Pages

Wednesday, June 8, 2011

မ..မ ♥ ♥အိပ်မက် ကဗျာ ♥


 


ကဗျာလေးနဲ့လွမ်းချင်းဖွဲ့တည်
ပန်းလှေနဲ့တူ  အလွမ်းလေးတွေမျှောလိုက်တယ်
♥ချစ်ခြင်းသယုဂ်  လွမ်းတေးပြယုဂ်
♥ကဗျာမြစ်တစ်စင်း  လွမ်းခြင်းဖွဲ့တည်
♥ကဗျာမြစ်တစ်စင်း  ချစ်ခြင်းဖွဲတည်
♥နမိတ်ပုံတွေ  ကဗျာဖန်ဆင်း
♥အလွမ်းအဆွေး  တောကြီးမြိုင်လည်
♥မချစ်တတ်ရင်လဲ  အချစ်ငတ်တယ်
♥အချစ်စစ်ခင်း အချစ်စစ်တစ်လင်း
♥ချစ်တဲ့သူတိုင်း ရှုံးပါတယ်
♥ကဗျာတောမှာ ပျော်ပါးမွှေ့လျှော် 
♥အလွမ်း အချစ်  အဆွေးသံသရာ
 ♥မိုင်ပေါင်းထောင်ချီ  ဝေးကွာနေလည်
♥စိတ်ကူးကမ္ဘာ  ကဗျာနန်းတော်  
♥ချစ်သူအရောက်လှမ်းလာနော်........... 
♥စိတ်ကူး  ကဗျာ အိပ်မက်နန်းတော်
♥အိပ်မက်  ကဗျာ စိတ်ကူးနန်းတော်
  ♥အိပ်မက်လေးထဲလာခဲ့နော် ကဗျာလေးနဲ့တူတူပျော်
♥ချစ်သူအရောက်လှမ်းလာနော်.......

  

 
    ကဗျာစစ်ကူခေါ်ခဲ့နော် 
♥ကဗျာစစ်ပွဲ  တူတူနွဲ အနိုင်ယူတဲ့ပွဲ  
 ♥ကဗျာစပ်ရင်း တူတူပျော်
♥ကဗျာလေးနဲ့ ရင်ဖွင့်နော်
♥ကဗျာနန်းတော်လာခဲ့နော်
♥ကဗျာဆက်မယ် တူတူပျော်

♥ကဗျာချစ်သူ  ဆက်ရေးနော်
♥ကဗျာလေးတွေထားခဲ့နော်
ချစ်သူ  မောင့်ထံ 
အလွမ်းလေးတွေပို့လိုက်တယ်
ကဗျာလေးနဲ့လွမ်းချင်းဖွဲ့
ကဗျာလေးထဲ လှမ်းလာခဲ့

15 comments:

  1. က ကဗျာမြန်မြန်လာ
    ဆ ဆရာမရိုသေကြ
    လ လ၀ါထိန်ထိန်သာ ............ဟဲဟဲ
    ပေါင်းလိုက်တော့ (က.ဆ.လ.)ကဗျာဖြစ်သွားရော................

    ReplyDelete
  2. ကဗျာ စက်ရုံမှထွက်သော
    ကဗျာ ကရာရေးသော
    ကဗျာ ကဗျာတပုဒ်
    ကဗျာဖြစ်တာ
    ကဗျာဆရာလေးစားပါတယ်
    ကဗျာဆရာ

    ReplyDelete
  3. အလွမ်းပြယုဂ်
    ကဗျာတေးတပုဒ်နဲ့
    ရေးထုတ်မယ်ပြင်
    အတွေးလွန်
    ထိုအတွေးတွင်ပင် ပျောက်ခဲ့ပြီ

    ReplyDelete
  4. ကြိုက်တယ်ဆိုလို့ကျေးကျေး

    ReplyDelete
  5. အတွေးလေးထဲ ငေးမျှော်မှိုင်တွေ
    မပျော်နိုင်တာ မောင်သိလေ
    ရေးထုတ်မယ့်ကဗျာ
    ရင်တွင်းတစ်နေရာ
    နှလုံးသားထဲမှာ သိမ်းထားမယ်............။

    ReplyDelete
  6. အလွမ်း အလွမ်း ဒီသောင်ကမ်းက
    ထွက်ခွာရွက်လွင့်..
    မေ့ပစ်ချင်ပြီ...
    ဘယ်သူမပြု မိမိမှုရယ်...
    လောကလယ်ကြားးးး
    တရားမရ....လွမ်းရပြီကော....

    ReplyDelete
  7. ကဗျာတွေအရမ်းမိုက်တယ်ဗျာ အားကျတယ် အဲလိုမရေးတတ်ဘူး အားပေးနေပါတယ်အစ်မ

    ReplyDelete


  8. လွမ်းစိတ်ဝေေ၀ လွမ်းမိုးးစွေစွေ
    သတိရတိုင်းလွန်းလို့နေ
    လောကလယ်မှာ အလွမ်းတစ္ဆေ
    ချစ်သူရှိရာ သူ့စိတ်ခစား
    လွမ်းသစ်ပင်မှာ သူကပ်နေ
    လွမ်းသံဝေတဲ့ အချစ်ငှက်တစ္ဆေ

    ReplyDelete
  9. သူများတွေလိုမရေးတတ်တော့ 
    သွားရည်တများများနဲ့  သူတကာ
    ရေးချက်တွေပဲ....အားပေးနေရပါ့ ......

    ReplyDelete
  10. စကားလေးတွေဖွဲဆိုပြသ
    နမိတ်ပုံတွေ ကဗျာအသက်သွင်း
    စာရေးသလိုရေးလိုက်လေ

    ReplyDelete
  11. အားပေးရင်းနဲ့ ရေးတတ်တာလေ
    လောကတခွင်အလှမြင်တော့
    ကဗျာလေးတွေဖြစ်တာပေါ့
    အလွမ်းအဆွေးအချစ်သံသရာ
    ကဗျာတောမှာ ခဏနေတာ
    ကဗျာပင်အောက် ခဏနားတာ
    စိတ်ငြိမ်မှုလေးတစ်ခုပါ

    ReplyDelete
  12. လွမ်းပင်ပျိုးလို့ လွမ်းမိုးဆွေ ...၊
    အလွမ်းတွေဝေတဲ့ စမ်းရေစီးသံ ...၊
    ရင်ခွင်အခန်း လွမ်းရနွမ်းလို့ ... ၊
    အလွမ်းတံခါးလေး ဖွင့်ထားတယ် ....။

    ReplyDelete
  13. မေ့နှလုံးသား ထဲခိုကာနားပေါ့

    တိမ်လေနဲ့အတူမောင်ရောက်လာမလား
    မိုးစက်နဲ့အတူမောင်ပါလာမလား
    နှင်းတွေထဲမှာ မောင့်ရဲ့ပုံရိပ်
    လွမ်းရလွန်းလို့ လွမ်းတောင်တန်းတွေဖြစ်နေတယ်
    ဒီရင်ခွင်အခန်း နှလုံးသားလေးထဲ
    စိတ်ကူးထဲမှာ မောင်လာနားချိန်
    အလွမ်းပြေအောင်ထွေးဖက်ကွယ်
    အလွမ်းတံခါးလေးဖွင့်ထားတယ်




    ReplyDelete
  14. ကဗျာတွေကအရမ်းကောင်းတယ် ပါတယ်အစ်မ သူများတွေလိုမရေးတတ်ပေမဲ့ အားတော့ပေးတတ်ပါတယ် ?

    ReplyDelete