Pages
Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts
Monday, March 12, 2018
အမေမှာတမ်း
"အမေမှာတမ်း " (၁)
သမီး = သား
သူများဆီက မေတ္တာ နွေးထွေးမှု စောင့်ရှောက်မှုရလိုလျှင်
မိမိကအရင်ဆုံးနွေးထွေး ချစ်ခင်စောင့်ရှောက်မြတ်နိုးမှု့ပေးလိုက်ပါ
အဲ့တာမှတစ်ဖက်က မသိကျိုးကျင်ပြုမူနေတယ်ဆိုရင်တော့
အဲ့ဒီလူကို သေလူသို့ ရှင်လျှက်နဲ့ လူသေဖြစ်နေတယ်လို့သာ
ထင်မှတ် မြင်ယောင်ပေါင်းသင်း ဆက်ဆံလိုက်တာဟာအကောင်းဆုံးပါ
လူသေဆီမှ ဘာတုံပြန်မှုမှမပေးဘဲ အပုတ်နံပေးနေတာ
ဒါသဘာဝပါသမီး တို့သားတို့ဝေးဝေးနေတော့ ရွံ့ရှာစက်ဆုတ်စရာ အပုတ်နံကင်းပတာပေါ့နော်..
စိတ်ဆိုတာဟာ မျှော်လင့်သလို ဖြစ်မလာလျှင်
ခံစားနာကျင်တတ်သည့်သဘောရှိ၏
အရာဝတ္ထုတစ်ခုအားကြည့်လျှင်
 အနီးအဝေးအမြင်ချင်း  မတူတတ်သကဲ့သို့သာမှတ်ယူပါ
''အမေမှာတမ်း "(၂)
သား=သမီး
သေချာ စစ် ကြည့်ပါ
တစ်ယောက်နဲ့တစ်ယောက်
အတ္တတွေ နဲ့မြင်နေသမျှ
စကားလုံးတွေနဲ့ပစ်ပေါက်
စိတ်စိတ်ခြင်း သတ်ဖြတ်၍
ကိလေသာ အမှောင်ထဲမှာ မျက်ကန်းများကဲ့သို့
စီးချင်းထိုးနေရမှာပါ ..
အမေ
မှာတမ်း (၃)
သား=သမီး
အမှန်တရားကို မျက်ကွယ်ပြုနေသမျှ
တရားအမှန်ကို မရရှိနိုင်ပါ
မိမိ၏ လုပ်ဆောင်ချက်တိုင်းကို မိမိကိုယ်တိုင်သိရှိ၍
အမှန် အမှား  ဝေဖန်ပိုင်းခြား၍
 မိမိကိုယ်ကို အမှန် မြင်နိုင်ပါစေ
မိမိကိုယ်ကို ဟန်ဆောင်နေသ၍
ကန်းနေသူဖြစ်သည် အမှန်ကို မမြင်နိုင်ပါ
အမှန်မြင်၍အကန်းဘဝမှ လွတ်မြောက်အောင်ကြိုးစားနိုင်ပါစေ
သား=သမီးတို့
မိမိ၏ကိုယ်နှင့် မိမိ၏စိတ် အာရုံထိရှမှု့ မှန်သမျှကို
 တရားအမှန် အမှန်တရားအတိုင်း သိနိုင်ပါစေ..
အမှန်ကိုသိရှိ၍ အမှန်ကိုလက်ခံနိုင်ပါစေ..
အမေမှာတမ်း (၄)
သား=သမီး
လူဘဝဆိုတာဟာ
မီးပုံကြီးထဲသို့  မီးငြိမ်းမှာစိုး၍
စဉ်ဆက်မပြတ် မီးတောက်အောင်
လောင်စာများစွာ ယူထည့်နေသော ဒုက္ခဘုံဖြစ်တယ်
သား=သမီး
မိမိကိုယ် နှင့် မိမိစိတ်ထိရှမှု့မှန်သမျှဟာ
 မီးပုံကြီးတောက်လောင်ကြီးမားလာအောင်
လောင်စာများယူ၍
ထည့်နေသူများသာဖြစ်တယ်
ခန္ဓာ၏ဒုက္ခ ငြိမ်းအေးသော
ဘဝပိုင်ရှင်များဖြစ်အောင်ကျိုးစားနိုင်ကျပါစေ..
Saturday, August 17, 2013
လူဗျ ! လူ
လူဗျ ! လူ
ငါစွဲလေးကို အရေကျိုသောက်ထားတာ
သောကနဲ့ လောဘကိုအမျိုးတော်ထားတယ်..
မာနနဲ့ဒေါသကို အဖော်ခေါ်ထားတယ်..
လူဗျ လူ .. ခင်ရာမင်ရာတွေကို သူတို့ကြိုက်တဲ့အရောင်လေးထည့်ပြ
ီးကျွေးမွေးလိုက်တယ်..
ဒေါသဖြစ်သမျှကို ကွမ်းယာလို ၀ါးစားပြီး ထွေးထုတ်ပြစ်ချင်တာဗျို့
သူ့ရဲ့ဆိုးကျိုးက နောက်ဆက်တွဲ ရောဂါရပြီးအသက်တိုစေပေမယ့်
လူဗျ ! လူ ...
ကျုပ်နှစ်သက်တာကျုပ်လုပ်တယ်..
လူဗျ လူ ..အတ္တနဲ့မိုးလင်းတာ
ကျုပ်မရှိလို့မဖြစ်ပါဘူး
စိတ်ဆိုတာ ခံစားတတ်တဲ့ သဘောတရားရှိသည်
သင်၏ စိတ်သည် လောက၏ အရောင်မျိုးစုံကိုကြည့်ပြီးလိုက်မခံစားမိပါစေနဲ့
လောကသဘာဝ ထုံးစံဟုသာ သတ်မှတ်၍ မည်သည့် အရောင်မြင်မြင်
သင်၏ စိတ် ခံစားမှု၏ရိုက်ချက်ကို တတ်နိုင်သမျှ ထိမ်းသိမ်းကာကွယ်နိုင်ပါစေ ..
မတည်မြဲသောလောကမှာ ကျန်းမာပျော်ရွှင်ပါစေ..
Thursday, July 4, 2013
မိုးခါးပုံပြင်
မိုးခါးပုံပြင်
(မင်းဒင်)
ပြည်တပြည်တွင် မင်းနှင့်ပုဏ္ဏား အကျွမ်းဝင်ကြ၏ ။ အခါတပါးသော် မင်းကြီးကို ပုဏ္ဏားဆို၏ ။“အရှင်မင်းကြီး၊ရှေ့ ၇ ရက်၌ ၇ ရက်ပတ်လုံး မိုးကြီးစွာရွာလတ္တံ့သတည်း။ ထိုမိုးကို ပြည်သူပြည်သားတို့ သောက်ကြကုန်သော် ပြည်လုံးရူးအံ့ သတည်း” ဟု ဆို၏ ။
မင်းကြီးလည်းပုဏ္ဏား၏ ဥာဏ်အမြော်အမြင်ကို ယုံမှတ်၏။ မိုးကြီးရွာလတ်သော် မိုးရေမှအပဖြစ်သောရေကိုသာ၊မင်းနှင့် ပုဏ္ဏား မှီဝဲ၍နေ၏။ မိုးရေကိုသောက်မိသော ပြည်သူအလုံးလည်း ရူးသွပ်ခြင်းသို့ရောက်၏။ ရူးသူတို့က မင်းကို ပမာမခန့်ပြု သည်ဖြစ်၍ ပြည်အ၀ှမ်း၌ အုတ်အာသရဲ ရှိလေ၏။
(၂)
Nobody above The Law .“ဥပဒေ အထက်တွင် မည်သူမျှ မရှိစေရ”(ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ)။
……..
သမ္မတက မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံ ဆည်အား မဖြစ်မနေ ပြန်လည်စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှု ဆောင်က တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆို သွားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးအဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်း များ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်းစီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစားဗိုလ်မှူးချုပ်ကတွေ့ဆုံမေးမြန်းရာတွင်စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။
"ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်"ဟု ဖြေကြားသွားပြီးယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက် သင့်သလားဟု မေးမြန်း ရာတွင် "ဆောက်ကိုဆောက်ရမှာပေါ့၊ ကျွန်တော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက် နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။
USDPပါတီ၏အဓိကအလုပ်အမှုဆောင်တစ်ဦးဖြစ်သူသည်NLDပါတီနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်း ပြင်းထန်ထန်ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်အားလည်း"ကျွန်တော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး " ဟုဖြေကြား သွားခဲ့သည်။(သောကြာ၊ဇူလိုင် ၂၀။၂၀၁၂)။ Burma Development Net
……….
၂၀၁၃၊ဇန်န၀ါရီ၂၈ရက်နေ့က ပြုလုပ်တဲ့ လယ်သမားတွေနဲ့တွေ့ဆုံပွဲမှာ လယ်ဆည်ဝန်ကြီးက “အကြွေးမကြေရင်တောင်သူ တွေအနေနဲ့ထမင်းတစ်နပ် လျော့စားသင့်ကြောင်း၊ ဥပုဒ်စောင့်တဲ့ သဘောမျိုး ကုသိုလ်လည်းရ၊ ၀မ်းလည်းဝမှာဖြစ်ကြောင်း၊ အကြွေးမကျေရင် သံသရာက မလွတ်နိုင်ဘူး နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
………
၂၀၁၂ မေလ နောက်ဆုံးပတ်လောက်က အကြံပေးအဖွဲ့ခေါင်းဆောင်က လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီးပြည်သူလူထု ကြီးကို ''ဖယောင်းတိုင် မီးထွန်းပြီး ချွေချွေတာတာ နေကြပါ'' ဆိုတဲ့သဘော တိုက်တွန်းပြောဆို အကြံပေးလိုက်ပါတယ်။ ပြည်သူလူထုကြီးရဲ့ တုံ့ပြန်ဝေဖန်သံ၊ ဆဲသံဆိုသံတွေက ဖုံးလွှမ်းသွားလိုက်တာ ဘ၀ဂ်ထိတိုင်အောင် ပွက်ပွက်ညံသွား ပါရောလား။ (သမိုင်းက ဒဏ်ခတ်လိမ့်မယ်)။ (မောင်သွေးချွန်)
(၃)
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး၏ စင်္ကာပူနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့သော မိမိတို့သည် စစ်အစိုးရမှ ပေါက်ဖွားလာခြင်း ဖြစ်ပြီး ဘာမှမတတ်ဟူသည့် ပြောကြားချက်အသံဖိုင်မှာလူမှုကွန်ယက်စာမျက်နှာ(fackbook)တွင် ပျံ့နှံ့နေပြီး လူကြိုက်များ လျှက်ရှိသည်။ဝန်ကြီးက “ကျနော်တို့ဟာ စစ်အစိုးရက ပေါက်ဖွားလာတာဖြစ်တယ်၊စံနစ်သစ်ရောက်လို့ တံခါးဖွင့်ကြည့် လိုက်တဲ့ အခါ ဘာမှမတတ်ဘူးဆိုတာ သွားတွေ့ရတယ်”ဟု ဆိုသည်။သူသည် ၂၀၁၂ခုနှစ်နိုဝင်ဘာလအတွင်းက လက်ပံ တောင်းကြေးနီစီမံကိန်းကိစ္စနှင့်ပတ်သက်၍ ဒေသခံများအား မိမိတို့သည် တရုတ်ကိုကြောက်နေရကြောင်းနှင့် တရုတ်ကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်းပြောကြားသည့်စကားကြောင့် လည်း ပြည်သူလူထုအကြားစိတ်ဝင်စားမှုခံခဲ့ရဖူးသည်။
(အမှတ်(၉) မေ ၁၁-၁၇၊၂၀၁၃ရက်စွဲပါ The Myanmar herald)
“ နောက်ကြောင်းပြန်မလှည့်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှာသာ တာဝန်ရှိပြီး နောက်ကြောင်းပြန်လှည့်စေဖို့ ပြောသူ၊ လုပ်သူတွေကို ချေမှုန်းမယ်”( ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ)
(၄)
တင်ဒါအောင်မြင်ခါ ရွေးချယ်ပြီးဖြစ်သည့် ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုအမည်ကို ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ခါ ရက်ရွှေ့ဆိုင်းရန် မရှိကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါအကဲဖြတ် စိစစ် ရွေးချယ်ရေးအဖွဲ့ဥက္ကဌက မြန်မာတိုင်း(မ်)ကို ပြောသည်။''လွှတ်တော်မှာ တင်သွင်း အဆိုပြု ဖြစ်တာတော့ မကြားရ သေးဘူး။ လွှတ်တော်က ဒါမျိုး ရပ်ခိုင်းလို့မရဘူး။ နိုင်ငံရေး ပိုင်းအရ ပြည်ထောင်စု အစိုးရနဲ့ လွှတ်တော် ဘယ်လိုရှိမလဲ မသိဘူး။ သမ္မတရုံးဆီက ဘာမှ ညွှန်ကြားချက် မလာရင် လုပ်စဉ်အတိုင်း ဆက်လုပ်ရမှာပဲ။ နည်းပညာအဖွဲ့ဖြစ်လို့ လွှတ်တော်မှာ ဘာဖြစ်လဲ ကျွန်တော်တို့ မသိဘူး''ဟု ဦးဆက်အောင်က ပြောသည်။(မြန်မာတိုင်းမ်၊ ဇွန်၂၇၊၂၀၁၃)
………………..
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လုပ်ပိုင်ခွင့်ရမဲ့ ကုမ္ပဏီတွေ အနေနဲ့ ထွက်ရှိလာမဲ့ ဆက်သွယ်ရေးဥပဒေအ တိုင်းပဲ လုပ်ကိုင်ဆောင်ရွက်ရမယ်လို့ ဆက်သွယ်ရေးနဲ့သတင်းအချက်အလက်နည်းပညာဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူလွှတ်တော်မှာ သတင်းထောက်များကိုပြောကြားလိုက်ပါတယ်။“တင်ဒါအောင်တာပဲ ရှိမယ်။ လုပ်မယ်ဆိုရင် နိုင်ငံတော်က ချမှတ်ထားတဲ့ဥပဒေရင်းနှီးမြှုပ်နှံမှုဥပဒေ၊တယ်လီဖုန်းအော်ပရေတာဥပဒေတွေ အများကြီးရှိသေးတယ်။ အဲဒီဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မှတ်ပုံတင်သင့်တင်မယ်။ စာချုပ်ချုပ်စရာရှိချုပ်ရမယ်”ဇွန်၂၈၊၂၀၁၃အာအက်ဖ်အေ။
(၅)
ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ်တိုက်သစ် ကျောင်း တိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ပြယုဒ်အဖြစ် ဇူလိုင် လဆန်းထုတ် မဂ္ဂဇင်းမျက်နှာဖုံး မှာ ဖော်ပြလိုက်ပါတယ်။
…………….
အမျိုး၊ ဘာသာ၊သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက် ကောင်း ကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒ ခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။
ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊ နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။
အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီ ကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြော ကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။
(၆)
ပုဏ္ဏားလည်းဆိုပြန်၏။ `မြတ်သောမင်းကြီး...ကျွန်ုပ်တို့ ရူးသည်ထက် ပြည်မပျက်အောင် နှလုံးစေ့ဆော်ပါလော့´ဟုဆိုကာ မိုးခါးရေကို မင်းအား ဆက်၏ ။ ကိုယ်တိုင်လည်း သောက်၏။ထိုအခါတွင်မှ အမျိုးလေးပါးသောပြည်သူတို့ကမင်းနှင့်ပုဏ္ဏား ကို ပျပ်ဝပ်ကြသည် တဖန်ဖြစ်၍တိုင်းကားပြည်ရွာ ငြိမ်သက်ခြင်းသို့ရောက်၏။
(မဏိရတနာပုံကျမ်း)
http://www.mindin.info/2013/07/blog-post.html
Thursday, May 30, 2013
“ဒင့် ဘဝ ၊ ခဏဘယ်သူယူပါ့မယ်”
“ဒင့် ဘဝ ၊ ခဏဘယ်သူယူပါ့မယ်”
(မင်းဒင်)
... (၁)
မြူနှင်းတို့ဝေသောကာလ၊ ချမ်းမြမြဆောင်းတစ်ညတွင်၊ယိုးဒယားနိုင်ငံ၊ဖူးခက်မြို့အန်မခမ်အရပ်ရှိ အိမ်အိုကြီး၏အပေါ်ထပ် ၌ ကျွန်ုပ် ဆြာဒင်တစ်ယောက် ဇီးကင်းခန့်ရှိသော ချွေးစေးများပြန်လျက် တတိယတန်းဒေါင်းဖတ်စာတစ်အုပ်ကိုဖွင့်ရင်း ခုနှစ်သံချီ အော်ဟစ်ကာ စာအံလျက်ရှိလေသည်။
“တောင်ရှိန်ပြင်းဟုန် ၊ ငှက်ဂဠုန် ၊သုန်သုန်ကိုလည်း နသတ်မည် ။”“မလည်မသုန် ၊ ရေကြောင်းစုန် ၊ဒဂုန်ကိုလည်း နသတ် မည် ။”“ကမ္ပည်းတံဆိပ် ၊ ရွှေပေလိပ် ၊သိပ်သိပ်ကိုလည်း ပသတ်မည် ။”“ငါးမည်မာရ်နှိပ် ၊ ပလ္လင်ထိပ် ၊ညောင်ရိပ်ကိုလည်း ပသတ်မည် ။”“ငါးမည်ရွှေကြာ ၊ ခက်ညွန့်ဖြာ ၊စိမ်းပြာကိုလည်း ရစ်ရမည် ။”
ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြား စာရွတ်သံကြောင့် ကာလနဂါးကဲ့သို့ ကုလားသေကုလားမော အိပ်မောကျတတ်သော တူတော် မောင် ရဲအောင်ပင်လျှင် စက်တော်ခေါ်ရာမှ လန့်နိုးလျက် ဝူးဝူးဝါးဝါးနှင့် ဦးရီးတော်ရှိရာ အပေါ်ထပ်သို့ တက်လာကာ ..
“ဦးကြီးဒင် ၊အဘယ်သတ္တဝါက လာရစ်ပါသဖြင့် သတ်ရန်ဖြတ်ရန် အချိန်မတော် ကြိမ်းမောင်းလေသနည်း”
တူတော်မောင်၏ ဇာတ်ဟန်ပါသော အပြောကို ယခင်ယခင့် အခါများက ရယ်တပြုံးပြုံး သွားဖုံးပေါ်အောင် သဘောကျ ခဲ့သော်ငြား ဤတစ်ကြိမ်တွင်မူ ငယ်ထိပ်သို့ရောက်နေသော ဒေါသသည် အမြှောင်းလိုက်ထွက်လာလေ၏။
“သောက်လိုက်ကန်းဆိုးမသိချက်ကတော့ကွာ၊ ကြိမ်းမောင်းနေတာ မဟုတ်ဘူးဟ၊ စာရွတ်စာအံနေတာ၊မြန်မာသတ်ပုံ သံပေါက်လို့ခေါ်တယ်၊ အိပ်မှာ အိပ်စမ်းကွာ၊ ထရိုက်မိမယ်”
“ကောင်းလှပေပြီ ဦးကြီးဒင်၊ပြန်အိပ်ပါအံ့ ၊ စိတ်ကိုလျှော့ပါလေ”
ထွက်ခတ်ခတ်ရင်း အောက်ထပ်သို့ ပြန်ဆင်းသွားသော တူတော်မောင်၏ သွန်သင်ဆုံးမစကားကြောင့် ကျွန်ုပ်၏ စိတ်ကို ပညာတည်းဟူသော ချွန်းဖြင့် ဘရိတ်အုပ်လိုက်ရပေ၏။ သို့သော် နှလုံးအိမ်ထဲတွင်ကား “မြန်မာစာမှာ သတ်ပုံဟာ အသက်ဝိညာဉ်ပဲ” ဟူသော ငယ်ဆရာ၏ စကားသံကို ပြန်လည် ကြားယောင်ကာ အံလက်စစာကို ဆက်ရွတ်မိပြန် သည်။
“ယာဉ်ပျံစကြာ ၊ ရွှေလိပ်ပြာ ၊ကြိုးကြာကိုလည်း ရစ်ရမည် ။”“ဇမ္ဗူ့သပြေ ၊ အသီးကြွေ ၊မိုးမြေကိုလည်း ရစ်ရမည်။ ”
“စည်းစိမ်မကြေ ၊ ကြိုးနှင့်ဖြေ ၊လက်ခြေကိုလည်း ရစ်ရမည် ။”“ရတနာစိန် ၊ ၀င်းလျှံထိန် ၊ရောင်ရှိန်ကိုလည်း နသတ်မည် ။”
“အသက်ဇီဝိန် ၊ စုတေချိန် ၊ညှိုးပိန်ကိုလည်း နသတ်မည် ။”“ပဉ္စအာလိန် ၊ တာဝတိန် ၊ဒေ၀ိန်ကိုလည်း နသတ်မည် ။”“မိုဃ်းကြိုးပုဆိန် ၊ တာဝတိန် ။ပစ်ချိန်ကိုလည်း နသတ်မည် ။”
………………………………
(၂)
အမှန်စင်စစ် ဤဒုက္ခ၊အနှီဒုက္ခကား ဆြာဒင့်ထံသို့ မိုးနတ်မင်း၏ပယောဂကြောင့်၊အထက်ဘဝဂ်၊အောက်အဝီစိမှ ကံဆိုး မိုးမှောင်ကျကာ ရောက်လာခြင်းမဟုတ်။ ဒုက္ခနှင့် ပြဿနာကို မီးခွက်ထွန်းရှာတတ်သော၊ ကိုယ့်အပူ ကိုယ်ရှာ ၊ကိုယ့်မီး ကိုယ်မွှေးလိုသော ကျွန်ုပ်၏ဓလေ့၊ စရိုက်ဝသီကြောင့် ကြုံရခြင်းသာတည်း။ ဖြစ်ပုံပျက်ပုံ အလုံးစုံကို အစလှန်ရသော် ဤသို့ ဖြစ်၏။
အမိမြေရွှေနိုင်ငံတော်သည် ဒီမိုကရေစီဇမ္ဗူရစ်၊ခေတ်ကြီးဆီသို့ ပြောင်းလဲခဲ့လေပြီဟု ဆိုကြလေသောကြောင့် ဆြာဒင် တစ်ယောက် အကယ်တန္တု ပြည်တော်ဝင်ခဲ့သော် အလုပ်လက်မဲ့ တရာ့ကိုးတရာ့တဆယ်စာရင်း မဝင်စိမ့်သောငှာ စာပေ တိုက်တခုကို ထင်ရာစိုင်းထူထောင်မိခဲ့လေ၏။
အဆိုပါစာပေသို့ အဦးအစ စတင်မိတ်ဆက်လာသူမှာ ရတနာပုံ နေပြည်တော်မှ မန္တလာဒကာသင့်ဖြစ်၏။ဒကာသင့်မှာ မန်းဆေးကျောင်းတော်ကြီးမှ ကဝိတဆူဖြစ်ရကား သူ့လုပ်ဖော်ကိုင်ဖက်ဆရာဝန်ကြီးတစ်ဦး၏ စာမူကို စက်တင်ပုံနှိပ်ပါရန် စပ်ဟပ်ကမ်းလှမ်းလာသော တခဏ၌ပင် ရေငတ်တုန်းရေတွင်းထဲကျသူကဲ့သို့ ဆြာဒင့်ခမျာ ဝမ်းသာအားရ ချက်ချင်းပင် ခေါင်းငြိမ့် လက်ခံလိုက်လေ၏။ စာရေးသူ၏ ကလောင်နာမည်မှာ ဇာတ်ဟန်ပါသော်ငြား သူသည် ဖေ့စ်ဘွတ်ခေါ် ဆွေသဟာစာမျက်နှာ၌ ဆယ်လီဗရစ်တီဖြစ်နေသည်ကတကြောင်း၊သူ့စာရေးဟန်မှာ မြူးကြွသွက်လက်သည်က တကြောင်း တို့သည်လည်း ကျွန်ုပ်လက်ခံခဲ့ခြင်းအကြောင်းရင်းတစ်ရပ်ဖြစ်၏။(ဤကားစကားချပ်)
(၃)
အဆိုပါစာမူသည် ကွန်ပြူတာစာစီသူထံမှတဆင့် ကျွန်ုပ်၏လက်ဝယ်သို့ ရောက်လတ်သော် ကျွန်ုပ်သည် အခြားတပါးသော သူ မကြံစီဝံ့သော မဟာအကြံအစည်ကြီးတခုကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်လေ၏။ ဆင်ခေါင်းကို ခွေးချီမည့် ဧရာမအကြံအစည်ကား ငါ၏စာပေတိုက်မှ ထုတ်ဝေလတ္တံ့သော စာမူသည် သတ်ပုံအမှားကင်းစေရမည် ဟူသော အကြံပေတည်း။ ဤကာလမင်္ဂလာအခါသမယမှ စတင်လျက် ကျွန်ုပ်သည် ဒုက္ခတည်းဟူသော လှလှနှင့် ဖူးစာ ဖက်ရချေတော့ သည်။
အနှီစာမူကို ဖတ်ရှုနေရင်းဖြင့် သနားစရာ အတို့ကျွန် ငဒင်ငယ်မှာ ဖြိုးကနဲ ဝမ်းသာခြင်း၊ ဖျတ်ကနဲ ဝမ်းနည်းခြင်း၊ လှပ်ကနဲ ရင်တုန်ခြင်း၊ ဇာတ်ကနဲ အကြောဆွဲခြင်း၊ ဖျတ်ကနဲ လက်ပန်းပေါင်းခတ်ခြင်း အမှုတို့ကို ပြုမိလေရာ ကျွန်ုပ်ကို ဘေးဘီမှ စောင့်ကြည့်အကဲခတ်သူတို့ပင် ရူးမတတ်ရှိကြလေ၏။
မြန်မာစာပေခေတ်ကြီးကား ဂငယ်ကွေ့ကွေ့လျက်ရှိပြီး ထွက်ရှိသမျှသော ဝတ္ထု၊သတင်းစာ၊ဂျာနယ်ဟူသမျှ သတ်ပုံမမှန်၊ တို့ထုံးစံခေတ်သို့ ရောက်နေခဲ့သော အဖြစ်ကို ကျွန်ုပ် မသိမဟုတ်။ သိပါ၏။လွန်ခဲ့သော နှစ်နှစ်ခန့်က မြန်မာစာတွင် သတ်ပုံမှန်သင့်ကြောင်း အချေအတင်စကားစစ်ထိုးကြရာ၌ အချေရှင် ညီတော်မောင်၊နာမည်ကျော်ဘလော့ဂါ နဗနက “အကိုကြီးရာ၊ ဖတ်တဲ့သူ နားလည်ရင် ပြီးတာပါပဲ။ဥပမာဗျာ အကိုကြီးကို ပြန်ပေးဆွဲပြီး အကိုကြီးမိန်းမဆီကို ပြန်ပေး ဓားပြတွေက စာတစောင် ပို့တယ်ဆိုပါစို့၊ အမဂျီး၊ ခင်ဗျားယောက်ကျားအူးမင်ဒင် အသက်မသေခြင်ရင် ငွေတယာ လာပို့ပါ ၊လို့စာရေးတာကို နားလည်ရင်ပြီးတာပဲ” ဟူသော ပွဲသိမ်းလက်သီးကြောင့် ဆြာဒင်ခမျာ၊ ဖင်ထိုင်ကာ ဒိုင်ပွဲရပ် အရှုံးပေး ခဲ့ရဖူးချေသည်တမုံ့။
(၄)
ဘယ်အရာမဆို လွယ်လွယ်နှင့် လက်မလျှော့လိုသော၊ ခေတ်တည်းဟူသော ရေစီးကို အဆန်ကူးလိုသော ကျွန်ုပ်ကား သတ်ပုံစိစစ်ရေးစီမံချက်ကြီးကို ပီပြင်စွာအကောင်အထည်ဖော်အံ့သောငှာ ရှေးစာဟောင်းတို့ကို လှန်၏။ သတ်ပုံကျမ်းတို့ ကို မွှေ၏။ ဒေသန္တရ၊ဘာသန္တရစကားတို့ပါ မကျန်စေရ။အကြိမ်ကြိမ်အဖန်ဖန် အာဂုံပြန်ဆောင်၏။ထို့နောက်တွင်ကား..
“တရုပ်ဟူသောအမှားကို တရုတ်ဟုပြင်သည်”
“တွေ့ဘူးလား ကို တွေ့ဖူးလား ဟု ပြင်၏”
“ပွဲသိမ်းပလိုက်မယ် ကို ပွဲသိမ်းပစ်လိုက်မယ် ဟု တည့်မတ်၏”
“ပဏ္ဍာပစ္စည်း ကို ပဏ္ဏာပစ္စည်းဟု အမှန်ဖြစ်စေ၏”
“ဘိက်သိက် ကို ဘိသိက် ဟု ပြောင်းလဲ၏။”
“ မူးမတ်ကို မှူးမတ် သို့ ပြန်ဖြစ်စေ၏”
“ ငြိုးငယ်ခြင်းကို ညှိုးငယ်ခြင်းဟု ပြင်ပြန်၏။”
ထို့မူတဝ ဆင်ကြီးဂဠုန်ချီသည့် အရေးအသားဖြစ်သော “သေခမူနာတရော်၌တည်း” ဟူသော စာအလွဲကို ပျူ၊ပါဠိ၊ မွန်၊မြန်မာလေးဘာသာဖြင့်ရေးထိုးအပ်သည့် ရာဇကုမာရ ကျောက်စာ(မြစေတီကျောက်စာ)ကို လှန်လျက် “သေခမူနာ သရော၌တည်း” ဟု အမှန်ဖြစ်အောင်အားထုတ်မိပြန်၏။
ထိုထိုဤဤသော စာလုံးရေထောင်ချီသည့် စာအကျအပေါက်တို့ကို ဖင်ကြားမှချွေးယိုအောင် ပြင်ရသော်ငြား ကျွန်ုပ်ပင်ပန်း သည် မထင်မိသေး၊ဒုက္ခဟု မသတ်မှတ်။စာစီဆရာ၏ အားနည်းချက်ဟုသာမြင်၏။ ငယ်နုစဉ်အရွယ်က သတ်ပုံမှားသဖြင့် ဆရာမ၏ လက်စွဲတော်ပေတံနှင့် လက်ဆစ်တို့အား ကြိမ်ဖန် များစွာ အခေါက်ခံခဲ့ရသည်ကို ပြန်လည်သတိရခြင်းဖြင့် အားတင်း၏။သို့သော် ၊ သို့သော် …. ။
ဤသို့သော်ကား တကိုယ်လုံးယားယံလာသယောင်ခံစားရရုံမက ၊မန္တလာဒကာသင့်ကိုပါ ပလီစိချောက်ချက်၊ ကြမ်းပိုးကို မီးရထားစက်ခေါင်းဖြစ်အောင် ၊ဤအခြေဆိုက်အောင် အယုံသွင်းလေခြင်းဟူသောအတွေးပင် ဝင်လာကာ ကြီးစွာသော စိတ်ဒုက္ခကို ခံစားရလေသည်။ ဆက်၍ ရှုပါလော့။
(၅)
အဆိုပါ စာမူ၏ တခုသောနေရာ၌ “ခက်ထှာ” ဟူသော စကားလုံးကို တွေ့ရ၏။ ထူးဆန်းသော စကားလုံးပေတကားဟု သတ်ပုံကျမ်းကို လှန်၏။မတွေ့၊ပေါရာဏဖြစ်တန်ရာသည်ဟူသော အတွေးကြောင့် ကျမ်းအဆူဆူကိုလှန်သည်။ မရှိ။ မတတ်နိုင် ။ စာရေးဆရာသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းသမှု ပြုရတော့သည်။
“အော် ဒါလား ဆရာ၊ (ခက်လိုက်တာ)ကို အခုခေတ်မှာ “ခက်ထှာ”လို့သုံးနေပြီလေ၊ ဂျီတော့ ချပ်တင်စကားအသုံး ဆိုပါ တော့”
ကျွန်ုပ် ရုတ်ခြည်းလဲ၍သာ သေချင်တော့၏။ ရှိစေတော့။ ဆက်၍လှန်ပါအံ့။
စာမူ၏ အခြားတပါးသော နေရာတွင်လည်း .. ..“ပိတ်သတ်ကြီး”ဟူသော ထူးဆန်းလှသည့် စကားလုံးကို တွေ့ပြန်ရာ ဤကား ပရိသတ်ကြီးကို ဆိုလိုဟန်ရှိသောကြောင့် အမှားပြင်ပြီးသည်၏တခဏ၌ စာရေးသူထံ အသိပေးပြန်ရာ .. “ပိတ်သတ်ကြီးဆိုတာ အမှန်ဗျ။ မော်ဒန်အသုံးအနှုံး ဆိုပါတော့” ဟူသတည်း။နီးရာတိုင်ကို ခေါင်းနှင့်ပြေးဆောင့်ချင်စိတ် ကို အတော်ထိန်းရ၏။ ဆက်၍လှန်ပြန်သော် ..
“သမီးမှာ ကိုဝင်းကြည်ရှိနေပြီ” ဟူသော စာသားကို တွေ့ပြန်၏။ “ဘယ်က ကိုဝင်းကြည်ပါလိမ့်။ ဇာတ်ကောင်ကလေးမရဲ့ မိတ်ဆွေထင်ပါရဲ့။ ငါ့အသိကိုဝင်းကြည်များလား ”ဟု၊ဇဝေဇဝါ ဖြစ်ရသည်၏ အဆုံးတွင် ပြုမြဲအတိုင်း စာရေးသူထံ မေးရ ပြန်ရာ …။
“အော် ၊ဒါလား၊ ကိုယ်ဝန်ရှိတာကိုပြောတာလေဗျာ”ဟူ၏။“ဗျာ” ဟုသာ အော်နိုင်တော့သည်။ တခါမှ မရှိခဲ့ဖူးသော သွေးတိုးရောဂါကို ရုတ်ခြည်းခံစားရသယောင်ရှိလာလေသည်။ဆက်ဦးအံ့။ တခုသောနေရာတွင် ….
“အသည်းနာနွန်းနွန်းလို့” ဟု ပါရှိပြန်၏။ “အသည်းနာလွန်လွန်းလို့” ဖြစ်အံ့ထင်လျက် ပြင်မည်ကြံသော ခဏတွင်ပင် စာရေးသူကို မေးမိပြန်ရာ ….
“ အဲဒါ အမှန်လေဆရာ၊ မိုးဒီကြီးရဲ့ လက်သုံးစကားဗျ” ဟူသတည်း။
“ဖုသွားပြီ” ဟူသောစကားကိုလည်းတွေ့ရပြန်၏။“စိတ်ဆိုး၊စိတ်ခု၊စိတ်ကောက်သွားပြီ” ဟုဆိုသတည်း။
ထိုထိုသော စကားဆန်းတို့ကို နာခံပြင်ဆင်ပြီးသည်တွင် ဇာတ်လမ်းဆုံးခါနီးတနေရာ၌“ ဥထုဇဉ်”ဟူသော စကားကို တွေ့ရပြန်သဖြင့် ဒီတကြိမ်ဖြင့် အမှားသေချာပြီဟု အရဲကိုးကာ “ပုထုဇဉ်”ဟု ပြင်ဆင်လျက် စစ်ဆေးပြီးဆုံးသည့် စာမူဖိုင်ကို စာရေးသူ ပြန်ပို့ပြီးသည်နှင့် မကြာမတင် ပြန်စာရောက်လာသည်ကား ….
“ ကျနော်ရေးထားတဲ့ “ဥထုဇဉ်” ဆိုတာ အမှန်ပါ၊ကျနော်ဖော်ပြထားတဲ့ ဇာတ်ကောင်ဟာ သူ့လဥသူ ထုပြီး သေဖို့ကောင်း တဲ့ သူမို့ “ဥထုဇဉ်”လို့ သုံးတာပါ” ဆိုလေသတည်း။ကျွန်တော်မျိုးကြီးငဒင်ကား အမှန်ပင်သေသင့်ခဲ့ပြီ။
(၆)
အကျွန်ုပ်ကိုယ်တိုင်သာ သူ့ဇာတ်ကောင်နေရာကိုဝင်ကာ ကိုယ့်ဟာကိုယ်ထုလျက် ပျော်ပျော်ကြီး အဆုံးစီရင်ချင် စိတ်ပေါက်မိတော့ သည်။ မန္တလာ ဒကာသင့်ကို ဆုံမှာထည့်ထောင်းကာ အမှုန့်ကြိတ်ချင်စိတ်ပေါက်မိတော့သည်။အို၊ မန္တလာဒကာသင့်၊ ကိုယ်ချင်းစာ၊နာနိုင်ခြင်းငှာ …အသင့်အား ဆုံတွင် ထည့်မထောင်းမိခင်၊ ဒင့်ဘဝ ခဏယူပါခလှဲ့။
……………………………..
See More
Like 
Sunday, March 3, 2013
'မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ'
မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ
ရိုးသားမှု့နဲ့ပေါင်းပါဟန်မဆောင်ပါနဲ့ မာနမကြီးပါနဲ့သဘာဝကျစွာပေါင်းပါ ။
မျှော်မြင်ဆင်ခြင်နိုင်မှု့နဲ့ပေါင်းပါ။
ကိုယ်ချင်းစာစိတ်ဖြင့်ပေါင်းပါ။
မိသားစုစိတ်ဖြင့်ပေါင်းပါ။
ငယ်ပေါင်းစိတ်နဲ့ပေါင်းပါ။
သူတော်စင်စိတ်နဲ့ပေါင်းပါ။
ဝန်တိုခြင်းကင်းသောစိတ်နဲ့ပေါင်းပါ။
တဘက်သတ်မကျသောစိတ်နဲ့ပေါင်းပါ။
တစ်နပ်စားမကြံသောစိတ်နဲ့ပေါင်းပါ။
မြို့ရွာမည်မျှဝေးဝေးသွေးမအေးပဲပေါင်းပါ။
နှုတ်ကတိပြုသလိုလက်တွေ့မှာလည်းကတိ အတိုင်းပေါင်းသင်းပါ။
မှားနေလျှင်ထိုအမှားကိုပြောပေါင်းသင်းပါ။
မှန်နေတဲ့အခါ ထိုအမှန်ကို ချီးမွမ်းဝမ်းမြောက်စွာ ပြောပြီးပေါင်းသင်းပါ။
သာရေးမသွားဖြစ်တောင် နာရေးကိုဦးစားပေးသွားပါ။
သာရေးနာရေးအရေးကြုံလျှင်ပေါင်း သင်းနိုင်အောင်ပေါင်းသင်းပါ။
ဆန့်ကျင်ဘက်ကိုမပေါင်းနဲ့ မပေါင်းမဖြစ်ပေါင်းရလျှင် အပေါ်ကယှဉ်
အထဲကျဉ်၍ပေါင်းသင်းပါ။
ရန်သူဆိုလျှင် အတွင်းမ၀င်နိုင် အောင်ပေါင်းသင်းပါ။
သစ္စာမဲ့သူကို ကိုယ်က သစ္စာရှိစွာပေါင်းသင်းပါ။
ဥစ္စာငွေကြေးပျက်ပါစေ စရိတ္တမပျက်စေပဲ ပေါင်းသင်းပါ။
ဆင်းရဲသော်လည်း သီလမမွဲက ပေါင်းသင်းပါ။
မေ့လျှော့ မူးယစ်သည်ကို စောင့်ရှောက်ခြင်း။
မေ့လျှော့သော မိတ်ဆွေ၏ ဥစ္စာကို စောင့်ရှောက်ခြင်း။
ကြောက်လန့်သော မိတ်ဆွေ၏ အားကိုးမှီခိုရာဖြစ်ခြင်း။
ဘေးရန် ဖြစ်ပေါ်လာသော်လည်းမစွန့်ခြင်း။
မိတ်ဆွေ၏ သားသမီးမြေးမြစ်တိုင်အောင်မြတ်နိုးခြင်း။
(ဆောင်ပုဒ်လင်္ကာမှတ်စရာ)
မေ့လျော့ စောင့်လာ ဥစ္စာ စောင့်ရှောက်
ဘေးရောက်ကိုးကွယ် ဘေးတွယ်မပစ်
သားမြစ်စဉ်ဆက် မပျက်ချီးပင့်
ဝတ်ငါးဆင့် ပြုကျင့်မိတ်ဆွေများ။
(ညောင်တုန်း ရွှေဟသ်ာတောရ ဆရာတော်)
သုတေသီဘုန်းမြင့်သွေး
(လူဖြစ်ရကျိုးနပ်မည့်ပေါင်းသင်းဆက်ဆံနည်းလမ်းမှန်)
မိတ်ဆွေစစ်ဆိုတာ .......
(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။
(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။
(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။
(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။
(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။
(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။
(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။
မိတ်ဆွေအတုအယောင် လေးယောက်
(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတတ်သူ ၊ ပြန်မပေးတတ်သူ ။
(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ ။
(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။
(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ ။
(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ ....
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ် ။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ် ။
သူ့ကိုယ်ကျိုးအတွက်ပဲ ပေါင်းသင်းတယ်။
(၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ ....
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြှောက်တယ် ။
ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကိုပြတယ် ။
(၃) အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ ....
မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ် ။
မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ် ။
(၄) ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ ....
သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပါင်းအသင်းဖြစ်တယ် ။
လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။
Tuesday, January 29, 2013
အညစ်အကြေးမယူနဲ့နော်
အညစ်အကြေးမယူနဲ့နော်
မကောင်းတဲ့ အကြောင်းအရာကို စိတ်က လက်ခံမထားပါနဲ့
ခေါင်းထဲက ထုတ်ပစ် နော်
မှတ်သားစရာသာယူပါ
အညစ်အကြေးမယူနဲ့နော်
မကောင်းတာဘေးချ
ကောင်းတာလေးရွေ့းယူပေးပါ.............
မည်ကဲ့သို့ကြုံတွေ့တွေ့ မည်သည့် အကြောင်းတရားဖြစ်နေပါစေ
သင့်စိတ် နှလုံး အေးချမ်းသာယာတာကိုသာ သယ်ဆောင်ပါ
သူတပါးအားလည်း အေးချမ်းသာယာမှုကိုသာ ပေးကမ်းခဲ့ပါမိတ်ဆွေ....
အွန်လိုင်းပေါ်ဖြစ်ဖြစ် ပြင်ပတွင်ပဲဖြစ်နေပေ့စေ
အတွေ့အကြုံနုနယ်သေးသော သင့် စိတ် နှလုံးသားအား
လောကဓံ၏ အဆိုးအကောင်း အကျိုးအကြောင်း တွေ့ကြုံလာသမျှ  ထိုးနှက် 
ရိုက်ပုတ်ချက်ကို  အတတ်နိုင်ဆုံး 
ထိမ်းချုပ်နိုင်ပါစေ စိတ်ခံစားမှုနောက်ကို
သိပ်မလိုက်မိပါစေနဲ့
စိတ်ဆိုသည်မှာ ခံစားတတ်သည့် သဘောတရားရှိသဖြင့်
အကောင်း အဆိုး ဖြစ်ပေါ်လာသမျှ ကို မိမိ၏စိတ်ကို လေ့ကျင့်ပေးနေသည်
သဘောထား၍ 
ကိုယ့်စိတ်ကိုယ်သာ ထိန်းကျောင်း ပြုပြင်
ပြောင်းလဲ တတ်အောင်
လေ့ကျင့်ပေးပါ..........
မိတ်ဆွေ.........
အသိဥာဏ်နည်းပါးသည့် အဟိတ် တရိစ္ဆာန်လေးတွေတောင်မှ
ပြုပြင်ဆုံးမလေ့ကျင့်သင်ကြားလို့ရသေးတာပဲနော်.....
လူသားသတ္တ၀ါတွေရဲ့ပြုပြင်သွန်သင်မှု့အောက်မှာ
လူသားများအား စိတ်ချမ်းမြေ့ကြည်နူး ပျော်ရွှင်အောင် သူတို့တတ်စွမ်းသလောက်
လုပ်ဆောင်ပြုမှုတတ်ကြပါသေးသည် စောင့်ရှောက်တတ်ကြသေးသည်။
လူလောက လူဘောင်တွင် လူတို့သည် လူသားများဖြစ်နေ၍ အသိဥာဏ်ပညာ
ပိုမိုကြီးမား သည့်အလျှောက်  ဆင်ခြင်နိုင်စွမ်းရှိကြပါသည်  ဥာဏ်မြေကတုတ်
ချွန်းနှင့်အုပ်၍ 
ထူးချွန်ထက်မြက်  လိမ္မာယဉ်ကျေး နိုင်ကြပါစေ  လူသားအချင်းချင်း
ကူညီစောင့်ရှောက်နိုင်ကြပါစေဟု ဆန္ဒပြု ဆုမွန် တောင်းပေးရင်း
တန်ဘိုးရှိသော လူသားများဖြစ်နိုင်ကြပါစေ............
အချိန်သည်  တန်ဘိုးရှိ၍   တန်ဘိုးရှိသော အချိန်များစွာကို  ပိုင်ဆိုင်နိုင်ကြပါစေ...
အနတ္တ သတ္တ၀ါအားလုံး ဘေးရန်ကင်းရှင်းကြပါစေ
ကျန်းမာပျော်ရွှင်ကြပါစေ
Friday, January 18, 2013
ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား (မောင်သစ်ဆင်း)
ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား (မောင်သစ်ဆင်း)
----------------------------------------------------------------------------------
ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”ဆောင်းပါးကို သင်ပြီးစပေါ့။
... မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။
တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား လာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာ မယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။
မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့ မရဘဲ ဗျာများနေခိုက် “ဟဲ့.. ငလွင် မရသေးဘူး လား”လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ဘဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။ “ငလွင်.. လာခဲ့”လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့် အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ် ၀င်သွားပါသတဲ့။ “ဟဲ့.. ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့ မလဲ”လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခု က စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့ အဓိပ္ပာယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံဘဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး အတန်းရှေ့ထွက်ခိုင်းပါတယ်။ နောက်ဆုံး ခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ့ကျောင်းသားကို ပေးလိုက်တယ်။
“ဒါ မင့်အဖြေလား”
“ဟုတ်ပါတယ် ဆရာ”
“အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း”
နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။
မှတ်မိသလောက်ဆိုရင်တော့ စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူ မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက်အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာ ရှိကြောင်း၊ ဘုရားသားတော်တို့ မည်သည် ရသ တဏှာဖြင့် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေး လိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း..
အဲဒီလိုတွေ ဖြေထားတာဗျ။
တစ်တန်းလုံးကတော့ တခိခိနဲ့ရယ်ကြတယ်။ သူတစ်ကြောင်း ဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါဘဲ။ ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ ကိုမေးတယ်။
“မင်း ငါ့ကို နောက်တာလား”
“ဟာ.. မဟုတ်ဘူးဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ။”
“ကဲ.. အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်ဆီ မေးမယ်၊ ကဲ.. မင်းကစ၊ သူဖြေတာ
မှန်သလား မှားသလား”
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာဘဲ။ ဒါပေမယ့် သူ့ လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုဘဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။
“ဟေ့ကောင် ဖြေလေကွာ”
ရှေ့ ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင် ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်လို့ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက “မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး”လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါဘဲ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။
“သူဖြေတာ မှားပါတယ်”
“ဟုတ်ပြီ၊ နောက်တစ်ယောက်”
“မှား.. အဲ.. မှားပါတယ်”
“နောက်တစ်ယောက်”
“မှားပါတယ်”
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။
“မှားပါတယ်”
အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကို စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း အဲဒီလိုဘဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပါဘဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေသလိုဘဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုဘဲ ခံစားနေရမှာပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ သူ့ လို မဖြေရဲခဲ့ရတာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရတာလဲ။
မောင်သစ်ဆင်း
------------------------------------------------------------------------------
Monday, December 31, 2012
၂၀၁၃မှာ အမှန်မြင် အမြင်မှန်ကြပါစေ..
♥♥သူလူနဲ့   ငါ့လူ♥♥
 မှားနေတာကိုကျိုးကြောင်းပြညွန်  ပြောဆိုဆုံးမလိုက်ရင်
ဆုံးမမှန်းသိတယ်ချက်ချင်းပြင်တယ်
 သိတာကိုချက်ချင်းပြင်ရင်  လူလိမ်မာခေါ်တယ်
 သိနေရက်နဲ့ရှေ့ဆက်မိုက်ရင်  လူမိုက်ခေါ်တယ်
 သိသိကြီးနဲ့      မသိဟန်ဆောင်သူကို သူရူးခေါ်တယ်
 ဒါကြောင့်ရူးချင်ယောင် ဟန်ဆောင်သူတွေများတယ်
 အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစားပေါတယ်
 အုပ်စုတွေကွဲ ဒုတ်ဆွဲ ဓါးဆွဲပေါတယ်
 ဟန်ဆောင်လောကမှာ ရန်ထောင်တတ်သူပေါတယ်
 သူခေါင်းစဉ်အောက်ကိုဝင်ရင် သူသဘော
 သူအကြိုက် သူကြိုးဆွဲရာ ရွှေ့ပေးရတာ ထုံးတန်းစဉ်လာကိုဖြစ်လို့ပေါ့
 စည်းကမ်း   =//   စည်းဆိုတာ ကမ်းနေရင်
 အယ့်စည်းကမ်းက ကမ်းနေရော
 ကမ်းဆိုမှတော့
 ကိုယ်ခင်မင်ရာကိုယ်အရင်ကမ်းမိတတ်တာလူသဘောလေ
 ကန်းနေတာကိုး  ကမ်းမိနေတတ်တယ်
 သတ်ပုံမှားတဲ့ခေတ်မှာ ကန်းချင်ရာကို အလိုက်သင့်ကမ်းတတ်တာ
 ဓလေ့ထုံးတမ်း အစဉ်အလာကိုဖြစ်လို့ပေါ့
 ကန်းချင်ရောင်ဆောင်ပြီး ကမ်းမိတာလား
 ကမ်းချင်လို့ကမ်းလိုက်တာလားဆိုတာ
 ကန်းသူမှပဲသိမှာပေါ့ ဘေးကကြည့်နေမြင်နေမိတာတော့
 ကမ်းချင်သူကိုသာ ကန်းနေတာ
 မြင်သိသူက မြင်ရဲ့နဲ့သိနေပါရဲ့
မမြင်ချင်ဟန်ဆောင် လက်ဆင့်ကမ်းပြီး ကန်းနေရော
 ဒါကြောင့်မြတ်စွာဘုရားမှ စုံလုံးကန်းတွေမဖြစ်စေနဲ့တဲ့
 ခင်ရာမင်ရာနောက်လိုက်ပြီး စုံလုံးကန်းရင် အပ္ပါယ်သာသွားရမယ်တဲ့
 သေသည့်သူများအားလုံးဟာ မိမိခင်ရာမင်ရာကို
 စွဲလန်းငြိတွယ်သေကြတော့
 ရောက်မိရောက်ရာရောက်ပြီး
 ခုဘ၀လဲ သူမှသူ ဒီခွေးလေးမှငါ့ခွေး ဒီကလေးမှငါ့ကလေး ငြိတွယ်မိနေတာတဲ့
 အယ့်တော့ငြိတွယ်ပြီး ဒီဘ၀လဲ စုံလုံးကန်းမဖြစ်ရအောင် သူမှသူ
 ငါ့ကလေးမှငါ့ကလေး
 ငါလူမှငါ့လူ
 ဆိုတဲ့ဒိဌိသက္ကာရလေးဖြုတ်တတ်အောင်ကျိုးစားပြီး
 တဏှာ နည်းနိုင်သမျှနည်းပါးအောင် နေထိုင်ကျင့်ကြံရမယ်တဲ့
 သူလူ  ငါ့လူတို့   အတွက်
 သတ္တ၀ါအားလုံး ဘေးရန်ကင်းလို့
 အမှန်မြင် အမြင်မှန်ကြပါစေ..
.
Monday, December 10, 2012
````တွေးမိတဲ့စိတ်````~~~~~~~သူတို့တည့်ပါသည်...
~~~~~~~````တွေးမိတဲ့စိတ်````~~~~~~~သူတို့တည့်ပါသည်......~~~~~~~~~~~~~~~~~~~~~~
Aug 2, '10 8:00 AM
for everyone
သူတို့တည့်ပါသည်......
View Photos Animation Pics Photo Sharing
ရောက်တတ်ရာရာအတွေးများ မေတ္တာဆိုတာ
လူတွေနားမလည်ဘူးတိရိစ္ဆာန်တွေနားလည်တယ်  တော်တော်လေးကိုနားလည်တယ်  နိုင်းယှဉ်ကြည့်တဲ့စိတ်က၀င်လာတယ်..
တွေးတာဘဲလွဲနေတာလား.ဒါပေမဲ့ အမှန်ဖြစ်နေတယ်....
မသိတဲ့လူကတော့..ဘာပြောနေတာလည်း
ထင်ကောင်းထင်မှာပေါ့နော်.
ရူးနေလားမေးမယ်..လူကမေတ္တာတရားကိုနားမလည်ဘူးဆိုတော့...
နာချင်လည်းနာကျလိမ့်မယ်..ကိုယ့်အတွေးကဘဲ..တဖက်စွန်းရောက်နေတာလားးး
စိတ်တွေ   မွန်းကျပ်လာတော့  တွေးမိတွေးရာ   ရေးမိရေးရာရေးထားမိတယ်။
ခွေးလေးတွေ သူဘာသာရောက်လာပြီး  အိမ်နောက်မှာလာနေတယ်..
အလုပ်ရုံ
မှာလာနေကြတယ်...
ခွေးလေးတွေကို   ကိုယ်ထမင်းစားနေရင်သူတို့ ကို
ကျွေးဖို့တန်းသတိရတယ်
နေ့တိုင်း
လည်း           ကိုယ်စားသလိုဘဲ        တစ်နေ့၂ခါကျွေးတယ်....
သိတ်လိမ်မာတယ်   ခွေးဖြစ်ေ
နလို့သာ...
လမ်းပေါ်က   ခွေးလေးတွေ ပါ   ၀ယ်ထားတဲ့ခွေးမပါဘူး   အိမ်မှာလူမရှိ
ိလည်း
အိမ်ရှေ့ အိမ်နောက်လာအိပ်ေ
ပးကျတယ်  အပေါက်ဝကိုပိတ်ပြီးစောင့်အိပ်ကျတယ်.
လူထက်တောင်  နားလည်တယ်လို့ခံစားရတယ် ။
ကြောင်လေးတွေလည်း  သူများလာပေးထား
တယ်
ကြောင်သားပေါက်လေးတွေ  မွေးနေလို့   ခရီးထွက်စရာရှိလို့  လက်ခံထားပေး
ပါနော်ဆိုလာပေးလို့   လက်ခံထားပေးလိုက်ရတယ်...။
ကြောင်မကြီးက ရောက်ပြီးမကြာဘူး..
အလုပ်ရုံကရှေ့တံခါးပေါက်ပိတ်ထားမိတော့
သူကလေးလေးတွေ        ဆီပြန်လာတဲ့ အချိန်မှာ     ဘေးက
ခွေးတွေဝိုင်း   ကို
က်လို့သေတယ်။
အလုပ်ရုံမှာလာနေလို့    ကျွေးမွေးထာ
းတဲ့ ခွေးမလေးနီမက.ကြောင်ကလေး
သုံးေ
ကာင်   ပေါက်စိလေးတွေအော်နေတော့.....
နို့တွေသက်လို့   ထွက်ကျလာတယ်  ကုတင်ပေါ်မှာ ကြောင်လေးသုံးးကောင်
အော်နေတော့  ခွေးမလေးနီမကြည့်ရင်းနို့တွေ        သံမန်တလင်းပေါ်စိမ့်ကျလို့
ဒါနဲ့   ကြောင်ပေါက်စလေးတွေကို နီမ     နို့တိုက်ကြည့်တော့        ကြောင်လေးတွေ
သူတို့ပါးစပ်ပေါက်က     သေးသေးလေးနဲ့
  မစို့တတ်ဘူးဖြစ်နေတယ်။
ခွေးမလေးနီမက.. ကြောင်လေးတွေကို
         နမ်းပြီး   တအီအီလုပ်နေတယ်....
ကြော
င်လေးတွေနဲ့   ခွေးတွေ ဆော့ဖော်ဆော့ဖက်ပေါ့  ဆောင်းတွင်းဆိုလည်း တစ်ခါတစ်ခါါမီးလှုံနေရင်အတူတူ        သူတို့ကပ်အိပ်နေကြတယ်။
တစ်ခါတစ်ရံ ခွေးလေးတွေရှေ့သွားပြီးးပွတ်သပ်
လို့  ကြောင်လေးတွေက
တညောင်ညောင်လုပ်တတ်သေးတယ်။
သူတိုချြင်းတော့        ခွေးနဲ့ကြောင်သာ
ဆိုတယ်      ချစ်ချစ်ခင်ခင်ဖြစ်နေကျတယ်...
.တစ်အိမ်ထဲနေပြီး   လူတွေလိုရန်မြ
ဖစ်ကျဘူး...
တစ်ကောင်နဲ့       တစ်ကောင်
ကိုက်သတ်တာမလုပ်ဘူးးးး
တကယ်အြံသဖို့ကောင်းပါတယ်။
ကြောင်လေးတွေ    တအားဆော့နေရင်  သူတို
့ကိုဒုတ်တစ်ချောင်းနဲ့တစ်ခုခုကို
ရိုက်ပြလိုက်ရင်      သူတို့ငြိမ်ကုန်ရော         သိပ်ချစ်ဖို့
ကောင်းပါတယ။်
 သူများတွေက ကြောင်တွေကနေ  ရောဂါရတယ်တဲ့  လာပြောတယ်
အင်းးဟုတ်ကဲ့ပါ   ကြောင်
တွေကနေလည်း       သွေးတိုးတာပျောက်တယ်
စာအုပ်ထဲလည်း    ဖတ်ရဘူးတယ်လို့ပြော
မိတော့        အေးပါဗျာ
စေတနာနဲ့ ပြောတာပါဆို     ဆက်မပြောတော့ဘူး။
ဘယ်နှယ်လုပ်မလည်း ရောဂါရလို့ဆြို
 ပီး    ကြောင်လေးတွေ  ဘယ်သွားလွင့်ရမလည်း။
ကိုယ်ကခရီး    ခဏခဏ   သွားဖြစ်တော့ပြန်
ရောက်တာ  နဲ့တွေ့ရင်သူတို့လေးတွေ
အရင်ဆီးကြိုကျတာလေ    ငေါက်လည်းမရဘူး။
ခွေးလေးတွေက   အတင်းဖက်တက်တာ       ခြေထော
က်ငုံထားတယ်...ထိုင်လိုက်တာနဲ့
သူတို့လက်နဲ့ ခြေထောက်ကို  လှမ်းတို့နေတော့တာ.
..
သူတို့ကိုအရင်ပြောမှ  အရေးလုပ်
မှငြိမ်ပြီး     အေးဆေးသူတို့        နေရာသူတို့ပြန်တာကြောင်လေးတွေကလည်း   ပေါင်ပေါ်လုတက်   ထိုင်ကြတယ်။
အိပ်ရင်  ဘေးနားလာကပ်အိပ်တယ် လက်မောင်းပေါ်မှာ
အိပ်တတ်  တဲ့ကြောင်လေးလည်းရှိတယ်..ြေ
ကာင်လေးတစ်ကောင်က.
ဘုရားရှစ်ခိုးရင်  ဘေးကနေစောင့်ေ
နတတ်တယ်...
ကြောင်လေး သုံးကောင် သူတိုချစ်ဖို
့     သိတ်ကောင်းတယ်...
တစ်ခါက သနပ်ခါးကျောက်ပြင်အောက်ကိ
ု  ကြောင်လေးတွေဝိုင်းပြီး     လက်နိုက်လိုက်
တာ  မြွေသေးသေး     တစ်ကောင်ခွေနေတာလေ
သူတို့တွေဝိုင်းနေတာကို  ငေါက်လို
က်ပြီး မြွေလေးမောင်းထုတ်လိုက်ရတယ်.။
ခွေးလေးတွေကလည်း     လိမ်မာတယ်ညဘက်ဘယ်အချိန်ထွက်ထွက်
ဘေးကနေမခွ
ာဘူး     တစ်ခါကဆိုမြွေကိုသူတို့  တွေ့တယ်  ဟောင်နေလို့ ကျွန်မရဲ့ရှေ့ကနေပိတ်ထားတာ ကြည့်လိုက်တော့      မြွေဖြစ်နေတယ်....။
ဘာမှမလုပ်နဲ့ သူဘာသာသွားနေတာလာခဲ
့  မကိုက်ရဘူးနော် ရိုက်မှာနော်ဆိုနားလည်တယ်။
တစ်ခါကဆို  တမာပင်အောက်     ကုတင်မှာ
   ညဘက်ထွက်အိပ်တာ
ခွေးတစ်ကောင်က       ခြင်ထောင်အပြင်ကေ
န      နှုတ်သီးနဲ့ထိုးနေတာ ဒီခွေးတော့ ကွာဆိုပြီး  
သူ့ကို ငေါက်မို့ခြင်ထောင်  အပြင်လည်းထွက်လိုက်ရော     
 ``အော်.
``
အပြင်ဘက်မှာ  မိုးဖွဲလေးတွေကျနေတာ
ကိုး
ဒါကြောင့်ဒီကောင်ကလာ   နိုးတာနေမှာ
     ဆိုပြီးသဘောကျသွားတယ်.
ကုတင်    ပတ်လည်
မှာသူတို့      စောင့်အိပ်ပေးနေကြတာ
သိပ်သိတတ်
တယ်       ဒါတောင်ကိုယ်   မွေးထားတာ မဟုတ်ဘူးနော်
အလုပ်ရုံမှာ  ရောက်လာလို့     ကျွေးမွေ
းထားတာ...။
ခွေးလေးတစ်ကောင်ဆို      လူစကားနားလည်
တယ်   တောင်ထင်ရတယ်....
ကိုယ်ဘာသာ    ဒီလူခဏခဏလာနေတာ ငါမကြို
က်ဘူး ကြည့်လို့ကိုမရဘူး
ပြောလို
က်ရင်..နောက့်တစ်နေ့ကိုက်ပြစ်ရော  ခဏခဏဒီလိုကြုံတော့..
သူကခွေးသာဆိုတာသိနေတော့သူ့ရှေ့ဘာမှမပြောရဲဘူး။
သိပ်သိတတ်တယ်  ကြက်တွေကို ခွေးတစ်ေ
ကာင်ကဆို  အရှင်ချီချီလာတတ်တယ်..။.
ပြန်လွတ်ရတယ်  တောလိုက်ခွေးကျနေတာ
ဘဲလေ..
ဘေးနား သူများတွေက  သူတို့  ကြက်ပျောက်ရင်  ကိုယ်က     အလျှေ
ာ်ပေးလွတ်ရတယ်...
သူတို့က   သေအောင်မကိုက်ဘူးဆိုတာ       သိ
နေပေမဲ့      လူခိုးစားရင်
ဒီအလုပ်ရုံမှာနေတဲ့ခွေးချီတာ  ဆို
ပြီးလာပြောတော့ အလျှော်ပေးလိုက်ရတော့တာပေါ့....
ဒီခွေးတွေကိုဘယ်သွား
လွင့်ရမလည်းနော်..။..
အသိညာဏ်ရှိတယ်    စောင့်ရှောက်တယ်..
.
တစ်ခါကျွန်မ  တော်တော် နေမကောင်းဖြစ်တာ
နဲ့ရေစီးမြောင်းထဲအင်္ကျီ
  ခြေသည်းလက်သည်း   ကိုယ်စားသွားစွန့်ပါဆိုတာ  လွှင့်ဖို့သွားတော့
ဘဲ      သေးသေးလေး   တစ်ကောင်
ရေထဲ ကူးနေတာလိုချင်လိုက်တာ   ရေထဲ
က  ဘဲလေးကိုလို့ပြောမိတယ်.....
ဘေးနားမှာလည်း ကလေးတွေက  ဘဲလေးကို
ကြည့်နေကြတယ်
ဟုတ်တယ်  သားတို့လည်းလိုချင်တယ်
  မဖမ်းရဲဘူးတဲ့
အေးမဖမ်းနဲ့နော်  ရေမြောင်းထဲကျ
ရင်  ရေစီးနဲ့ပါပြီး  သေလိမ့်မယ်
ကိုယ်အိမ်ကြို
ပန်ကျတော့လို့ပြောပြီး   ကိုယ်စားပါလာတဲ့  အ၀တ်ထုပ်ကို
လွှင့်ခဲ့ပြီးပြန်လာခဲ့တယ်...။
အဲ့
တော့    နောက်နေ့ကျတော့     ဘဲလေးက   အလုပ်ရုံထဲ ရောက်နေတယ်
တော်တော်အံသြသင့်ရတယ်..။.
ခွေးသုံးကောင် ကြောင်သုံးကောင်ြ
ကား အလုပ်သမားတွေကြားထဲ သူကရောက်နေတယ်။
ကုတင်အောက်ထဲဝင်နေတယ်..ဒီဘဲလေး
ဘယ်လိုရာက်လာတာလည်း       စဉ်းစားလို့ကိုမရဘူးဒါနဲ့ အလုပ်သမားလေးကိုခေါ်ပြီးကုတင်အောက်ဝင်ဖမ်းခိုင်းလိုက်ရတယ်....။
သူက  ရေကူးနေတဲ့ကောင်ဆိုတော့   ရေဇလု
ံလေးချက်ချင်းလုပ်ပေးလိုက်ရတယ်.....
သိတ်သိတတ်တယ်  ခွေးတွေ  ကြောင်တွေ
ကလည်း မကိုက်ဘူး..
ထမင်းကျွေးရင်လည်း ဘဲလေးက အဟောင်း
ဆိုမစားဘူးသူ့ပန်ကန်ထဲက
လက်ကျန်ထဲ အသစ်ရောပေးမှစားတယ်..
နေ့ခင်း၁၂နာရီဆိုသူပန်ကန်ထဲ မနက်ကထမင်းရှိလည်း  ဘဲလေးကထမင်းချက်တဲ့နေရာထိ  ကိုဝင်လာပြီး
အစာ
အသစ်မထည့်မချင်း ပြန်ထွက်မသွားဘူးး။
၅နာရီဆိုတစ်ခါထပ်လာပြန်ရော. .နာ
ရီကိုသူက     မှတ်ထားတာကျနေတာပဲသူထမင်းလာတောင်းရင်  အချိန်ကိုမှန်နေတာပဲ  ကြောင်လေးတွေ  ခွေးလေးတွေကို
ိုဆေးလာထိုးတဲ့ တိရိစ္ဆာန်       ဆေးကု   ဆရာဝန်မ       ခွေးလေးတွေကိုဆေးလာ
ထိုးတော့မှ...ဆရာမရယ်သူကတအားသိတတ်တယ်
ဘာ    အမျိုးအစား
  ဘဲ လေးလည်းမသိဘူးနော် ဆိုတော့ဆရာဝန်မကကြည့်ပြီး´´ဟသာင်္လေး``လေ.အမ.ရေဆိုတော့မှသိတယ်...။
ဘဲ  တော့  ဘဲ      နော့    အမျိုးအစားကိုယ်က မသိ
ဘူးလေ  ဒါကြောင့်လိမ်မာတာနေမှာ
ကြီးလာရင်တော့အတောင်ပံညှပ်ပေးရတယ်နော်။
မညှပ်ပေးရင်ပျံသွားလိမ့်မယ်နော်တဲ့ဆရာဝန်မပြောခဲ့တယ်။
ဘဲလေးနာမှာ ဆိုးလို့မညှပ်ပေးပါဘူးးး ။
တစ်နေ့ ကျတော့သူပျံတာ    တော်တော်ကြည့်  ကောင်းတယ်..
ဒီလိုပျံနေတာကို.. အတောင်ပံမညှပ်
ပဲ လွတ်လပ်စွာ  ထားလိုက်တယ်......ဘဲလေးအစာစားချိန်   ပျောက်နေတယ်  ညကလည်းမတွေ့ဘူး.......
ဟိုရှာဒီ
ရှာလုပ်ရတော့တာပေါ့....ရင်ထဲလည်း    တစ်ခုခု..ခံစားနေရတယ်...။
ဒါနဲ့၃ရက်လောက်ကြာတော့သူများ
 အိမ်အောက်ထဲက ဘဲတွေနဲ့သွားနေ နေတာလေ..အိမ်ရှင်ကသူ     ဘဲမဟုတ်တော့  သူ့အိမ်အောက်မှာ  ဘဲခြံထဲလည်းထည့်ထားတယ်..ခြေထောက်ကြိုးတုတ်ထားတယ်..။
လြာေ
ပာတဲ့   သူကလည်း   အရင်သူတို့အိမ်မှာဘဲလေး၅ကောင်ဘဲရှိတာတဲ့ 
ဒီတစ်ကောင်ကိုကြိုး ချီထားတာ     ၂ရက်
လောက်ရှိပြီပြောတယ်....
ဘယ်ရမလည်
း  ချက်ချင်းသွားခေါ်တာပေါ့..။
အိမ်ရှင်တွေလည်းမရှိဘူး..ဘဲခြံ
ထဲမှာလည်းကြိုးချည်ထားတာ  တစ်ကောင်တွေ့တယ်..
.ကြိုးဖြုတ်ပြီးပြန်ခေါ်ခဲ့.လိုက်တယ်..ေ
ဘးအိမ်ကိုတော့ မှာခဲ့တယ်...
ဒါ
ကျွန်မဟင်္သာလေးလို့  သူကိုပြန်ခေါ်သွားပြီနော်..။
.
အိမ်ရှင်လာလို့ရှိရင်သူတို့ဘဲေ
လးဆိုလာပြန်ယူဖို့ပြောပေးနော်..မမခေါ်သွားပြီဆိုပွေ့ခေါ်လာရတယ်...
အတောင်ပံတွေလည်း  ညှပ်ခံထားရတယ်ေ
လ....
ကျွန်မ...........ဘဲလေးကို ရင်ထဲပွေ့ခေါ်လာ
ရင်း ပြောမိတယ် ကောင်းတယ်.
နင်လည်ချင်တာကိုး  ကိုယ်ဘာသာ ပျံမလာတတ်
ဘူးလား.နဲ့စကားတွေဆိုနေမိတယ်..ဘဲဟင်္သာလေးကလည်း..
မမ..လက်မောင်းကိုသူ့နှုတ်သီးနဲ့မနာအောင်ဆိတ်ပြီး
သူသတိရကြောင်းပြောနေသလိုခံစားေ
နရတယ်..။.
တရိစ္ဆာန်ဆေးကုလာတဲ့ ဆရာဝန်မကပြောတယ်...သူဥချင်လို့ဝပ်ကျင်းရှာတာနေမှာ
ဒါနဲ့သူဥလေးတွေ  မြေပေါ်ဥချတော့  ကောက်ပေးပြီးဝတ်ကျင်းလေး  လုပ်ပေးရတယ်...
ဟင်္သာဘဲပေါက်စလေးတွေ  ပေါက်လာေ
တာ့လည်း..ရေဇလုံတန်းထားပေးရတယ်..။.
သူကလေး ဟင်္သာဘဲပေါက်စလေးတွေက  ဥက ပေါက်ပေါက်ခြင်းခဏပဲ
သူအေ
မရင်ခွင်အောက်နေတာ။
တအောင့်လော
က်ကြာတော့ ရေဇလားထဲကူးခပ်နေကြတာ..တော်တော်ချစ်စရာကြည်နူးစရာမြင်ကွင်းပါ.......။
တစ်ခါအလုပ်ရုံရှေ့သစ်ပင်ပေါ်မှာ
မနက်တိုင်း လာလာသာတဲ့ ရွှေကျီးလေးတစ်ကောင်ရှိတယ်....တစ်နေ့ရွှေကျီးလေး  နေမကောင်းဖြစ်တယ်...
ကျွန်မကော်ဖီသောက် ဘီစကွတ်မှုန့်
စားနေတဲ့ကွပ်ပြစ်ရှေ့ထိရောက်လာတယ်....
ခွေးကလည်း ရွှေကျီးကန်းလေးကိုကိုက်ဖို့လုပ်နေတယ်
ြေ
ကာင်ကလည်းခုပ်ဖို့လုပ်နေတယ်....
ကျွန်မကော်ဖီ သောက်ချိန်ဆို ခွေးတွေကြောင်တွေက ဘေးနားကနေအစာစားပြီးရင်
သူတို့ကိုေ
ကျွးတာ ထိုင်စောင့်နေကျ  သူတို့လည်းဘီစကွတ်မှုန့်..
တို့
အီကြာကွေးတို့ကြိုက်တယ်လေ...။
ဒီကြားထဲ  ကိုရွှေကျီးကန်းလေးက  ခု
န်စွခုန်စွနဲ့  ရောက်လာတယ်..
ခွေးတွေ ကြောင်တွေကို မြေ
ကာက်ဘူးဒါနဲ့
ခွေးတွေကြောင်တွေ  မောင်းထုတ်ပြီး
သူ့ကိုဖမ်းရတော့တာပေါ့..
ဘီစကွတ်
ချကျွေးတော့နဲနဲပဲစားတယ်..အင်းဒီကောင် နေမကောင်းတာနေလိမ့်မယ်
ဆိ
ုပြီးဆေးတိုက်ထားလိုက်ရတယ်....။
ရွှေကျီးကန်းလေး  သက်သာတော့  ခုန်စွ
ခုန်စွနဲ့ သူကျွန်မနားပျံလိုက်
မီးဖိုထဲနားလိုက်  ကွ
ပ်ပြစ်အောက်နေလိုက်...အိမ်ထဲဝင်လိုက်နဲ့ပေါ့တစ်နေကုန်လာနေတယ်...
ညနေစောင်းတော့မှမောင်းထုတ်ရတယ်.
...
ရွှေကျီးရေ သစ်ပင်ပေါ်မှာနေ..ညဆိုငါက အိပ်
ပျော်နေရင်ခွေးက နင့်ကိုစားလိမ့်မယ်နော်
ကြောင်ကခုပ်
မယ်ဆိုပြီးမောင်းတော့...သစ်ပင်ပေါ်ပျံတက်နေတယ်....။
ဘေးနား ပတ်ဝန်းကျင်က  ခင်ဗျားအလုပ်
ရုံကလည်း တိရိစ္ဆာန်ရုံကျနေတာဘဲတဲ့..
တိရိစ္ဆာန်ချင်း မျိုးမတူဘဲနဲ့ ရန်ဖြစ်တာကိုက်တာ
မရှိဘူးတူတူ  နေကျတာနော်အံ့သြသင့်
ဖို့လည်းကောင်းတယ်..
ထူးထူး ဆန်း
ဆန်း လည်းဖြစ်တယ်.. သူများတွေကလာပြောကြတယ် 
ကျွန်မတို့အိမ်မှာကလေးတွေ     ရန်ဖြစ်ရင်တောင်
မှ..
ဟဲ့  ခွေးတွေ ကြောင်တွေ ဘဲတွေကတည့်တယ်
မင်းးးတို့ကလူဖြစ်ပြီးဘာလို့ မတည့်လည်း မေးရတယ်..
မမ..ေ
ရတဲ့..
အပင်ပေါ်မှာလည်း  ပျားအုံရှိတယ် မတု
တ်ပါဘူး..
သစ်ပင်မှာလည်း မြွေဖြူေ
လးရှိတယ်  မပေါက်ပါဘူး...
ခုကျွန်မထိုင်နေတဲ့  တမာပင် အပေါ်လက်တကမ်းမှာပဲ..
သစ်
ကိုင်းလေးပေါ်မှာ  ငှက်ကလေး  အသိုက်လုပ်ထားတယ်..
သစ်ကိုင်လေး  ခဏဆြွဲ
ကည့်လိုက်  ဥလေးတွေ့လိမ့်မယ်နော်...
လူနဲ့နီးနီးလေး  လာနေကျတာလေ...သူတို့ကနားလည်တယ်..
မေတ္တာတရားကို
ခံစားတတ်တယ်   နားလည်တယ်....
လူတွေကတော့...ဒီလိုမဟုတ်ဘူးလေနော်..
ဘာလို့
မတည့်လည်း     မေတ္တာ.တရားကိုဘာလို့သူတို့  ယူရမှန်းမသိ
ပေးရမှန်းမသိ     လူဖြစ်ပြီးဘာလို့     နာ
းမလည်သလည်းးးးး...
စဉ်းစားေ
နမိတယ်.............။
တစ်ယောက်နဲ့  တစ်ယောက်ဘာလို့မစော
င့်ရှောက်သလဲ လူသားခြင်း
ဘာလို့မတည့်လည်း။
တစ်ကောင်နဲ့တစ်ကောင် တိရိစ္ဆာန်ေ
လးတွေကမျိုးမတူပဲ တည့်တယ်နော်.......
မခေါ်ဘဲနဲ့ရောက်လာတယ်...တိရိစ္ဆာ
န်လို့သာပြောရတာ....
အမျိုးမတူပဲတည့်ကျတယ်..ချစ်ခင်
ကျတယ်...
.
~~~~~~~~~~~~.လူတွေကတော့~~~~~~~~~~~~.u ~
~~~~~~~~
? ? ? ? ? ? ? ///.. ///.  >>>>  x x x x     + + + + + %%%%% - - -
- - `
9 CommentsChronological   Reverse   Threaded
stoneinstomach wrote on Aug 2, '10
မမရေ
ဖတ်လို့ကောင်းလိုက်တာဗျာ။
မမကစိတ်ကြီးသလို
မေတ္တာတရားလည်းကြီးတယ်နော့။
yinminkhine wrote on Aug 2, '10
မမရေ
ဖတ်လို့ကောင်းလိုက်တာဗျာ။
မမကစိတ်ကြီးသလို
မေတ္တာတရားလည်းကြီးတယ်နော့။
သေချာတာပေါ့.....
ဒါတကယ်ဘေးနားမှာရှိတဲ့
တိရိစ္ဆာန်လေးတွေပါ။
ငယ်ငယ်တုန်းကဆိုဘုရားစင်မှာ လိပ်ပြာလေးတွေအများကြီးနေတာ
ဥတွေလည်းဥပေါ့..အရောင်လေးတွေမျိုးစုံ...နေတာပဲ..
ဒါကြောင့်လိပ်ပြာလေးတွေကိုလည်းချစ်တယ်...
sayarkyaung wrote on Aug 2, '10
အတော်ဖတ်လို့ ကောင်းတယ်ဗျာ .....ဂွတ်ထ
ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
yinminkhine wrote on Aug 2, '10
အတော်ဖတ်လို့ ကောင်းတယ်ဗျာ .....ဂွတ်ထ
ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
သတိရလို့ညကအိပ်မပျော်ဘူးးးးးး
သူတို့အကြောင်းလေးတွေ ခေါင်းထဲရောက်လာတာလေ..
ဒါနဲ့ရေးထားလိုက်တာပါ။..ကျွန်မအလွမ်းပြေပေါ့။
kotunwinlatt wrote on Aug 3, '10
ဖတ်သွားတယ်ဗျာ....
yinminkhine wrote on Aug 3, '10
ဖတ်သွားတယ်ဗျာ....
အားပေးမှု့လေးစား၏
mahaythi2010 wrote on Jun 10, '11
ဟုတ်မမ .... ဖတ်သွားပါတယ်နော် .... မေတ္တာတရားဆိုတာ ... တန်ဖိုးဖြတ်လို့ မရတဲ့ အရာပဲနော် .....
yinminkhine wrote on Jun 10, '11, edited on Jun 10, '11
ဟုတ်မမ .... ဖတ်သွားပါတယ်နော် .... မေတ္တာတရားဆိုတာ ... တန်ဖိုးဖြတ်လို့ မရတဲ့ အရာပဲနော် .....
မှန်လိုက်တာ
ဘာသာမရွေး လူမျိုးမရွေး
မေတ္တာသာကိုင်ဆောင်ထား
ကမ္ဘာကြီးအေးချမ်းတာပေါ့
saezarlwin wrote on Feb 14
so good