Pages

Thursday, August 11, 2011

ရှင်းသန့်တဲ့ နှလုံးသားတစ်စုံ

ချစ်သူရေ.................................................

ငါဟာ လယ်ကွင်းစိမ်းစိမ်းလေးတွေထဲမှာ  သန့်ရှင်းကြည်လင်တဲ့လေနုအေးလေးတွေရှုရှိုက်ရင်း 


မင်းကိုလဲ ငါနဲ့အတူ သန့်ရှင်းကြည်လင်တဲ့ လေနုအေးလေးတွေကို ရှုရှိုက်စေရင်း.

မင်းရဲ့ စိတ်နှလုံးသားလေးကို အေးမြမှု့လေးပေးချင်ပါတယ်

ငါ့အချစ်ရယ် အဲ့ဒါဟာဘာကြောင့် ဖြစ်ပေါ်လာတာလဲလို့

မင်းငါ့ကိုမေးလာရင် ငါ့မှာဖြေစရာစကားမရှိပါဘူး


ချစ်သူရေ.........

ငါထင်တယ် မင်းရဲ့စိတ်မှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေခဲ့တော့

ငါ့ရဲ့ မေတ္တာ အကြင်နာတွေ လိုအပ်နေတယ်

ဒါကြောင့် မင်းကို အေးမြတဲ့လေနုလေး တွေလို

သန့်ရှင်းကြည်လင်တဲ့မေတ္တာထားပြီ


ငါရင်ထဲနှလုံးသားမှာ မင်းကို ဘာနဲ့မှနိုင်းယှဉ်မပြနိုင်တဲ့

ချစ်ခြင်းတွေနဲ့ နှစ်သိမ့်ပေးပြီး ငါ့အချစ်တွေဟာ

လယ်ကွင်းစိမ်းစိမ်းလေးထဲက ဖြတ်တိုက်လာတဲ့ သန့်ရှင်းတဲ့လေနုအေးလေပေါ့

 ငါဟာ အချစ်တွေ အကြင်နာတွေ မေတ္တာတွေ နဲ့နှစ်သိမ့်ပေးပြီး မင်းရဲ့နှလုံးသားလေးကို

မင်းစိတ်လေးကို အေးမြစေမယ်ငါ့အချစ်ရယ်.......

ချစ်သူရေ.........
ငါဟာ စိမ့်စမ်းရေအေးလေးတွေ တောတောင်တွေဖြတ်တိုက်လာတဲ့

သန့်ရှင်းကြည်လင်တဲ့ လေနုအေးလေးတွေကို ရှုရှိုက်ရင်း.

ငါဟာမင်းကိုသတိရတမ်းတပြီး မင်းကိုလဲ ငါနဲ့အတူ  အေးမြတဲ့လေနုလေး တွေရှုရှိုက်စေရင်း.

မင်းရဲ့ စိတ်နှလုံးသားလေးကိုအေးမြမှု့လေးပေးချင်ပါတယ်

  ငါ့အချစ်ရယ် အဲ့ဒါဟာဘာကြောင့် ဖြစ်ပေါ်လာတာလဲလို့

မင်းငါ့ကိုမေးလာရင် ငါ့မှာဖြေစရာစကားမရှိပါဘူး

ချစ်သူရေ........

ငါ့ရဲ့ရှင်းသန့်တဲ့ နှလုံးသားတစ်စုံဟာမင်းအတွက်ရှင်သန်နေတာပါ

.

ငါခန္ဓာကိုယ်မှာ လှည့်ပတ်စီးဆင်းနေတဲ့ သွေးတွေဟာ မင်းဖြစ်နေတယ် 

ငါ့နှလုံးခုံသံကိုကြားနိုင်ရင် မင်းကိုချစ်တဲ့စည်းချက်သံစဉ်တွေမင်း ကြားရမှာပါ

ငါ့အချစ်ရယ် အဲ့ဒါဟာဘာကြောင့် ဖြစ်ပေါ်လာတာလဲလို့


မင်းငါ့ကိုမေးလာရင် ငါ့မှာဖြေစရာစကားမရှိပါဘူးငါ့အချစ်ရယ်



5 comments:

  1. အဖြေမရှိတဲ့ နှလုံးသားတစ်စုံကို လာငေးသွား၏

    ReplyDelete
  2. အချစ် မှာ အကြောင်းပြချက် မရှိ အဖြေမရှိပါ...............

    ReplyDelete
  3. ငါ့ရဲ့ရှင်းသန့်တဲ့ နှလုံးသားတစ်စုံဟာမင်းအတွက်ရှင်သန်နေတာပါ ... ဟုတ်မမ ... အားပေးသွားပါတယ်နော် ...မမ ပျော်ရွှင်ပါစေ ....

    ReplyDelete
  4. မေတ္တာဆုလေး ယူလိုက်တယ်နော်


    မဟေလေး ပျော်ရွှင်ပါစေ...

    ReplyDelete
  5. ငါ့ရဲ့ရှင်းသန့်တဲ့ နှလုံးသားတစ်စုံဟာမင်းအတွက်ရှင်သန်နေတာပါ

    ဖတ်သွားတယ်နော် မမ။

    ReplyDelete