"ဦးပေါ်ဦး ရဲ့ "အပရိဟာနိယ တရား ၇ ပါးမှာ မင်းနှင့်တကွ ၊ ရဟန်းပြည်သူ အားလုံးနဲ့သက်ဆိုင | for everyone |
( အပရိဟာနိယ တရားများအကြောင်း )
"ပေါ်ဦး ရဲ့ "
"ဘုရား"
"မောင်မင်း လျှောက်တဲ့အထဲမှာ အပရိဟာနိယ တရား ၇-ပါး မပါသေးပါလားကွယ့်"
" မှန်လှပါ ၊အပရိဟာနိယ တရား၇ပါးမှာ မင်းနှင့်တကွ ၊ ရဟန်းပြည်သူ
အားလုံးနဲ့သက်ဆိုင်လို့အထူးတလည်လျှောက်ထားရန် ရှိပါတယ် ဘုရား "
" အေး .... ပေါ်ဦးကို စကားစဖော်ပေးလိုက်ရင် ကြီးကြီးကျယ်ကျယ် ချည်းပဲ "
" မှန်လှပါ ၊ ပေါ်ဦးက ကြီးကျယ်ရတာ မဟုတ်ပါဘုရား ၊ ဂေါတမ မြတ်စွာဘုရားက
ကိုယ်တိုင်ဟောကြားတော်မူတဲ့တရား တော်မို့ ကြီးကျယ်ရခြင်းပါ ဘုရား "
" ကဲ .... ဆက်ပြီး တင်လျှောက်စမ်းပါဦး "
" မှန်လှပါ ၊ ဘိုးတော်ဘုရား မိန့်တော်မူတဲ့ ( အပရိဟာနိယ တရား၇-ပါး )မှာ
မြတ်စွာဘုရားက သုံးမျိုး သုံးစား ဟောကြားထားပါတယ်ဘုရား " မင်းနှင့်တကွ လူသားတို့အတွက် စည်းစိမ်ချမ်းသာ
တိုးတက်ပွားများကြောင်း ( ၇ )ပါးမှာ သတ္တဂုင်္တ္တရ ပါဠိတော်နဲ့ ပရိနိဗ္ဗာနသုတ်
အဋ္ဌကထာတို့မှာ ပါရှိတဲ့ အတိုင်းက ............. ၁ ။ ဘုရား၌ ရိုသေခြင်း ၊
၂ ။ တရား၌ ရိုသေခြင်း ၊
၃ ။ သံဃာ၌ ရိုသေခြင်း ၊
၎ ။ မိမိ၏ ကိုယ်ကျင့်သိက္ခာ၌ ရိုသေခြင်း ၊ ကျင့်သုံးခြင်း
၅ ။ တည်ကြည်ခြင်း ၊ မိမိ သမာဓိကို ရိုသေခြင်း ၊
၆ ။ ကောင်းသော မိတ်ဆွေရှိခြင်း ၊
၇ ။ ပညာရှိ သူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို
နာယူလွယ်ခြင်းတို့ ဖြစ်ပါတယ်ဘုရား " " နောက်တစ်ဖန် ၀ဇ္ဇီမင်းတို့ကို အကြောင်းပြု၍ ဟောကြားသော
တိုင်းပြည်တိုးပွားရေး ( အပရိဟာနိယ တရား၇-ပါး ) ကို
မဟာပရိနိဗ္ဗာနသုတ်တော်တွင် ပါရှိသည့်အတိုင်းတင်လျှောက်ပါဦးမည် ။
မတင်လျှောက်မီ ဝေသာလီပြည်အကြောင်းနဲ့ လိစ္ဆ၀ီမင်းသားတို့အကြောင်း
တင်လျှောက်ပါရစေဦး ဘုရား "
" တင်လျှောက်စေ မောင်မင်း "
" ဝေသာလီပြည်ကြီးဟာ ၊ မြတ်စွာဘုရား လက်ထက်တော်အချိန်အခါမှာ
အလွန်စည်ကားသာယာတဲ့ တိုင်းပြည်ကြီးဖြစ်ပါတယ် ဘုရား ၊ မဟာပရိနိဗ္ဗာနသုတ်မှာ
မြတ်စွာဘုရားက ... "ချစ်သား အာနန္ဒာ ၊ ဤ ဝေသာလီပြည်သည်ကား
အလွန်သာယာလှပေသည် ၊ ဤ ဝေသာလီဝန်းကျင်မှာ ရှိကြသည့် လူတို့အလေးအမြတ်ပြုရာ
နေရာများသည်လည်း စိတ်နှစ်သက်ဖွယ်ရာ ကောင်းလှပေသည် " လို့
ဝေသာလီပြည်ကြီးကို မြတ်စွာဘုရားကိုယ်တော်တိုင် ချီးကျူးထားပါတယ် ဘုရား ၊
ဒါက ဘုရားလက်ထက်တော်က ဝေသာလီပြည်ကြီးအကြောင်းပါ ဘုရား " " နောက်တစ်ခုမှာ ဝေသာလီပြည်က လိစ္ဆ၀ီ မင်းသားတွေ မြတ်စွာဘုရား
ဝေသာလီပြည်ကိုရောက်ရှိပြီး အမ္ဗပါလိ သရက်ဥယျာဉ်မှာ သီတင်းသုံးတယ်လို့
ကြားလျှင်ပဲ လိစ္ဆ၀ီမင်းသားများဟာ အကောင်းဆုံးသော အ၀တ်အစား အလှအပ
တန်ဆာဆင်ပြီး မြတ်စွာဘုရားထံ အဖူးအမြော်လာကြရာမှာ အဆင်တန်ဆာ လှပရုံသာမက စုပေါင်း လာကြရာမှာလည်း ခမ်းခမ်းနားနား ညီညီညွတ်ညွတ်နဲ့ လာနေကြတာကို မမြင်ဖူးသေးတဲ့ ရဟန်းတော်တွေခေါ်ပြီး
" ချစ်သားတို့ ၊ ဟိုက လာနေကြတဲ့
လိစ္ဆ၀ီပရိသတ်ကို ရှုကြလော့ ၊ တာဝတိံသာ နတ်ပရိသတ်နှင့်တူစွတကား " လို့
မိန့်ကြားတော်မူဖူးပါတယ် ၊ အဲ့ဒီ ဝေသာလီပြည်ကြီးဟာ
အလွန်စည်းလုံးညီညွတ်ပြီး တိုင်းသူပြည်သားတို့ဟာလည်း တစ်ဦးကိုတစ်ဦး
အလွန်ကူညီကြလို့စည်ကားလှတဲ့ ဝေသာလီပြည်ကြီးအနီးအနား တိုင်းပြည်တွေက မနာလိုကြဘူး ၊ အင်အားကြီးတဲ့ နိုင်ငံတွေက စစ်တိုက်ကြသော်လည်း
ဝေသာလီပြည်ရဲ့ ညီညွတ်တဲ့ အင်အားကို မထိုးဖောက်နိုင်ပါ ဘုရား " " တစ်ချိန်မှာ အဇာတသတ်မင်းမှ မာဂဓအမတ်ကြီးကို မြတ်စွာဘုရားထံ
စေလွှတ်ပြီး ဝေသာလီပြည်ကို တိုက်ခိုက် သင့် ၊ မသင့်အကြံတောင်း
လျှောက်ထားစေခဲ့ပါတယ် ။ မြတ်စွာဘုရားက လူမှုရေးကိစ္စပင်ဖြစ်ပေမယ့်
အကျိုးရှိမှာကို မြင်တော်မူတာနဲ့ မာဂဓအမတ်ကြီးကိုတော့ ဘာမှပြန်မဖြေပဲ
ညီတော် အာနန္ဒာဖက် လှည့်တော်မူပြီး မေးတော်မူတဲ့စကားက ( အပရိဟာနိယ
တရား၇-ပါး ) ဖြစ်တော်မူလာပါတယ် ဘုရား " " အင်း ...... ပေါ်ဦးစကားက အပရိဟာနိယတရား ရောက်မယ့်အရေး
လမ်းခင်းလိုက်ရတာ မောလို့ ........ "
" မှန်လှပါ ၊ သိသင့် သိထိုက်လို့ပါ ဘုရား "
" ကဲပါ .... မင်းစကားသာ ဆက်စမ်းပါ ၊ ငါ သိပါတယ်ပေါ်ဦးရာ "
" မှန်လှပါ ၊ ဝေသာလီပြည် ၀ဇ္ဇီမင်းတို့သည် .....
၁ ။ ညီညွတ်စွာ မပြတ်စည်းဝေး တိုင်ပင်ခြင်း ၊
၂ ။ အစည်းအဝေးသို့ တညီတညွတ်တည်း လာရောက်ကြပြီး
တစ်စုတစ်ရုံးတည်း ညီညွတ်စွာထပြန်ကြခြင်း ၊
၃ ။ ရှိပြီးသား စနစ်ဟောင်း ၊ နည်းကောင်းတို့ကိုမဖျက်မဆီး မိဘ
ဘိုးဘွား နည်းကျကျဆောင်ရွက်ကြခြင်း ၊
၎ ။ ရိုသေထိုက်သူများကို ရိုသေ၍ ၊ ဆိုဆုံးမစကားကို နာယူကြခြင်း ၊
၅ ။ အမျိုးသမီးများကို နိုင်ထက်ကလူ ဖျက်ဆီးပြုမှုများကင်းကြခြင်း ၊
၆ ။ လူထု ရိုသေလေးစားရင်းရှိသော ဂါရ၀ပြုဌာနများကို ပူဇော်မြဲ
ပူဇော်ခြင်း ၊
၇ ။ နိုင်ငံတော်အတွက် ကျေးဇူးရှိခဲ့သူများကို
ချီးမြှင့်မှုတွင် မလစ်လပ်စေခြင်း ၊
စတဲ့ အချက်ကြီး ၇ ချက်ကို မြတ်စွာဘုရားက မေးတော်မူလို့
အရှင်အာနန္ဒာက လိစ္ဆ၀ီမင်းတို့မှာ ဤသို့သော အရည်အချင်း
လုပ်နည်းလုပ်ရပ်များနှင့် ပြည့်စုံကြောင်း ပြန်လည်လျှောက်ထားတဲ့အခါ
မြတ်စွာဘုရားက " ဤ အပရိဟာနိယတရား ၇- ပါးနှင့်ပြည့်စုံလျှင်
လိစ္ဆ၀ီမင်းတို့သည် တက်လမ်းသာ ရှိ၏ ပျက်လမ်းမမြင် " ဟု အရှင်အာနန္ဒာအား
မိန့်ကြားတော်မူရာ မာဂဓအမတ်ကြီးကလည်း ကြားတွေ့သိမြင်သမျှ အဇာတသတ်မင်းအား
ပြန်လည်တင်လျှောက် လိုက်ပါတယ်ဘုရား ၊ ဤသည်က စပြီး အပရိဟာနိယတရား ၇-ပါးဟာ
မင်းနှင့်တကွ လူသားတိုင်းကျင့်ကြံအားထုတ်ရမယ့်  တရားအဖြစ်
ထင်ရှားလာပါတော့တယ် ဘုရား " " အေး ..... အလွန်မှ မှတ်သားဖွယ်ကောင်းလှပေတယ် မောင်မင်း " ******* ဤတွင် အပရိဟာနိယတရားများအကြောင်း ပြီး၏*******
"ပေါ်ဦး ရဲ့ "
"ဘုရား"
"မောင်မင်း လျှောက်တဲ့အထဲမှာ အပရိဟာနိယ တရား ၇-ပါး မပါသေးပါလားကွယ့်"
" မှန်လှပါ ၊အပရိဟာနိယ တရား၇ပါးမှာ မင်းနှင့်တကွ ၊ ရဟန်းပြည်သူ
အားလုံးနဲ့သက်ဆိုင်လို့အထူးတလည်လျှောက်ထားရန် ရှိပါတယ် ဘုရား "
" အေး .... ပေါ်ဦးကို စကားစဖော်ပေးလိုက်ရင် ကြီးကြီးကျယ်ကျယ် ချည်းပဲ "
" မှန်လှပါ ၊ ပေါ်ဦးက ကြီးကျယ်ရတာ မဟုတ်ပါဘုရား ၊ ဂေါတမ မြတ်စွာဘုရားက
ကိုယ်တိုင်ဟောကြားတော်မူတဲ့တရား
" ကဲ .... ဆက်ပြီး တင်လျှောက်စမ်းပါဦး "
" မှန်လှပါ ၊ ဘိုးတော်ဘုရား မိန့်တော်မူတဲ့ ( အပရိဟာနိယ တရား၇-ပါး )မှာ
မြတ်စွာဘုရားက သုံးမျိုး သုံးစား ဟောကြားထားပါတယ်ဘုရား " မင်းနှင့်တကွ လူသားတို့အတွက် စည်းစိမ်ချမ်းသာ
တိုးတက်ပွားများကြောင်း ( ၇ )ပါးမှာ သတ္တဂုင်္တ္တရ ပါဠိတော်နဲ့ ပရိနိဗ္ဗာနသုတ်
အဋ္ဌကထာတို့မှာ ပါရှိတဲ့ အတိုင်းက ............. ၁ ။ ဘုရား၌ ရိုသေခြင်း ၊
၂ ။ တရား၌ ရိုသေခြင်း ၊
၃ ။ သံဃာ၌ ရိုသေခြင်း ၊
၎ ။ မိမိ၏ ကိုယ်ကျင့်သိက္ခာ၌ ရိုသေခြင်း ၊ ကျင့်သုံးခြင်း
၅ ။ တည်ကြည်ခြင်း ၊ မိမိ သမာဓိကို ရိုသေခြင်း ၊
၆ ။ ကောင်းသော မိတ်ဆွေရှိခြင်း ၊
၇ ။ ပညာရှိ သူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို
နာယူလွယ်ခြင်းတို့ ဖြစ်ပါတယ်ဘုရား " " နောက်တစ်ဖန် ၀ဇ္ဇီမင်းတို့ကို အကြောင်းပြု၍ ဟောကြားသော
တိုင်းပြည်တိုးပွားရေး ( အပရိဟာနိယ တရား၇-ပါး ) ကို
မဟာပရိနိဗ္ဗာနသုတ်တော်တွင် ပါရှိသည့်အတိုင်းတင်လျှောက်ပါဦ
မတင်လျှောက်မီ ဝေသာလီပြည်အကြောင်းနဲ့ လိစ္ဆ၀ီမင်းသားတို့အကြောင်း
တင်လျှောက်ပါရစေဦး ဘုရား "
" တင်လျှောက်စေ မောင်မင်း "
" ဝေသာလီပြည်ကြီးဟာ ၊ မြတ်စွာဘုရား လက်ထက်တော်အချိန်အခါမှာ
အလွန်စည်ကားသာယာတဲ့ တိုင်းပြည်ကြီးဖြစ်ပါတယ် ဘုရား ၊ မဟာပရိနိဗ္ဗာနသုတ်မှာ
မြတ်စွာဘုရားက ... "ချစ်သား အာနန္ဒာ ၊ ဤ ဝေသာလီပြည်သည်ကား
အလွန်သာယာလှပေသည် ၊ ဤ ဝေသာလီဝန်းကျင်မှာ ရှိကြသည့် လူတို့အလေးအမြတ်ပြုရာ
နေရာများသည်လည်း စိတ်နှစ်သက်ဖွယ်ရာ ကောင်းလှပေသည် " လို့
ဝေသာလီပြည်ကြီးကို မြတ်စွာဘုရားကိုယ်တော်တိုင် ချီးကျူးထားပါတယ် ဘုရား ၊
ဒါက ဘုရားလက်ထက်တော်က ဝေသာလီပြည်ကြီးအကြောင်းပါ ဘုရား " " နောက်တစ်ခုမှာ ဝေသာလီပြည်က လိစ္ဆ၀ီ မင်းသားတွေ မြတ်စွာဘုရား
ဝေသာလီပြည်ကိုရောက်ရှိပြီး အမ္ဗပါလိ သရက်ဥယျာဉ်မှာ သီတင်းသုံးတယ်လို့
ကြားလျှင်ပဲ လိစ္ဆ၀ီမင်းသားများဟာ အကောင်းဆုံးသော အ၀တ်အစား အလှအပ
တန်ဆာဆင်ပြီး မြတ်စွာဘုရားထံ အဖူးအမြော်လာကြရာမှာ အဆင်တန်ဆာ လှပရုံသာမက စုပေါင်း လာကြရာမှာလည်း ခမ်းခမ်းနားနား ညီညီညွတ်ညွတ်နဲ့ လာနေကြတာကို မမြင်ဖူးသေးတဲ့ ရဟန်းတော်တွေခေါ်ပြီး
" ချစ်သားတို့ ၊ ဟိုက လာနေကြတဲ့
လိစ္ဆ၀ီပရိသတ်ကို ရှုကြလော့ ၊ တာဝတိံသာ နတ်ပရိသတ်နှင့်တူစွတကား " လို့
မိန့်ကြားတော်မူဖူးပါတယ် ၊ အဲ့ဒီ ဝေသာလီပြည်ကြီးဟာ
အလွန်စည်းလုံးညီညွတ်ပြီး တိုင်းသူပြည်သားတို့ဟာလည်း တစ်ဦးကိုတစ်ဦး
အလွန်ကူညီကြလို့စည်ကားလှတဲ့ ဝေသာလီပြည်ကြီးအနီးအနား တိုင်းပြည်တွေက မနာလိုကြဘူး ၊ အင်အားကြီးတဲ့ နိုင်ငံတွေက စစ်တိုက်ကြသော်လည်း
ဝေသာလီပြည်ရဲ့ ညီညွတ်တဲ့ အင်အားကို မထိုးဖောက်နိုင်ပါ ဘုရား " " တစ်ချိန်မှာ အဇာတသတ်မင်းမှ မာဂဓအမတ်ကြီးကို မြတ်စွာဘုရားထံ
စေလွှတ်ပြီး ဝေသာလီပြည်ကို တိုက်ခိုက် သင့် ၊ မသင့်အကြံတောင်း
လျှောက်ထားစေခဲ့ပါတယ် ။ မြတ်စွာဘုရားက လူမှုရေးကိစ္စပင်ဖြစ်ပေမယ့်
အကျိုးရှိမှာကို မြင်တော်မူတာနဲ့ မာဂဓအမတ်ကြီးကိုတော့ ဘာမှပြန်မဖြေပဲ
ညီတော် အာနန္ဒာဖက် လှည့်တော်မူပြီး မေးတော်မူတဲ့စကားက ( အပရိဟာနိယ
တရား၇-ပါး ) ဖြစ်တော်မူလာပါတယ် ဘုရား " " အင်း ...... ပေါ်ဦးစကားက အပရိဟာနိယတရား ရောက်မယ့်အရေး
လမ်းခင်းလိုက်ရတာ မောလို့ ........ "
" မှန်လှပါ ၊ သိသင့် သိထိုက်လို့ပါ ဘုရား "
" ကဲပါ .... မင်းစကားသာ ဆက်စမ်းပါ ၊ ငါ သိပါတယ်ပေါ်ဦးရာ "
" မှန်လှပါ ၊ ဝေသာလီပြည် ၀ဇ္ဇီမင်းတို့သည် .....
၁ ။ ညီညွတ်စွာ မပြတ်စည်းဝေး တိုင်ပင်ခြင်း ၊
၂ ။ အစည်းအဝေးသို့ တညီတညွတ်တည်း လာရောက်ကြပြီး
တစ်စုတစ်ရုံးတည်း ညီညွတ်စွာထပြန်ကြခြင်း ၊
၃ ။ ရှိပြီးသား စနစ်ဟောင်း ၊ နည်းကောင်းတို့ကိုမဖျက်မဆီး မိဘ
ဘိုးဘွား နည်းကျကျဆောင်ရွက်ကြခြင်း ၊
၎ ။ ရိုသေထိုက်သူများကို ရိုသေ၍ ၊ ဆိုဆုံးမစကားကို နာယူကြခြင်း ၊
၅ ။ အမျိုးသမီးများကို နိုင်ထက်ကလူ ဖျက်ဆီးပြုမှုများကင်းကြခြင်း ၊
၆ ။ လူထု ရိုသေလေးစားရင်းရှိသော ဂါရ၀ပြုဌာနများကို ပူဇော်မြဲ
ပူဇော်ခြင်း ၊
၇ ။ နိုင်ငံတော်အတွက် ကျေးဇူးရှိခဲ့သူများကို
ချီးမြှင့်မှုတွင် မလစ်လပ်စေခြင်း ၊
စတဲ့ အချက်ကြီး ၇ ချက်ကို မြတ်စွာဘုရားက မေးတော်မူလို့
အရှင်အာနန္ဒာက လိစ္ဆ၀ီမင်းတို့မှာ ဤသို့သော အရည်အချင်း
လုပ်နည်းလုပ်ရပ်များနှင့် ပြည့်စုံကြောင်း ပြန်လည်လျှောက်ထားတဲ့အခါ
မြတ်စွာဘုရားက " ဤ အပရိဟာနိယတရား ၇- ပါးနှင့်ပြည့်စုံလျှင်
လိစ္ဆ၀ီမင်းတို့သည် တက်လမ်းသာ ရှိ၏ ပျက်လမ်းမမြင် " ဟု အရှင်အာနန္ဒာအား
မိန့်ကြားတော်မူရာ မာဂဓအမတ်ကြီးကလည်း ကြားတွေ့သိမြင်သမျှ အဇာတသတ်မင်းအား
ပြန်လည်တင်လျှောက် လိုက်ပါတယ်ဘုရား ၊ ဤသည်က စပြီး အပရိဟာနိယတရား ၇-ပါးဟာ
မင်းနှင့်တကွ လူသားတိုင်းကျင့်ကြံအားထုတ်ရမယ်