Pages
Showing posts with label ကဗ်ာ. Show all posts
Showing posts with label ကဗ်ာ. Show all posts
Monday, August 21, 2023
မင်းအတွက်
💞💖 💞💖 မင်းအတွက်
အကောင်းဆုံးကို ငါပေးဆပ်ပါမယ် အချစ်ရေ
 💞💖 ငါ့အချစ် 
တစ််ယောက်ကို တစ််ယောက််လေးစားမှု့
သစ္စာ ရှိမှု့က အရာရာထက်သာတယ်
 သစ္စာ ရှိတဲ့ဆက်ဆံရေးဟာ 
အဖိုးတန်တဲ့
သူတွေဆီကမှ စတာပါအချစ်ရေ
 💞💖 💞💖 
💞💖မင်းအတွက် ကာင်းဆုံးတွေ ငါပေးဆပ်ပါ့မယ် ငါ့အချစ်ရယ် 💞💖 ငါ့အချစ်ရေ တစ်ယောက်ကို တစ်ယောက် လေးစားမှု့နဲ့ သစ္စာရှိမှု့က အရာအရာထက်သာတယ် သစ္စာရှိတဲ့ဆက်ဆံရေးက သစ္စာရှိသူတွေဆီက စတာပါ ငါ့အချစ်ရယ် 💞💖 မ..မ💞💖
ငါပဲမှားတာ ဖြစ်မှာပါ
💝ငါပဲမှားတာဖြစ်မှာပါ💘 ရင်ကချစ်ခြင်း....ပေါ်လွင်လွန်းတော့ ကဗျာလေးမှာ အချစ်ပါတယ် အချစ်မှာ အလွမ်းပါတယ် အလွမ်းမှာ မျက်ရည်ပါတယ် ချစ်ခြင်းပြိုင်ရင်..ပိုချစ်တတ်သူ ရင်နာကြေကွဲ ချစ်မိသူက အပြစ် ရှိနေတာ အပြစ်ဆိုရင်ချစ်လွန်လွန်းလို့ သူကိုမပေး အပြစ်ဟူသမျှ ငါယူလိုက်မှာ ငါပဲမှားတာဖြစ်မှာပါ။ လူသားတိုင်းမှာ ကိုယ်ချစ်ခဲ့တာ ကိုယ်ကလွဲလို့ ဘယ်သူမှမသိပါ နောင် ဘ၀မှာ ဆုံခဲ့ရင် နောင်ဘ၀မှာ ထပ်ချစ်နေမှာထင်ပါတယ် အတိတ်ကို တမ်းတ လွမ်းမောစရာပြည့်နေတယ်.. မေတ္တာ သံယောဇဉ်ချစ်ခြင်းပေါင်းစပ် နွယ်ပင်အလား ကပ်နေတယ် ချစ်မိတဲ့လူ အတိတ်ဘ၀ သိသူ လွမ်းနေတယ် အချစ်ဆိုတာ ပျားရည်လိုချို ချိုတဲ့ပျားရည် ဓားသွားပေါ်မှာအလွမ်းအဆွေး အတွေးသံသရာ ရစ်နှောင်တွယ်လို့ ငါလွမ်းနေတာ အိမ်မက်ထဲထိ နှောင့်ယှက်နေတာ စိတ်ကူးတိုင်းလည်း မင်းဖြစ်နေတာ ချစ်သူသိစေ မြင်ကြည့်လေနော် ငါ့နှလုံးသားလေး တရားဖက်လည်း ဆုတောင်းနေတာ မင်းအတွက်မို့ ငါမှားနေတာ..ငါ့အမှားသာဖြစ်မှာ ပါ မင်းကို လွမ်းလို့ ငါ မှားနေတာဖြစ်မှာပါ ရင်ထဲအမြဲ လွမ်းပါတယ် တမ်းတမ်းတတ နွမ်းလျှကြေကွဲ ရင်ထဲအမြဲ လွမ်းပါတယ် လွမ်းနေရတာ..ဘယ်သူသိမလဲ အမှားကင်းသူ နည်းပါတယ် နေ့စဉ်ရက်ဆက်လွမ်းနေရက်မို့ ဖော်ကွာဝေးသူ သိပါတယ် သူမသိပဲလဲ လွမ်းမိတယ် ရင်ဘက်ထဲမှာ အလွမ်းရှိတယ် တမ်းတမ်း တတ နွမ်းလျှကြေကွဲ လွမ်းနေမိတာ သူသိခဲ့ရင် ကျေနပ်တယ် လွမ်းတတ်သူက ငါပဲမို့လို့ ငါ့ အမှားသာ ဖြစ်လိမ့်မယ် လွမ်းမိတာ အပြစ်လား အပြစ်ဆိုရင် ရင်ထဲထိအောင် လှိုက်ဖိုမောလို့ ရှိုက်ငိုမိမှာ ငါလွမ်းမိလို့ ငါပဲမှားတာဖြစ်မှာပါ သံယောဇဉ်အစစ် တကယ်အချစ် ရှင်ခန်းဘယ်သူ ဖြတ်နိုင် မယ် လွမ်းခြင်းဘယ်သူ ကူနိုင်မယ် နောင်သံသရာ ဘ၀ ဘ၀ ၀ဋ်ကြွေး ရှိတာဆပ်နေတယ် မေတ္တာ သံယောဇဉ် နွယ်ပင်အလား ကပ်နေတယ် ငါ့ ရင်ထဲမှာနာနေတယ် သံယောဇဉ် အစစ်ဖြစ်နေတယ် လွမ်းခြင်း ဘယ်သူကူနိုင်မယ်......... မင်း မမှားပါဘူး အချစ်ရယ် အရာရာထက် မင်းကိုပို ချစ်မိ တဲ့ ကိုယ့်အမှားပါ အသဲရယ် မ..မ
Wednesday, June 19, 2019
နိုင်​ငံမိခင်​ကြီး​ဒေါ်​အောင်ဆန်းစုကြည် အ​​​တွက်​​မွေး​နေ့ဆု​တောင်း
နိုင်ငံမိခင်ကြီး ​​ဒေါ်အောင်ဆန်းစုကြည်
အမှတ်တရမွေးနေ့မှာ
စုမေတ္တာ စုသစ္စာ စုအကြင်နာ
ဖြိုးဝေလျှံ၍ ပေးဆပ်ခြင်းကြောင့်
အမြင့်မြတ်ဆုံးဖြစ်သော
ခန္ဓာ အေးငြိမ်းရာ
နိဗ္ဗာန်ပန်းတိုင်ထိတိုင်  တက်လှမ်းနိုင်စေ
ဆုမွန်ချွေသည်
လိုရာဆုတောင်းပြည့်စေသော်..
၇၄နှစ်​ မွေးနေ့မှစ၍
ကျန်းမာပျော်ရွှင် ဘေးရန်ကင်းပါစေ..
Wednesday, January 30, 2019
ညော်​မိ​နေ​သော ဦး​ဏှောက်​များ
ညှော်မိနေသော ဦးဏှောက်များ
စိတ်တော်ကြိုက် ခေါင်းတော်ညိမ့်
ညှော်မိနေသော ဦးဏှောက်များ
အဆိပ်သင့်နေသော သွေးများကြား
ဟန်ဆောင်နေသော ပါးစပ်ဖျား
ရန်ထောင်နေတဲ့ ဇာတ်စကားတွေရယ်
အကျင့်ဆိုးတွေ မောင်းထုတ်မရတော့
ဘယ်တိမ်း ညာယိမ်းလျှောက်နေပြီး
ဒဏ်ပိနေတဲ့ စိတ်တွေ
လျှော်ဖွတ်ပြီး ဆေးကြောသင့်ပြီ
Monday, January 21, 2019
ပြာသိုလပြည့်အမေများနေ့အမှတ်တရ ♥အမေ♥
♥အမေ ♥
♥အကြင်နာ ♥မေတ္တာ ♥
♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥
မွန်မြတ်လှတဲ့ မိဘမေတ္တာ
ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်
ကဗျာစာ အလင်္ကာ ဖွဲ့ ဆို ပြသ တုနိုင်းမရ
အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ
ပေးဆပ်ခြင်းအတိ သူ့တွက်မကြည့်
မကုန်နိုင်သော မေတ္တာရှင် ထာဝရ ကျေးဇူးရှင်
ဘ၀အဆက်ဆက် က မွေးသမိခင်
မေမေအချစ်ထူး ရွှေသွေးရင်နှစ် သားလှချစ်လေး
ရွှေသွေးရင်နှစ် သမီးလှချစ်လေး
မေ့မေ့သဲတုန်း ပူတူးတူးရယ် ခေါ်တဲ့အသံ နားဝလျှံသည်
ဘယ်လောက်ဆိုးဆိုး တစ်မျိုးတိုးကာ အချစ်ပိုသည်
ရွှေသွေးလေးအပေါ် နုသည့်အသား
ကိုက်သည့် ခြင် ယင် ရန်သူထင်သည်
အသားနုနု ဂွမ်းနှင့်ဥကာ
ရင်ဝယ်ကြာငုံ သားမြတ်စုံကို သွားနှင့်ခဲကာ ကိုက်ကာဆွဲရမ်း
နာသည့်ပုံဟန် မေ့မေ့ရုပ်သွင် ရှိခဲ့ပေမဲ့
သွေးမှမေတ္တာ ဆတိုးပွားကာ ဖွေးသည့်နို့ရည်
သားဝလေအောင် သမီးဝလေအောင် ရွှေသွေးနို့တိုက်မပျက်ပေ
ရွှေသွေးချစ်လေး ချေနှင်ကန်ကြောက် ကြောက်သည့်ချေထောက်
ပါးမှာကပ်ခါ နမ်းမ၀ပေ မေ့မေ့မေတ္တာစိမ့်စမ်းရေ
သားလှလေးနှင့် သမီးလှလေးကို စကားဆိုချော့မြူ
တေးဆိုချော့မြူ မွေးမေ အသံ စမ်းရေသံထက် သာယာလှပ
ရွှေသွေးရင်နှစ် ဖျားနာသည့်ခါ ရင်ဝယ်ပွေ့ပိုက်
ပျာယာခပ်မျှ စိုးထိပ်ပူပင် မပဒါ ပုံသွင် ရှိဘူးတယ်
ရွှေသွေးကျောင်းအပ် စာသင်တတ်စ
အိမ်အပြန်မှာ သူတပါးနိုင်စား ထိခိုက်လေမလား
အရှိုးအရာ ဒဏ်ရာပါလား အကြိမ်ကြိမ်အဖန်ဖန် စစ်ဘူးတယ်
အရွယ်ရောက်လည်း သားလှရွှေသွေး သမီးလှလေးတွေ
သူယုတ်မာဝေး သူတော်ကောင်းလေးတွေ ပေါင်းဖက်ပါစေ
ကျန်းမာပါစေ ချမ်းသာပါစေ ဆုတောင်းအခါခါ ချွေဘူးတယ်
မွေးမေ မေတ္တာ စိမ့်စမ်းရေနှင့် ပမာနိုင်းဆိုမပြောလိုဘူး
ထိုစမ်းနွေခါ ခမ်းသောကြောင့်
မွေးမေမေတ္တာ ပန်းရွှေကြာနှင့် ပမာနိုင်းဆို မပြောလိုဘူး
ထိုပန်းရွှေကြာ နွမ်းသောကြောင့်
မွေးမေ မေတ္တာ မြင့်မိုရ်တောင်နှင့် ပမာနိုင်းဆို မပြောလိုဘူး
ထိုမြင့်မိုရ်တောင် သေးလွန်းလို့
ချစ်ခင်မြတ်နိုး ပြုစုစောက့်ရှောက် ချစ်လွန်းတင်တာမေမေပါ
ဘယ်လိုပုံစံ မွေးဖွားလာလာ မွေးသမိခင်ကြည်နူးစွာနဲ့
ကျိုးကျိုး ကန်းကန်း ဆွံအ နားမကြား လက်ခံခဲ့တာ စံထားမမှီ ချစ်မြတ်နိုးတာမေမေပါ
ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရင် ကျောလေး ပွတ်သတ် ထွေးဖက်ထားပြီး နို့ချိုတိုက်ကြွေး ချော့ မြူပေးတာ မေမေပါ မွေးမေမေတ္တာ နိုင်းပြစရာ ရှာမတွေ့နိုင်ပြီ ဘီလူးမက စားဖို့ဆောင်ယူ သူတပါးသားကို ငိုကြွေးသောခါ ယုယကြင်နာ ချစ်လွန်းတင်၍ နို့ချိတိုက်ကျွေး မွေးခဲ့ဘူးသည် မိခင် တိုင်း၏ မေတ္တာပါ
မိခင် ထံပါး ဧည့်သယ်အလား ခဏနားခို အရိပ်နေနေ အခက်ချိုးချိုး ပြန်လိုမှပြန် နားချင်လာနား ပေးဆပ်ခြင်းနဲ့ချစ်ကြင်နာ မွေးမေ မေတ္တာစေတနာ
♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်း ပြိုင်ဘက်ကင်းသည် ဆပ်၍မကုန် ဤလူဘုံ မိခင်ဖခင်ကျေးဇူးရှင်ကို တဖန်ပြန်၍
ရင်ဝယ်သားပမာ စောင့်ရှောက့်စေချင်လှပါသည်။
စိတ် မှ ချိန်ခွင် အလယ်မှာထား မျှတစွာပဲ ချိန်ကြည့်လိုက်ပါ
မွေးမေ ဖက်မှ သာနေမှာ ကဗျာစာ အလင်္ကာ ဖွဲ့ ဆို ပြသ တုနိုင်းမရ
အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ မာတာမိခင်ကျေးဇူးရှင်ကို
လက်အုပ်ရှိခိုး ကန်တော့ပန်းဆင်သည်
ဤစာပေနှင့် မွေးမေကျေးဇူးဆပ်ခြင်းပါ။
Friday, December 29, 2017
ဒီဇင်ဘာ ထွက်သက်
* ဒီဇင်ဘာ ထွက်သက် *
စနိုးပွင့်လေး တွေနဲ့အတူ အလွမ်းတွေပျိုးလို့
မျှော်လင့်ခြင်းကောင်းကင် ဟန်ဆောင်ခြင်း တိမ်တိုက်တွေကြား
မုန်တိုင်းထန် နေတဲ့ နာကျည်းခြင်းပင်လယ်ဟာ
ငွေ့ရည်ဖွဲ့ပြီး ဒီဇင်ဘာ ထွက်သက်အဖြစ်
ဒဏ်ရာတွေအဖော်ပြုလို့ နှင်းမိုးတွေရွာချတယ်..
ကြယ်ကြွေတွေရဲ့ ငိုရှိုက်သံနဲ့အတူ သက္ကရာဇ်တွေ
တစ်နှစ်ပြီးတစ်နှစ်ချွေချွေချတယ်
ရက်စက်တတ်တဲ့ ဒီဇင်ဘာရယ်
မျှော်လင့်ခြင်း အိမ်မက်ကမ္ဘာမှာ
မင်းပေးတဲ့လက်ဆောင်တွေကို
စနိုးပွင့်လေးတွေ နှင်းမြူတွေနဲ့သီကုံး
ငါရဲ့အကြင်နာ မေတ္တာ  ငါ့ရဲ့အချစ်ဖြစ်ြေ့ပာင်းလဲပြီး
ငါရဲ့နှလုံးသားပြတိုက်မှာ ကမ္မည်းထိုး ချိတ်ဆွဲထားလိုက်တယ်..
သက္ကရာဇ်အသစ်မှာ ချယ်ရီပန်းတွေနဲ့အတူ
ငါ့ကောင်းကင်အပြာရာင်မှာ ကြည်နူးခြင်းတွေ ဖြစ်တည်
အေးမြငြိမ်းချမ်းပြီး သာယာလှပလို့
အရောင်အသွေးစုံလင် လှပတဲ့ ပန်းခင်း
ငါ့နှလုံးသား ခရမ်းရောင်အလွမ်းတောမှာ
အဖြူရောင်ဝတ်စုံလေးဝတ်ပြီး  သက္ကရာဇ်အသစ်ကို
လိပ်ပြာလေးတွေ ငြိမ်းချမ်းရေးငှက်လေးတွေနဲ့အတူ ကြိုဆိုလိုက်ပါတယ်..
ဟန်ဆောင်လောကမှာ အမှားတွေကိုချိုမြိန်စွာစားသုံး
အမှန်တရားဟာ သတ်ပုံမှားလို့ ခါးတတ်လွန်းတာကြောင့်
သက္ကရာဇ်အသစ်မှာ မာယာများတဲ့ အတ္တတွေကို ယူဆောင်မလာနဲ့နော်
ငါအမုန်းဆုံးဒီဇင်ဘာ ငါအချစ်ဆုံးဒီဇင်ဘာရယ်..
နာကျဉ်ခြင်း အလွမ်းတွေခင်းကျင်းပြီး ထပ်တူမရှိတဲ့အချစ်တွေနဲ့အတူ
ဒီဇင်ဘာရဲ့ ထွက်သက်ကို နုတ်ဆက်လိုက်ပါတယ်..
Tuesday, December 26, 2017
သည်ဆောင်းရင်ခွင်
ရာသီပြောင်း
သည်ဆောင်း ရင်ဝယ် တိုးဝှေ့တယ် ။
ဟေမာန်ဆောင်းနှင်း
မြူ မှုန်ခင်းကျင်း
စိတ်ခြင်းယှက်သွယ်လာခဲ့မယ် ။
နှောင်တွယ်မှုများ
ချစ်ခြင်းအား
လွမ်းသည့်ရင်မှာ သိမ်းထားတယ်။
Tuesday, May 2, 2017
လွမ်းမိသမျှ
 💘💔ချစ်ချင်းရယ်ဆုံ💜💔
ကံရယ်မကြုံ ရေစက်ကုန်
ချစ်ခဲ့သူတိုင်း ဝေးကွာမှုမှာ
နှလုံးသားချင်းက ချိတ်ဆက်မခွာ
စိတ်ချင်းရိုက်ခတ် သိနေတာ
လွမ်းမိသမျှ အက္ခရာစာချ
ချစ်ချင်းပန်းပွင့် ပွင့်နေတာ
အတိတ်ကံ လှည့်ဖျား
သစ္စာထား
မုန်းသွား မမေ့ပါ
စိတ်လွင့်သမျှ တသသပေါ့
ချစ်ရသူမို့ လွမ်းနေမှာ
ရည်းစားဦးမို့  ကြားဖူးသမျှ
အဖိုးအဖွားထိ မမေ့နိုင်တာ
ချစ်သူသိရန် စာစီညွန်းဖွဲ့
"စိတ်"ထိရှရ
အက္ခရာတင်ထား သက်သေပါ
အဝေးမှ" မေ "လွမ်းနေတာ..💔💜💝
နစ်နာသူများ
 နစ်နာသူများ👍👊👋👈👇☝
ကိလေသာကမ္ဘာကြီးထဲ
လောဘ ရမက်သမားတွေကြား
အတ္တဟာခဏခဏ အနိုင်ယူထား
မာနတွေမှာ အဆိပ်လူးထား
ရင်ဘတ်ချင်း စီးချင်းထိုး
စကားလုံးတွေနဲ့ ပစ်ပေါက်
စိတ်တွေကို ရိုက်ချိုးပြီး
အနုမြူကို ကိုင်ဆွဲထား
လောကဒဏ်ဟာ
အောင်သေအောင်သားစား✌👏
Thursday, March 2, 2017
တောင်သူလယ်သမားနေ့ဂုဏ်ပြုကဗျာ
 တောင်သူလယ်သမားနေ့ဂုဏ်ပြုကဗျာ
 ‘ထွာနံငယ် ခမောက်စုတ်နှင့်
လူလုပ်ကယ်တဲ့ ညံ့လိုက်တာ
ဆိုးတဲ့ ကံဟာ။
မိုးမရွာ မြေသာကွဲလို့
ခနဲ နှင့် ရေကိုတင်
ပန်းတဲ့ဖြစ်အင်။’
ရွှေဘို ဗုံကြီးသံ
‘မောင်း နှင့် ခူနင်း
ရေလျှင်သွင်း
ပျိုးခင်းကောင်းလျက်
မြောင်တောင် ဖျက်’
ဖျက်စု သံပေါက်
တောင်ဖီလာဆရာတော်
(မြန်မာ သက္ကရာဇ် ၉၄ဝ-၁ဝ၁၃)
လယ်မြေကောင်းလျှက်
ခရိုနီဖျက်
လယ်ယာကောင်းလျှက်
စီမံကိန်းဖျက်
ပျိုးခင်းကောင်းလျက်
ရာသီဖျက်
စပါးကောင်းလျှက်
ငါးမြှောင်တောင်ဖျက်
ဖျက်စု သံပေါက်
၂၀၁၁
မ..မ
yinminkhine.blogspot.com
Friday, December 23, 2016
ရင်ဝှက်အလွမ်း
သေသူသနားစရာလား ကျန်သူသနားစရာလား( ဖြစ်ရပ်မှန်)
ရပ်ကွက်ထဲမှာ ရှင်ပြုနားသအလှူမို့ ရပ်ကွက်ထုံးစံ ဝိုင်ဝန်းချက်ပြုတ် ကူညီလုပ်ဆောင်ပေးနေသောသူများကို အရက်တိုက်ကျတာထုံးစံပေါ့
မနက်ဖြန်ရှင်လောင်းလှည့်မည့်အိမ်မှာ ဆူညံပွက်လောရိုက်ခါ အော်ဟစ်ငိုကြွေးနေကျပြီး ရဲကားများ လူနာတင်ကားများရောက်လာပြီး
ရှင်အလှူအိမ်မှ အသုဘ အိမ်အဖြစ်ပြောင်းလဲသွားပါတယ်
ညီမ၏ယောက်ကျားကို အကို၂ယောက်နဲ့ သူမ၏ဖခင်က ခုတ်သတ်လိုက်တာပါ  မူးယစ်သောက်စားထားသောလင်ယောက်ကျားနှင့် မူးလာချိန်သွေးဆိုးတတ်သောအကိုတို့ မှ သူတို့၏ညီမအားညတိုင်း အရက်သောက်ပြီးအနိုင့်ကျင့်တာကို မကျေနပ်တာကိုညီငယ်မှပြောဆိုရာမှအကိုနှင့် အဖေပါဝင်ရောက်ပြောဆို စကားများကျရာမှ အရက်သမားတို့ထုံးစံအတိုင်း သမီးယောက်ဖစကားများရာမှ ထိုးနှက်ကျပြီး အလှူအတွက်ကျွေးမွေးရန် ချက်ပြုတ်နေသောနေရာမှ ဓားများအား ယူ၍
ထိုးနှက် ခုတ်လိုက်ကျတာဖြစ်လေသည်
ဆိုက်ကားသမား ငကျော်သေတော့ကန်စွန်းခင်းရေတိမ်တိမ်မှာ ရေနစ်သေသွားတာ
သူမိန်းမကတော့ပြောတယ် ငကျော်မသေခင် အရက်သောက်လာတိုင်း အရက်သမားမို့သေအေးတာပါပဲတဲ့
မသေခင် အရက်ကြောင်ကြောင်ပီးရူးလိုက်သေးတာ ကိုယ်တုံးလုံး အဝတ်မကပ်နဲ့ လျှောက်ပြေးနေလို့ ဆိုက်ကားသမားသူငယ်ချင်းတွေဖမ်းပြီးဆေးရုံပို့ဆေးကုပေးရသေးတာ
သူ့မိန်းမမှာ အရက်သမားလင်ဖြစ်သူကို ရောဂါရလာချိန်ပြစ်ထားမှာပြောခဲ့ပီး တကယ်ဖြစ်လာချိန်ကျတော့ ဆေးရုံနဲ့အိမ်ကူးချည်သန်းချည် အရက်သမားမယားဒုက္ခပေါ့ သေသွားတော့လည်း အရက်သမားရေသေမှာပေါ့အရက်သမားရဲ့နဲ့မျက်ရည်ကျနေရှာတယ်..
အရင်မာဆပ်လုပ်ခဲ့ဘူးသူဆိုတော့ လင်သေတော့လည်း အသိအကျွမ်းမိတ်ဆွေတွေကဖိတ်ခေါ်လျှင် အိမ်တွေလည်ပီးနှိပ်နယ်ပေးတဲ့အလုပ်လုပ်နဲ့ သူဝမ်းသူ ရှာစားနေရတယ်
သူနဲ့အတူအရက်သောက်ဖော် သောက်ဖက်ဝင်းဇော်လည်း နဂိုမူလရုပ်က လူကောင်ကပိန်သေးသေး အရက်သမားတို့ထုံးစံအတိုင်း ကိုယ်တွေဖောရောင်လိုက် မျက်လုံးဝါလိုက် ဖောလာလိုက် ဗိုက်ပူလာလိုက်နဲ့
သေရှာပြီ အရွယ်ရှိသေးတဲ့သူမိန်းမနဲ့သမီး၂ယောက်ကိုတော့ အိမ်ပိုင်ရှင်ခမျာသနားလို့ စောင်မကြည့်ရှု့ပေးထားတယ်
ရပ်ကွက်ထဲကအထည်ကြီးပျက် မိသားတစ်စုဟာအိမ်ထောင်ဦးစီးကအရက်သောက်ပီး အရက်ကြောင်ကြောင်ရူးနေလို့ ဆေးရုံခဏခဏပို့နေရပီး ဆေးရုံကနေပြန်လာချိန်ဆိုအိမ်ပြန်ရောက်တာနဲ့ သူမိန်းမကို လင်ငယ်နေတာ ဒါကြောင့်သူ့ကိုဆေးတွေတိုက် ဆေးရုံပို့နေတာဆိုပီး အော်ဟစ်ဆဲဆို နေ့မအိပ်ညမအိပ်သောင်းကျန်းဆူညံနေတော့ သူသားခမျာဖအေဖြစ်သူအရူးကိုထိမ်းထားချိန် ထိမ်းသိမ်းလို့မရဖြစ်လာချိန်တွေမှာ ပြောဆိုရိုက်နှက်မိတော့ အချိန်ကြာလာတော့အခုတော့သားဖြစ်သူပါရူးလာပီးစိတ်မူမမှန်တော့လို့ ဆေးကုနေရတာ ဖအေကို ရိုက်လို့အကုသိုလ်ခံရတာလား စိတ်မူမမှန်သူအရူးနဲ့ ကြာကြာနေရလို့ဖြစ်တာလားဆိုတာတော့ သူမိန်းမခမျာမှာ ဘာမှနားမလည်ချင်တော့ပါဘူး စိတ်မူမမှန်သူ၂ယောက်ကို
ဆေးကုလိုက်ရရာအလုပ်လုပ်ပြီးရှာဖွေလိုက်နဲ့မြင်နေရတယ်
ရွာကမောင်ထူးဆို တောင်သူဆိုတော့ စပါးကြိုပေးယူ အရက်သောက် သူလုပ်ကိုင်လို့ရလာတဲ့စပါးတွေကို
စပါးကြိုပေးဆပ်နဲ့  စပါးပေါ်တဲ့အချိန်ကျလို့သူများတွေ စပါးရိပ်သိမ်းချွေလှေ့
စပါးကျည်ထဲသိမ်းချိန် သူခမျာ ထွက်တဲ့စပါး အရက်ဖိုးပြန်ဆပ်နေရတာနဲ့
သူစပါးကျည်ဟာ ဟောင်းလောင်းဖြစ်နေတယ် မိဘတွေကစကားနည်းလို့ တောရွာဓလေ့ မသိကျိုးကျင်ပြုပေမယ့် အသက်အရွယ်ငယ်သေးပေမယ့် လောကအရက်သမားတို့ထုံးစံအတုင်း ဖောရှောဖြစ်ပြီးမသေခင်နာမကျန်းဖြစ် ယောက်ကျားတန်မဲ့ သူခမျာ ဗိုက်ပူပီးသေသွားရှာတယ်
ဦးတိုးကြီးညီဦးမိုးကတော့ အရက်သောက်တော့ သွေးတိုးပြီး လေဖြတ်လို့
ခုထိရှိသေးတယ် လမ်းလျှောက်လာချိန်ဆိုပိုလီယိုရောဂါသယ်လို သူခမျာ လိမ်ကောက်လို့ပေါ့
သူနဲ့အတူသောက်ဖော်သောက်ဖက်တစ်ယောက်ကတော့ လေဖြတ်အိပ်ရာထဲလဲပြီး ချေးပေ သေးပေနဲညစ်ပေနံစော်စွာ အချိန်တော်တော်ကြာနေရပြီးသေသွားရှာတယ်
 ရပ်ကွက်ထဲမှာအဝတ်လည်လျှော်ဖွတ်နေတဲ့မမြခမျာလည်းသနားစရာ
သူလင်အရက်သမားကိုစိတ်မချဘူး သူမှာသမီးကတစ်ယောက်ထဲမွေးထားပီး
သူ့ယောက်ကျားက သူမရှိတဲ့ချိန် အရက်မူးအိမ်ပြန်လာချိန်နဲ့ သူသမီးလေးကျောင်းပြန်လာချိန်ကို မူးမူးနဲ့ အရွယ်ရောက်နေတဲ့သမီးဖြစ်သူကို အင်္ဂလိပ်ဇာတ်ကားတွေထဲကလိုနမ်းနေတာ ဘေးအိမ်ကပြောပြလို့သူခမျာ
ရင်တမမနဲ့ စိတ်ပူပီးအဝတ်သာရပ်ကွက်ထဲလိုက်လျော်နေတာ အိမ်ကလင်နဲ့ သမီးကို စိတ်ကမဖြောင့်ဘူးဖြစ်နေရှာတယ်
သမီးလေးတွေကျောင်းမှာလည်း ကျောင်းသူလေးတစ်ယောက် မူးလဲလို့
ဆရာမက ဆေးခန်းလိုက်ပို့တော့ ကျောင်းသူလေးမှာ ကိုယ်ဝန်ရှိနေတာမို့ ဖြစ်ခဲ့တာ ဘယ်သူနဲ့လည်း ဆရာမခမျာ  ချော့မေးတော့ မကြားဝံ့မနာသာ သူအဖေနဲ့လို့ပြောတော့ ဆရာမထိန့်လန့် တုန်လှုပ်ပီး သူ့အမေကိုအကြောင်းကြား ကျောင်းသူအမေကိုမေးကြည့်တော့
သူယောက်ကျားကအရက်မသောက်တတ်ပါဘူး ရာထူးတက်လို့ နေရာပြောင်းရတော့ သူငယ်ချင်းတွေကိုကျွေးမွေးနုတ်ဆက်တော့ သောက်စားမိပြီး အဲ့ဒီညမှာသူအဖေကမူးမူးနဲ့ မိန်းမနဲ့သမီးလွဲ အိပ်မိတာတဲ့
သူတို့မိသားစုက သမီးလေးတစ်ယောက်ထဲရှိတာမို့ မိသားစု အတူတူအိပ်တာခွဲမအိပ်ကျဘူးတဲ့အရက်သောက်လာတော့ မကြားဘူးမဖြစ်ဘူးတာတွေ ဖြစ်ကုန်တာပေါ့ အဲ့ဒီ့အချိန်ကစလို့ မိသားစုလိုက်ပြောင်းရွေ့သွားကျတာခုထိပုံပြင်တပုဒ်ဖြစ်ကျန်ခဲ့ပါတယ်
မူးရူးသောက်စား ကားမောင်းကားတိုက် ကားပေါ်ပါသူသေကျေ မောင်းသူသေ
မူးယစ်သောက်စား အုပ်စုဖွဲ့ပြသနာရှာ ထိုးနှက် သတ်ဖြတ်
မူးယစ်သောက်စား မိသားစုချင်း ပြသနာတက် သတ်ဖြတ်
မူးရူးသောက်စား အမိသတ် အဖသတ်  ညီအကိုချင်းသတ်
မူးယစ်သောက်စား အမိကို မုဒိန်းကျင့် အရွယ်မရောက်သော ကလေးသူငယ်ကို မုဒိန်းကျင့်
မူးယစ်သောက်စား မိသားစုအား ခုတ်သတ်နဲ့ အရက်သမားမိသားစုများအား
သေသွားသူကိုသနားရမှာလား ကျန်ခဲ့သူကိုသနားရမှာလား
(ဖြစ်ရပ်မှန်)
Friday, December 16, 2016
ရင်ထဲထိစေ
ရင်မှာဆွေးနေ
လွမ်းတွေးဝေချိန်
စိတ်တေလေဟာ ချစ်သူရှိရာ
တိမ်နဲ့အတူလွင့်မျောသည်
ချစ်သူမြင်သိ ရင်ထဲထိစေ
လမင်းထံပါး အလွမ်းလေးတွေချိတ်ထားသည်
ကြယ်ရောင်ပျိုးပြက် ညနက်နက်မှာ
မျှော်ရည်မှန်းဆ အလွမ်းတေးတွေသီထားသည်..
Sunday, August 7, 2016
8888 လေးလုံးနာကျည်းသံ
💙👄Valentine💋💙 နေ့တဲ့လားကွယ်
ကိုယ်က လူချစ်လူခင်ပေါလွန်းတော့
ဖျာအောက်ဝင်ပုန်းအိပ်မို့ လုပ်နေတုန်းကို ဖုန်းမည်သံလေးကြားလို့
အမြန်အပြေးအလွှားလေးဖုန်းကိုင်လိုက်ချိန်မှာ
ဟလို  ဟလို  လက်ဆောင်လာပေးခိုင်းလို့ပါခင်ဗျ လင်းလက်ကွမ်းယာဆိုင်နားကစောင့်နေမယ် အခုလာယူပေးပါဗျာ
ဘယ်ကပေးခိုင်းတာလည်း ဘာပစ္စည်းလည်းဆိုတော့ ဘာမှန်းမသိဘူးခင်ဗျ
လူကြုံပေးခိုင်းလို့ ယူလာပို့ပေးတာပါတဲ့  မြန်မာသံလည်းမပီ ရှမ်းသံဝဲဝဲလေးနဲ့
ဘယ်ကမှန်းလည်းမသိ  ဘာပစ္စည်းမှန်းလည်းမသိ  ပါဆယ်ပစ္စည်းတဲ့
ဒီခတ်ကြီးလာပေးတိုင်းမယူရဲဘူး တော်ကြာ ထကွဲနေမှဒုက္ခ (ဗုံးပြောပါတယ်)
အေးအခုလာပြီ ခဏစောင့်ဆိုပြီး လမ်းထိပ်က ကွမ်းယာဆိုင် အမြန်လေးသွားတော့ ကွမ်းယာဆိုင်နဲ့ခပ်လှမ်းလှမ်းလေးရောက်ချိန်မှာ အရပ်မြင့်မြင်နဲ့ အသားဖြူဖြူ အသက်၂၈နှစ်လောက်
ကောင်လေးတစ်ယောက်က စူးစူးစိုက်စိုက်ကိုယ့်ကိုကြည့်ပြီး လက်ယပ်ခေါ်လိုက် သူ့ကိုယ်သူရင်ဘတ်လေးပုတ်ပြလိုက်နဲ့ လုပ်နေတာ သူနဲ့လည်းကိုယ်ကမသိ မင်းငါ့ကိုအစောနက ဖုန်းလှမ်းဆက်သူလား မေးလိုက်တော့
အသံဝဲဝဲလေးနဲ့ ဟုတ်ခင်ဗျာ လက်ဆောင်လေးလာပေးခိုင်းလို့ပါခင်ဗျာဆိုပြီး
ဒီချောကလက်လေးကို သူရဲ့ဆိုင်ကယ်ပုံးလေးထဲကနေယူပြီးပေးတယ်
ဘယ်သူပေးခိုင်းလည်းသိလားဆိုတော့လည်း မသိဘူးခင်ဗျတဲ့
အာ့ဖြင့် ပေးခိုင်းသူကိုရောမြင်ဘူးလားဆိုတော့လည်းမသိဘူးခင်ဗျတဲ့
ဘာမေးမေး မသိဘူးကိုတွင်တွင်သုံးနေတော့တာမို့ အေးပါပေးပို့ခိုင်းသူကိုတော့မြင်ဘူးလားဆိုတော့မှ ဟုတ်ကဲ့တဲ့
အခုတစ်ခါပဲသိဘူးတာ မြင်ဘူးတာပါခင်ဗျတဲ့
အာ့နဲ့ စိတ်ကခပ်မြန်မြန်ဆိုတော့ ချောကလက်ဗူး လေးလှမ်းယူရင်းနဲ့
ပေးခိုင်းသူက ချောလား လှလားမေးလိုက်တော့  ဖြေတာများမြန်ချက်လှတယ်ခင်ဗျ ချောတယ်ခင်ဗျတဲ့
အင်္ကျီ အနီရောင်လေးနဲ့ လှတယ်ဗျာတဲ့
အော်...
ကိုယ်နဲ့မဆိုင်ဘူးထင်ထားတဲ့နေ့လေးတစ်နေ့ဟာ ဘဝမှာ အမှတ်ထင်ထင်နေ့တစ်နေ့ဖြစ်လာတယ်
အချစ်တွေဟာ ကိုယ်မသိလိုက်တဲ့အချိန်မှာ
တိတ်တိတ်လေးရောက်လာပြီး အဝေးကိုပြန်ထွက်ပြေးလို့
ဝေးသွားပြန်တယ်ကွယ်
💙Valentine 💙တဲ့လားကွယ်
အချစ်တွေနဲ့အတူ
တူတူပုန်းလိုက်ဦးပေါ့ကွယ်
💙💝💝💝💘💘💘💖💖💖💗💗💗💙
💓ချောကလက်ဗူးလေးမြင်လိုက်ချိန်မှာ💓
💓လှပ်ကနဲတုန်💓ရင်ခုန်သွားတဲ့ နှလုံးသားလေး 💓တုန်လှုပ်သွားတာကို
သက်ဆိုင်သူကြားသိနိုင်ပါစေ💓
အမှန်တရ ချစ်လက်ဆောင်အဖြစ် ချောကလက်လေးပေးပို့
သူလေး ကျန်းမာပျော်ရွှင် ဘေးရန်ကင်းပပြီး
သူတော်ကောင်းနှင့်တွေ့ဆုံ၍ သူယုတ်မာတွေဝေးပါစေ
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပြည်စုံ၍ ကောင်းမှုတောင်းဆုပြည့်ပါစေ..
ချစ်လက်ဆောင်အဖြစ် မေတ္တာ ပို့သပေးလိုက်ပါတယ်..
မိသားစုများအားလုံး ကျန်းမာပျော်ရွှင်ပါစေ..
Tuesday, August 2, 2016
ကမ္ဘာကြီးထဲကဖေ့ဘုတ် ရွာကြီးထဲက ဖေ့စ်ဘုတ်( Facebook)
ကမ္ဘာကြီးထဲကဖေ့ဘုတ် ရွာကြီးထဲက ဖေ့စ်ဘုတ်( Facebook)
မြန်မာစကားပျက်သွားတဲ့ ဖေ့ဘုတ်
အလှတအားတက်သွားတဲ့ ဖေ့ဘုတ်
ဘဝတအားပျက်သွားတဲ့ ဖေ့ဘုတ်
အလုပ်များပျက်သွားတဲ့ ဖေ့ဘုတ်
လူချင်းချိန်းတဲ့ ဖေ့ဘုတ်
အပူသတင်းပေးတဲ့ ဖေ့ဘုတ်
အကူအသင်းပေးတဲ့ ဖေ့ဘုတ်
ယူတာသတင်းပေးတဲ့ ဖေ့ဘုတ်
လှူတာသတင်းပေးတဲ့ ဖေ့ဘုတ်
ကွာတာ ပျာတာ ဖာဒါ သတင်းပေးတဲ့ ဖေ့ဘုတ်
ပျိုမသိ အိုမသိ ကလေးသူငယ်မသိ ကြောင်တတ်တဲ့ ဖေ့ဘုတ်
လှောင်တတ်တဲ့ ဖေ့ဘုတ်
ဆယ်ဖီ စက်စီ ဝေစီတဲ့ ဖေ့ဘုတ်
တရားဘဝနာ ဆေးဝါးဖွေရှာတဲ့ ဖေ့ဘုတ်
အတင်းရောတတ်တဲ့ ဖေ့ဘုတ်
သတင်းပြောတတ်တဲ့ ဖေ့ဘုတ်
ထမင်းစားရင်းပြောတတ်တဲ့ ဖေ့ဘုတ်
ဈေးရောင်းတဲ့ဖေ့ခ်ဘုတ် အကျွေးတောင်းတဲ့ ဖေ့ဘုတ်
ကမ္ဘာအဝေးနီးစေတဲ့ ဖေ့ဘုတ်
ပုံတွေတင်ပီး အမြည်းစေတဲ့ ဖေ့ဘုတ်
ကဗျာ စာပေ ဝေစည်တဲ့ ဖေ့ဘုတ်
အထာနဲ့ဆဲတဲ့ ဖေ့ဘုတ်
ကမ္ဘာကြီးထဲကဖေ့ဘုတ် ရွာကြီးထဲက ဖေ့ဘုတ်
ဘဝတစ်ခုလှစေတဲ့ ဖေ့ဘုတ် ပရဟိတမျှဝေတဲ့ ဖေ့ဘုတ်
ဘာသာ သာသနာကမ္ဘာဖြန့်တဲ့ ဖေ့ဘုတ်
ဖေ့ဘုတ်နဲ့အိပ်ယာဝင် ဖေ့ဘုတ်နဲ့နိုးထ
အိမ်သာထဲထိ အချိုးကျ  ဖေ့ဘုတ်ဟာ သူတို့ဘဝ
Sunday, July 31, 2016
လောကပါလပျက်စီးခြင်း
လောကပါလ ပျက်စီးခြင်း
ကျွန်းမသိ
 တောမသိ
 တောင်မသိ
လယ်မသိ
ယာမသိ
ကမ်းမသိ
 မြစ်မသိ
တန်ဖိုးမရှိသူ
တန်ဖိုးမသိ
စုံလုံးကမ်းများ
ကျေးဇူးရှင်ကိုပြစ်မှား၏
တော တောင် မြေငို
ကမ်းတွေပြို
လယ်ယာတွေပျောက်
ကုမ္ပဏီဆောက်
 မြစ်ကိုပြင်လို့မြေရေစို
ရေရှိရာ  ရေပျောက်
မြေရှိ  ယာ သီးနှံပျောက်
အိမ်ရှိရာ ကုပ္ပဏီဆောက်
အငတ်ဘေးနဲ့
ကပ်ဘေးရောက်
တိုင်းပြည် လူမျိုးပျောက်
သဘာဝကြီး မျက်ရည်ယို
သယံဇာတ ကျိမ်စာဆို
သမုဒ္ဒရာအောက်
လူတွေရောက်
ယူတာ မှန်သမျှပျောက်။
သိမ်းရောင်းလောက
မြေ ပိုင်ရှင်မရှိ  မြေသိမ်း
ယာ ပိုင်ရှင်မရှိ  ယာသိမ်း
မြစ် ပိုင်ရှင်မရှိ  မြစ်သိမ်း
သိမ်းရောင်းလောက
သိခြင်းတွေနဲ့
မသိခြင်းတွေနဲ့ ဘောင်ခတ်
အမည်တတ် ရယူ
 နေတွေ ပူ
လိုချင်သမျှ လောဘတွေဟာ
အဆိပ်ငွေ့အဖြစ်
 ကောင်းကင်ပျံ့ တက်
အဆိပ်ရေတွေသောက်
လူတွေဂေါက်ပေါ့
သူရူးတိုင်းပြည်ဖြစ်နေတာ
အများမိုးခါးရေသောက်
လိုက်သာသောက်ကြ
ဒါမှအတူတူ အနူနူ
လူ ထူထူများဖြစ်ကြမှာ..
Wednesday, June 29, 2016
စိတ်
စိတ်
ရာသီကပူ
လူငွေ့ကပူ
စိတ်တွေကအပူအိုး
တော်တော်ဆိုး
စိတ်ထား
ယုတ်ညံကြလို့
ကပ်ချင်ရာကပ်ကြတော့
ကပ်ဆိုက်နေတာ..
ကပ်ရမှာကတရားတော်မိန့်ထားတဲ့အတိုင်း
မေတ္တာ
နှလုံးသားနားကပ်ပြီးထားရမှာ
ကပ်နေတာက
အကုသိုလ်စိတ်
အမှားများသောနေရာ
ခင်မိခင်ရာ မြင်မိမြင်ရာပါ..
အမှောင်ထဲကလူသား
ဘောင်ထဲကအယူမှား
ဘောင်ခတ် ထားတဲ့လောကကို
ဘောင်ထဲကကြည့်နေပေမယ့်
အနားသပ်က မလှပဘူး
Monday, June 27, 2016
နှောင်ဖွဲ့ခြင်း
အလွမ်းတွေဟာ မပျိုးပဲရှင်သန်ပြီး 
စိတ်ကိုနှောင်ဖွဲ့ထားတယ်
ချစ်သူလက်ဆောင်
အလွမ်းတစ်ခြင်း ပန်းတစ်ခြင်းနဲ့
ချစ်သူရှိရာ အရောက်လှမ်းလို့
လွမ်းအိပ်မက်တွေ ယူလာတယ်
ရင်ခုန်သံတွေ ထည့်ထားတယ်
ပျော်ရွှင်ခြင်းတွေ ထည့်ထားတယ်
ကြည်နူးခြင်းတွေ ထည့်ထားတယ်
ချစ်သူလက်ဆောင် ပန်းလက်ဆောင်နော်
ချစ်ခြင်းအပြည့်ပါလာတယ်
multiply သတိရခြင်းအမှတ်တရ
Sunday, May 10, 2015
ဤကမ္ဘ္ဘာမှာ
အသွေးအသားထဲမှ
ချစ်လို့မဝ ရှု့လို့မညည်း
မမြင်သေးသည့် ဝမ်းကြာပိုက် ရှိ
 ရင်သွေးအတွက် စိုးစိတ် ပူပင်
 မွေးဖွားကြီးပြင်း ရင်သွေးအပေါ်
 တွယ်တာချစ်စိတ် ရစ်ပါတ်ခါနော်
 သားမြေးအထိ မေတ္တာသက်ဝင်
ကြင်နာမှုပေး မေတ္တာတေး
 ပေးဆပ်ပြီးတော့ရှင်သန်သူဟာ
ဤကမ္ဘာမှာ အမေမှလွဲ၍ ရှာမတွေ့ပါ့
Tuesday, April 14, 2015
နှစ်သစ်ကောင်းမှုတေးကဗျာ
နှစ်သစ်မှအစပြု မကောင်းမှုများပျောက်စေချင်
စိတ်ကောင်းလေးများဝင် စိတ်ယုတ်မာ သူလူဆိုး
သံသရာအထိသူကဆိုး  ဟိုတမျိုးဒီတမျိုးသူ့ရဲ့အချိုး
ပြောင်းလဲစိတ်အမျိုးမျိုး စိတ်ကိုပြင်အစဉ်လှ
ရှုတိုင်းယဉ်ပေစွ စိတ်ကောင်းရှိသူလူအများတွင်
ကြင်နာတတ်မှုပြယုဒ်ထင် နိုင် ငံခေါင်းဆောင် သူစံထား
တိုင်းပြည်အမြန်ကောင်းစား လူကို လူလို့မြင် ချိန်တွင် လူအစစ်ဖြစ်ပြီထင်
အ ပေါ်ဖား အောက်ဖိ တိရစ္ဆာန်သိ လူကိုလူလိုကြည့်
စိတ်အညစ်အကြေးဖြူအောင်ဆေး နှစ်သစ်ကောင်းစားရေး
မေတ္တာဆုတောင်းပေး ရေလိုအေးလို့ပန်းလိုမွှေး နှစ်သစ်ကောင်းမှုတေး
Sunday, September 28, 2014
လေပြေငိုချိန်
 နေညိုရီချိန် လွမ်းနင့်နင့် မလှမ်းဝံလို့
 အဝေးမှပဲမျှော်တော့မည်..
လေပြေငိုချိန် အလွမ်းဆင့်၍
 သခင်အတွက်မို့ မေတ္တာလက်ဆောင် ပါးလိုက်သည်..