဘ၀ တစ်လျှောက် သေဆုံးသည့်ထိ မကွဲမခွာ
ချစ်ခင်မြတ်နိုး စောင့်ရှောက်ပြီးသည်းခံခွင့်လွတ်နားလည်စွာနဲ့
ချစ်သူများနေ့တွေမြှောက်များစွာ
ချစ်သူနဲ့အတူ လက်တွဲနိုင်မှာပါ
ချစ်ခြင်းတရားအပေါ်ပျော်ဝင်စီးဆင်း ချစ်ခင်ခြင်းအတိ
ချစ်သူနဲ့သာဖြစ်လိုပါ၏
       မေတ္တာ သံယောဇဉ် နွယ်ပင်အလားကပ်နေ၏
ချစ်ခြင်းအပြည့် ပျော်ဝင်စီးဆင်း
သမုဒယနယ်အတွင်း
ဘ၀တစ်သက်မခွဲ
မောင့်လက်ကိုသာတွဲလိုပါတယ်
♥♥
ဘယ်သူမဆို
ကိုယ့်ချစ်သူသာပေါင်းစည်းချင်တာပေါ့
ဒါပေ့မယ့်ကံတရားကဆန်းကြယ်တယ်လေနော်
ဒါကြောင့်ချစ်သူများနေ့မှာ တောင်းတဲ့ဆုလေးပြည့်မှာဆိုရင် အချစ်ဆုံးသူရဲ့ အချစ်ဆုံးသာဖြစ်ချင်ပါတယ်
အိမ်လေးရယ်
        

♥♥ဖေဖော်ဝါရီလ၁၄ရက်နေ့♥♥
♥ချစ်သူများနေ့ မြှောက်များစွာ♥
ချစ်သူနဲ့အတူ လက်တွဲချင်တာ
ချစ်ခြင်းတရားအပေါ် ပျော်ဝင်စီးဆင်း
ချစ်ခင်ခြင်းအတိ ချစ်သူနဲ့သာဖြစ်လိုပါ၏
ချစ်သူများနေ့ တောင်းတဲ့ဆုလေးပြည့်မှာဆိုရင်
အချစ်ဆုံးသူရဲ့ အချစ်ဆုံးသာဖြစ်လိုပါတယ်
မေတ္တာ သံယောဇဉ် နွယ်ပင်အလားကပ်နေတယ်
ဘ၀များစွာသံသရာမှာ  ချစ်သူနဲ့သာပေါင်းချင်တာ♥♥

မ..မ

ainlay44
ainlay44
၎။ ချစ်သူများနေ့ကို ဘယ်လိုနားလည်သလဲ။
(ဥပမာ- ချစ်သူများနေ့ဟာ ချစ်သူစုံတွဲတွေအတွက်ပဲလား)

yinminkhine
yinminkhine
၎။။။။။ ။။  ချစ်သူများနေ့ဆိုတာ ချစ်သူတွေအတွက် ဖြစ်ပေါ်လာတာပေါ့
ဒါပေမဲ့ကိုယ်ချစ်ခင်နှစ်သက်သူ ကိုယ်ကတဖက်သတ်ချစ်မိသူတွေလည်း ချစ်သူများနေ့မှာ
မိမိချစ်ခင်သူချစ်ရသူကို
လက်ဆောင်ပစ္စည်းပေးပို့ပြီး
မိမိရဲ့ချစ်ခြင်းတရားကိုပြသကြပါတယ်.....

၅။ ချစ်သူများနေ့မှာ ဘာတွေလုပ်မလဲ။

yinminkhine
yinminkhine
၅။။   ။။။။  ချစ်သူများနေ့မှာ ဝေးကွာနေသောချစ်သူကို ကျန်းမာစေကြောင်းဆုချွေတောင်းပြီး
ချစ်လက်ဆောင် မေတ္တာ ပို့ပေးရမှာပေါ့
နီးနေရင်တော့ လက်ဆောင်ခြင်းဖလှယ် အချစ်ကြိုးတွေ သွယ်မိမယ်ပေါ့နော်
ချစ်သူများနေ့မှာ အာဘွားကုဋေ အနမ်းတစ်လှေကြီးပေးမယ်
ရင်ထဲထိရောက်မပျောက်ပျက်တဲ့မေတ္တာတွေပေးမယ်နော်..................
ယူနိုင်ပါပြီ
အာဘွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အချစ်
                  ရလား


KISS

:ilu

မောင်ရလား
KISS
အသဲရလား
KISS
အချစ်ရလား
     KISS

:ilufunscrape.com




7 comments:

  1. ချစ်သူနဲ့ မခွဲမခွါ အမြဲသာ ပျော်ရွှင်နိုင်ပါစေ. မ.မ ရေ....

    ReplyDelete
  2. စနိုးလေးလည်း ချစ်သူနဲ့ မခွဲမခွါ အမြဲသာ ပျော်ရွှင်နိုင်ပါစေ
    စိတ်တူကိုယ်မျှ ချစ်သူ ရရှိပါစေ

    ReplyDelete
  3. ချစ်ရသူနဲ့အတူ သက်ဆုံးတိုင် ပျော်ရွှင်ကြပါစေလေနော့် ....

    ReplyDelete
  4. ပန်းသီးကျွေးမဲ့ ကျွန်တော့် နံရိုးလေးပြန်ရှာပေးပါ....မှ အာဒံ

    ReplyDelete
  5. လူသားအားလုံး ကိုယ့် ချစ်ရသူနဲ့ထာဝရ ဘ၀တသက်လက်တွဲနိုင်ကြပါစေ............

    ReplyDelete
  6. ချစ်သူနံရိုး ဆံထိုးလုပ်လို့ထိုးထားတယ်...မှ ဧဝ

    ReplyDelete
  7. ချစ်မရေ....... ချစ်မဖြေတာ အရမ်းကောင်းတယ်...တကယ်အမှတ်တရလေးပါပဲ.. ခုလို ချစ်မဆိုက်လေးမှာ အမှတ်တရလေး တင်ပေးတာ ကျေးဇူးနော်... ချစ်မ ဆန္ဒတွေ ပြည့်ဝပါစေ။။။

    :ilufunscrape.com

    ReplyDelete