Pages

Saturday, December 26, 2009

ခွေးတွေဆီက အတုခိုးစရာများ

ခွေးတွေဆီက အတုခိုးစရာများ..




* ဘာရယ်မဟုတ်ဘဲ လမ်းသလားနိုင်တဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့..။


* ချစ်ခင်သူတွေ အိမ်ပြန်လာတဲ့အခါတိုင်း အတင်းပြေးပြီး နှုတ်ဆက်စမ်းလိုက်ပါ..။


* ကိုယ့်အတွက်သိပ်တန်းဖိုးရှိမယ်

ဆိုတာကို သိလိုက်တာနဲ့ တပြိုင်နက်
စိတ်ရှည်လက်ရှည် စောင့်
ဆိုင်းတတ်အောင် လေ့ကျင့်ထားပါ..။

* ကိုယ့်စည်းကို တစ်ယောက်ယောက်က ကျော်လာပြီဆိုတာနဲ့ ကျော်နေတဲ့

အကြောင်းကို အသိပေးလိုက်ပါ..။

* ပြေးပါ ၊ ခုန်ပါ ၊ နေ့တိုင်းကစားပါ...၊


* စားတဲ့အခါ အားရပါးရ နဲ့ မြိန်ရည်ယှက်ရည် စားလိုက်စမ်းပါ..။


* သစ္စာတရားအပေါ် သစ္စာရှိပါ..။


* ဟန်မဆောင်ပါနဲ့...။


* ကိုယ်လိုချင်တာ မြှုပ်ထားမှန်းသိရင် ဘယ်လောက်နက်နက် ယက်ပြီးဖော်ပါ..။


* တစ်ယောက်ယောက် စိတ်မချမ်းမသာဖြစ်နေရင် တိတ်တိတ်လေးနေ ၊


အနားမှာထိုင်လို့ ညင်ညင်သာသာလေး ထွေးပွေ့ပေးပါ..။


* တစ်ချက်လောက်ဟောင် ရုံနဲ့ ပြီးမယ်ဆိုရင် ကိုက်မနေပါနဲ့တော့...။


* ဘယ်လောက်ပဲ ခဏခဏ အဝေဖန်ခဲနေရ ၊ အပြစ်တင်ခံနေရ ခံရ ၊ ကိုယ့်ကိုယ်ကို

အပြစ်ရှိတယ်လို့ တစ်စက်လေးမှ မခံစားပါနဲ့..။ မျက်နှာ မပျက်ပါစေနဲ့..။
အဲဒီလို အချိန်မှာ လာလမ်းအတိုင်း အမြန်ဆုံးလှည့်ပြေးပြီး မိတ်ဆွေသစ်တွေ
ရှာလိုက်ရုံပါပဲ...။

မှတ်ချက်..။ ။ Reader Digest စာစောင်လေးထဲမှ ဖြစ်ပါတယ်..။

ကျွန်တော် ဘာသာပြန်မလို့ လုပ်နေတုန်း သူငယ်ချင်းတစ်ယောက်ဆီက
ဆရာအတ္တကျော် ရေးတဲ့ “ မောဟပြေပုံတိုပတ်စများ ” စာအုပ်ထဲက တွေ့လို့
ဒီအတိုင်းပဲ ကူးလိုက်ပါတော့တယ်..။
ကျွန်တော် ဘာသာပြန်ရင်လဲ ဆရာအတ္တကျော်လောက်ကောင်းမယ်မထင်
ပါ.။

Subject: Fwd:






2 comments:

  1. ဟုတ်ဖတ်သွားပါတယ်

    ReplyDelete
  2. လာဖတ်တာကျေးဇူးနော်

    ReplyDelete