Pages

Wednesday, January 27, 2010

အမေ အမေ အမေ သမီးတကယ်လွမ်းနေတယ်...အမေ..........

အမေ
အမေလားကျွန်မကိုအချစ်ဆုံးလေ မောင်နှမတွေအကုန်

လက်ဝါးဖြန့်မုန့် ဘိုးတောင်းရင် လက်ဝါးဖြန့် တဲ့ထဲကျွန်မ မပါဘူး

အမေနော် သမီးကလက်ဖြန့်တောင်းရအောင်သူတောင်းစား မဟုတ်ဘူးလို့ပြောခဲ့တာ.ငယ်ငယ်လေးရှိသေးတယ်

ကြီးကျယ်တဲ့စကားပြောရမလားဆိုပြီးအဖေ ရိုက်ဖို့ပြင်တာပေါ့

အမေက မရိုက်နဲ့သူကအဲလိုဘဲအပြောမတတ်ဘူး

မုန့် ဘိုးမပေးနဲ့ဆိုပြီးမှ ဘယ်သူမှမသိအောင်တိတ်တိတ်လေးပေးတာ

အမေပေါ့ အဲလိုပေးတာတောင်မှကျွန်မက နောက်နေ့လက်ဝါးဖြန့် မတောင်းနိုင်ဘူး တခါထဲများများပေးလို့တောင်းတတ်တယ်လေ


အစားအသောက်စားရင်လဲအိမ်မှာ ဟင်းချက်ရင် အသားကိုဘာနဲ့မှရောတာ မကြိုက်ဘူးလေ ဟင်းချက်တဲ့လူကပြုတ်ကျော်လုပ်ပေးထား


အသီးအရွက်နဲ့မေ့ပြီးရောချက်မိလို့ကတော့ ဟင်းပန်ကန်ထဲထည့်ခဲ့ဆိုပြီး စားမလိုဟန်ဆောင်ပြီး ခွေးစားတဲ့ပန်ကန်ထဲသွန်လိုက်တယ်


အလုပ်သမားတွေကပြန်တိုင်ရင် အဖေရိုက်ဖို့အဆင်သင့်ဖြစ်အောင်လက်ပိုက်ပေးထားတယ်လေ အဖေရိုက်တဲ့အချိန်မှာ


အရိုက်ခံနေတဲ့ကျွန်မကမျက်ရည်မကျသေးဘူး အမေကငိုနေတယ် အမေ၀င်ဆွဲရင်အဖေကအမေ့ ကိုပါဆက်ရိုက်တယ်


အမေကကာဆီးကာဆီး လုပ်ရင်အဖေကပိုစိတ်တိုတာပေါ့

ဒီလိုနဲ့အမေက အရိုက်ခံရတဲ့ကျွန်မကိုသနားတယ်လေ ထမင်းမစားချင်တဲ့ကျွန်မ

အကျင့်ကိုအမေကသိတော့ ရော့ပိုက်ဆံဝယ်စားချင်တာသွားဝယ်စားဆိုပြီး ပိုက်ဆံပေးထားတတ်တယ် ကျွန်မက ထမင်းမကြိုက်ဘူးလေ


ဆီချက်တို့ ကြေးအိုးတို့ ခေါက်ဆွဲကျော်တို့ဘဲစားတတ်တာအဖေက ကျွန်မအကျင့်ကိုမကြိုက်ဘူး အမေကသူမွေးထားတဲ့သမီးက ဗိုလ်မ တဲ့


အဖေကကျောင်းသွားရင်ပိုက်ဆံစစ်တယ် မယူသွားရဘူး အမေကကျောင်းကိုအလုပ်သမားတရောက်နဲ့ပေးခိုင်းလိုက်တယ်


ကျွန်မကျောင်းသွားရင်စာအုပ်အသစ်တွေခဲတံအသစ်တွေထည့်ရင်အဖေက ပြန်ယူထားတတ်တယ် အမေက နောက်ကနေလိုက်ပေးခိုင်းတယ်


ကျွန်မကကျောင်းမှာ စာအုပ်မရှိတဲ့ခဲတံမရှိတဲ့ သူငယ်ချင်းတွေကိုပေးလိုက်တာ အဖေကဒီလမ်းကမသွားနဲ့ဆိုသွားတယ် ဒါမလုပ်နဲ့ဆိုလဲလုပ်တယ်


အဖေကရိုက်ရင်အမေကဆွဲ အမေ့ကိုပါ အဖေကရိုက်နဲ့ကျွန်မတော်တော်ဆိုးခဲ့ပါတယ် နဲနဲကြီးလာတော့သူငယ်ချင်းတွေအိမ် ကိုအဖေရိုက်မယ့်


အလုပ် လုပ်ထားရင်တပါတ်လောက်သွားနေလိုက်တယ် အမေလိုက်ခေါ်ရတာပေါ့ ပြန်လာခဲ့နော် သမီးလေးဗိုလ်မလေး
နဲ့အမေ အမြဲချော့ခေါ်ရတယ်လေ

အမေ အဖေနဲ့မပေါင်းရင်ပြန်လိုက်မယ် ဆိုပြီးပြောတော့ ..

အေးအေး သမီး သူ့ကိုအမေကမချစ်ပါဘူး သမီးကိုချစ်တာပါဆိုပြီး ချော့ခေါ်မှအိမ်ပြန်လိုက်တာ သူငယ်ချင်းတွေအိမ်သွားနေတဲ့ အချိန်မှာလည်း


သူငယ်ချင်းမိသားစုမပြေလည်တာတွေ့ရင်နားကပ်တဖက်ချွတ်ပေးခဲ့တာ

အမေ သမီးနားကပ်တဖက်ကျပျောက်သွားတယ်နော်

အမေက အေးအေးသမီးဆိုပြီးသွားတာဘဲလေ အဖေကအမေ့ကိုသူ့ဘာမှမဆင်ပေးနဲ့ ကင်းချေများ အိမ်မနေချင်ဘူးနဲ့ပြောတာပေါ့ကျွန်မ


အမေနဲ့ ရွှေဆိုင်ရှေ့ရောက်လိုအမေ ဒါလေးလိုချင်တယ်နော်ဆိုထပ်ဝယ်ပေးတယ်လေ အဖေအဆူအငေါက်ကို
အမေမှာကျွန်မကြောင့်အမြဲခံရပါတယ်။

အမေ စာမတတ်ပါဘူး အမေသားသမီးတွေကိုစာတတ်စေချင်ပါတယ်

စာမတတ်တဲ့အမေကဘုရားစာအကုန်ရပါတယ်။

အဖေနဲ့အမေကဈေးရောင်းပါတယ် အမေကကျွန်မကိုသည်းအခံဆုံးပါဘဲ။်
ကျွန်မ စိတ်ကောက်ရင်အိမ်ပြန်မလိုက်ဘူးနော် အမေဆိုပြီးပြောရင်ကျွန်မနောက် တကောက်ကောက်  လိုက်နေတတ်ပါတယ် ကျွန်မကအမေလိုက်နေမှန်းသိရင် မမောမခြင်းလမ်းပေါ်မှာ လျှောက်သွားနေတတ်ပါတယ်။

အမေ မောလောက်တယ်ထင်မှစိတ်ကောက်တာပြေပါတယ်

အဖေ ကကျွန်မကိုတော်တော်ဆိုးတယ်လို့ပြောပါတယ်။

အမေက ကလေးမို့လို့ပါ ကြီးလာရင် လိမ္မာသွားလိမ့်မယ်ပြောပါတယ်။

အမေမှာမိုးလင်းတာနဲ့ဈေးဆိုင်ကိုသနတ်ခါးချေဆုံးခေါင်းဆုံးလိမ်းပြီး

ဈေးဆိုင်ထွက်ရပါတယ်။

အဖေ ကအမေ့ အရင် ဆိုင်ကိုအလုပ်သမားတွေနဲ့အရင်ထွက်ရပါတယ် အမေဆိုင်ရောက်တာနောက်ကျရင်အဖေကအမေ့ကိုဆူနေငေါက်နေတတ်ပါတယ်။

အဖေကစည်းကမ်းရှိပါတယ် သူ့ နေရာနဲ့သူပစ္စည်းတွေကိုထားတတ်ပါတယ်

အဖေရဲ့စည်းကမ်းရှိမှု့စနစ်ကျမှု့တွေကိုကျွန်မက မုန်းခဲ့ပါတယ် အမေကအလိုလိုက်တော့ချစ်တာပေါ့နော် ကျွန်မကတဦးတည်းသောသမီးမဟုတ်ပါဘူးမောင်နှမ ၉ ရောက်တောင်ရှိပါတယ်။

သားသမီးများတဲ့အမေ ကသားသမီးတွေကို

တစ်ဦးဆီလိုအပ်တာ ဖြည့်စည်းပေးနိုင်ပါတယ်။

တစ်ရောက်တမျိုးဘယ်လောက်ဆိုးဆိုး အမေကသည်းခံနိုင်ပါတယ်

ဒီနေ့အထိ အမေကကျွန်မကို တခါမှဆူတာ ငေါက်တာ ဆဲတာမလုပ်ခဲ့ပါဘူး

ရိုက်ဖို့ ဆိုတော့ဝေးရော ပေါ့နော်။

ကျွန်မလိုအပ်တာဖြည့် ပေးတတ်တဲ့ အမေနဲ့ စည်းကမ်းကြီးတဲ့အဖေတို့ကို ကျွန်မ လွမ်းနေပါတယ်။

သတိယနေပါတယ်။
စည်းကမ်းမရှိတဲ့လူတွေနဲ့နေရမှ အဖေရဲ့ နေရာတကာလိုက်ဆုံးမခဲ့တာတွေက

ကျွန်မအတွက် နေတတ်ထိုင်တတ်အောင် သင်ပေးခဲ့သလိုဖြစ်ခဲ့ပါတယ်။

အမေ့ရဲ့အလိုလိုက်မှု့တွေက ဘယ်သူမှမပေးနိုင်တဲ့
ဘယ်လိုမှရှာမတွေ့နိုင်တဲ့ ခွင့်လွှတ်မှု့သည်းခံမှု့ နားလည်နိုင်မှု့တွေပေါ့

အမေရဲ့မေတ္တာ အမေရဲ့စေတနာ အမေရဲ့ခွင့်လွှတ်မှု့ကျွန်မဘယ်ကမှရှာလို့ထပ်မရနိုင်ပါဘူး။

ခုကျွန်မ တစ်ရောက်တည်းလေ အမေ့ကိုလွမ်းလိုက်တာ သတိယလိုက်တာ ကျွန်မဆိုးတာတွေ အမေကိုကျွန်မကြောင့်

အဖေကရိုက်ခဲ့တာတွေကျွန်မသတိယနေတယ်ဆိုရင်။

ကျွန်မလွမ်းနေတယ်ဆိုရင်။မယုံပါဘူးလို့ဘယ်သူပြောမလဲ

ကျွန်မ ငယ်ငယ်က တော်တော်ဆိုးခဲ့ပါတယ် ဒါကြောင့်

ကျွန်မအမေက လောကမှာ ဘယ်အရာနဲ့မှနှိုင်းလို့မရတဲ့ အမေပေါ့

စမ်းရေထက်အေးမြတဲ့အမေပါ ။ပန်းရွှေကြာထက်လှပတဲ့အမေပေါ့နော်။


အဝေးမှာနေမှ သိတာအမေ နီးခဲ့တုန်းက မသိခဲ့ဘူး အမေကိုဆိုးတဲ့သမီး။

လူဆိုးမ အမေကို တအားလွမ်းနေပါတယ် သိပ်ကိုသတိယနေပါတယ် ပြန်မရနိုင်တဲ့ငယ်ဘ၀ လေးကိုလဲအောင့်မေ့နေပါတယ်

အမေ အမေ အမေ


ပျော်စရာ ဒေါ်လာအတိ နဲ့ 

အဖော်သဟာမရှိတဲ့ဘ၀မှာ အမေ့ကိုဘဲလွမ်းတယ် အမေရယ်။

သမီးတကယ်လွမ်းနေတယ်အမေ သတိယတိုင်းလည်းမျက်ရည်တွေကျနေတယ် အမေရယ်။


14 comments:

  1. လာဖတ်သွားပါတယ်နော်..

    ReplyDelete
  2. http://kyithar1901.multiply.com/

    လာဖတ်သွားပါတယ်နော်..


    ကျေးဇူးတင်တယ်နော်

    ReplyDelete
  3. အမက ကျနော်နဲ့ တူနေတာကိုး.
    ကျနော်လည်း ငယ်ငယ်ကတည်းက လက်ဖြန့်မတောင်းတတ်ဘူး။
    ကျနော့်အတွက် တစ်ပတ်စာ ဆိုပြီး ကျနော့်စာကြည့်အံ့ဆွဲထဲ လာလာထည့်ပေးထားရတယ်။
    မာန ကတော့ ကြီးတယ်။ မာန်တော့ မဟုတ်ပါ။
    ဘဝမှာ ဒါပဲ ရှိတယ်။

    ReplyDelete
  4. ဟုတ်တယ် ကိုဇော်ရယ်...အဲံ့ ဒီမာနကိုခုတော့ခ၀ါချထားပါတယ်..

    ဒါတောင်မှနုပ်ခမ်းတော့ကိုက်ထားတုန်းဘဲနော်...

    လူတိုင်းပေါ်ကောင်းပါတယ်..သည်းခံနိုင်တာထက်ကျော်လာရင်တော့

    လစ်တော့ပေါ့နော်..သဘောတော့ကောင်းတယ်အပြောတော့ဆိုးတယ်..

    ကိုဇော်ကိုကျေးဇူးတင်တယ်..မအားတဲ့ကြားကလာဖတ်သွားလို့နော်

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်။ညီမလေး

    ReplyDelete
  6. တူလိုက်တာဗျာ.....ကြေးအိုးကြိုက်တာချင်းဟီဟီ

    ReplyDelete
  7. ပြန်လာရင်ဝယ်တိုက်မယ်နော်

    ကြေးအိုး လူကြုံရှိရင်လဲပို့လိုက်မယ်နော်

    ReplyDelete
  8. လာဖတ်သွားတယ် အမရေ။ ကောင်းလိုက်တာ

    ReplyDelete
  9. ကောင်းကင် လာဖတ်တာအမ။

    ကျေးဇူးတင်တယ်နော်။

    ReplyDelete
  10. မမ ကျွန်တော်တောင် ငိုချင်သွားတယ်

    ReplyDelete
  11. မငိုပါနဲ့ မောင်လေးရယ်
    မမ တကယ်ရေးထားတာပါနော်

    ReplyDelete
  12. ဖတ်သွားခဲ့ပါတယ် အမေကိုချစ်တဲ့သမီးလေး ရေးတဲ့စာ

    ReplyDelete
  13. အရမ်းကောင်းပါတယ်.....တူတူပဲမို့လေ
    ခံစားချက်ခြင်းတူလို့ မျက်ရည်ကျမိပါတယ်

    ReplyDelete